Wednesday, March 16, 2011

ပြီးခဲ့တဲ့ မတ်လ(၅)ရက် စနေနေ့ မနက်ပိုင်းက An-148 အမျိုးအစား လေယာဉ် ပျက်ကျရာမှာ သေဆုံးသွားတဲ့ ရုရှားနိုင်ငံသား လေယာဉ်အမှုထမ်းများရဲ့ ဈာပနအခမ်းအနား (သတင်း၊ ရုပ်သံ)

အတိုချုံးပေါ်ချင်တာ ဒီမှာရေး

Thursday, March 17, 2011




ပြီးခဲ့တဲ့ မတ်လ(၅)ရက်နေ့က ပျက်ကျခဲ့တဲ့ ရုရှားလေယာဉ်မှုး လေးဦးအား ဤသို့ နိုင်ငံတော် ဈာပန အခမ်းအနားနဲ့ မြို့လူထု ထောင်ပေါင်းများစွာမှ တက်ရောက် လွမ်းသူ ပန်းခွေချ အလေးပြုခဲ့ကြပါတယ်..။
မြန်မာစစ်အာဏာရှင် အာဘော် သတင်းစာတွေမှာတော့ စစ်တပ်အတွက် တာဝန်ထမ်းဆောင်ရင်း သေဆုံးသွားတဲ့ လေတပ်အရာရှိတွေပင် ဖြစ်လင့်ကစား... အဆိုပါ အဖြစ်ဆိုးအား သာမာန် အဖြစ်အပျက်ပုံစံ ဖော်ပြထားခြင်းဟာ အာဏာရှင်တွေရဲ့ လိုရင်လိုသလို မလိုရင်မလိုသလို အသုံးချတတ်တယ်ဆိုတာကို ဖော်ပြနေတာပါပဲ....။
ပျက်ကျခဲ့တဲ့ An-148မလေယာဉ်မှ လေယာဉ် အစိတ်အပိုင်း တစ်ခု


BBC Russia သတင်းပါ ရုရှားဘာသာဖြင့် ထုတ်ပြန်တဲ့ ဈာပနအခမ်းအနားနဲ့ လေယာဉ်ပျက်ကျသတင်း (ရုပ်သံ)
ရုပ်သံသတင်း ဒေါင်းလုပ် လုပ်ချင်ရင် 
ပြီးခဲ့တဲ့ မတ်လ(၅)ရက် စနေနေ့ မနက်ပိုင်းက မော်စကိုမြို့ရဲ့ တောင်ဘက် မိုင် ၃၅၀အကွာ Belgorodဒေသမှာ ပျက်ကျခဲ့တဲ့ ရုရှားနိုင်ငံလုပ် An-148အမျိုးအစား လေယာဉ်ပျက်ကျရာမှာ မြန်မာလူမျိုး လေယာဉ်မှုး နှစ်ဦးဖြစ်တဲ့ ဒုဗိုလ်မှူးကြီး ထိန်လင်းအောင် လေ-၂၂၅၂ တေဇ-၂၂ အသက် (၃၇) နှစ်နဲ့ ဗိုလ်မှူး ဇော်ထွန်းအောင် လေ-၂၂၅၇ တေဇ-၂၂ အသက် (၃၇)နှစ် တို့အပါအဝင် ရုရှားလူမျိုး Test Pilot တစ်ဦး၊ Navigator တစ်ဦးနဲ့ လေယာဉ် အင်ဂျင်နီယာ ၂ဦးပေါင်းခြောက်ဦး သေဆုံးခဲ့ရပါတယ်..။

အဆိုပါ လေယာဉ်ပျက်ကျရာမှာ သေဆုံးသွားတဲ့ ရုရှားနိုင်ငံသား လေးဦးရဲ့ ဈာပနအခမ်းအနားအား မတ်လ(၉)ရက်နေ့က ပြုလုပ်ခဲ့ရာ လေယာဉ်ကုမ္ပဏီမှ အုပ်ချုပ်သူများ အပါအဝင် မြို့ခံ လူထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြပါတယ်...။ အဆိုပါ An-148အမျိုးအစား လေယာဉ် ပျက်ကျမှုကြောင့် သေဆုံးသွားသူ တစ်ဦးချင်းစီရဲ့ ကျန်ရစ်သူ မိသားစုများအတွက် အဆိုပါ လေယာဉ်ကုမ္ပဏီမှ ရုရှားရူဘယ် ၁သန်းနဲ့ညီမျှတဲ့ အမေရိကန်ဒေါ်လာ (၃သောင်း၅ထောင်စီ) အား ပေးအပ်သွားမှာ ဖြစ်ကြောင်း ဖော်ပြပါရှိပြီး... သေဆုံးသွားသူ မြန်မာလေတပ်မှ လေယာဉ်မှုး(၂)ဦးအား မြန်မာပြည်သို့ ပြန်လည် သယ်ဆောင်သွားခြင်း ရှိမရှိကိုတော့ သတင်းတွေမှာ ဖော်ပြထားခြင်း မရှိပါဘူး..။ 

လေယာဉ်ပျက်ကျမှုရဲ့ အကြောင်းအချက်တွေ များစွာအား ဖော်ထုတ်သိရှိရပြီး အဓိက အချက်ကတော့ မြန်နှုန်းပြ မီတာ ချိုယွင်းချက် ဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်..။ အဆိုပါပျက်ကျခဲ့တဲ့ An-148လေယာဉ်ဟာ လွန်ခဲ့တဲ့ ၂နှစ်ခန့်ကတည်းက မြန်မာစစ်အစိုးရမှ မြန်မာလေတပ် အတွက် မှာယူထားတဲ့ လေယာဉ်(၂)စီးဖြစ်ပြီး မြန်မာနိုင်ငံသို့ မပို့ဆောင်ခင် စမ်းသပ်မောင်းနှင်စဉ်မှာ ပျက်ကျခဲ့ခြင်းဖြစ်ပြီး ရောင်းချသည့် လေယာဉ် ကုမ္ပဏီမှ အစားထိုး လေယာဉ်တစ်စီး ပြန်လည် ပေးအပ်မည် ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်...။ လေယာဉ်အမှုထမ်း (၆)ဦး စလုံးသေဆုံးခဲ့ရတဲ့ အဆိုပါလေယာဉ်ပေါ်ပါ မြန်မာနိုင်ငံသား လေတပ်အရာရှိ လေယာဉ်မှုး နှစ်ဦး၏ သတင်းအား မြန်မာစစ်အစိုးရ အာဘော် သတင်းစာများ၌ မထင်မရှား အရေးမကြီးသည့် ပုံစံ ဖော်ပြပါရှိပါတယ်..။ တာဝန်ထမ်းဆောင်ရင် သေဆုံးသွားသူ လေယာဉ်မှုး (၂)ဦး၏ နာရေးသတင်းအားလည်း ရုတ်တရက် သေဆုံးသည်ဟု ဖော်ပြရမည့်အစား သာမာန်သေဆုံးသည့် ပုံစံ သတင်းအမှောင်ချ လက်လွတ်စံပယ် ဖော်ပြခဲ့ပါတယ်...။

သတင်း.... ဒီမိုဝေယံ (ရုရှားသတင်းဋ္ဌာနပါ သတင်းများအား အကျဉ်းချုပ် ရေးသားပါသည်)

No comments:

Post a Comment