Sunday, March 27, 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ကျင်းပတဲ့ (၆၆)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနား (ကြေငြာချက်၊ ဓာတ်ပုံ၊ သတင်း)


ယနေ့နံနက်(၁၁)နာရီ အချိန်၌ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်၌ (၆၆)နှစ်မြောက်ဖက်ဆစ်တော်လှန်ရေးနေ့အား ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု)ဥက္ကဌဦးတင်ဦး၊ အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်၊ ဘဘဦးဝင်းတင်နှင့် အဖွဲ့ချုပ်မှCEC အဖွဲ့ဝင်များနှင့် အဖွဲ့ချုပ်အဖွဲ့ဝင်များ၊ နိုင်ငံတကာသံရုံးများမှ သံအမတ်များနှင့် သံတမန်ရေးရာဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ချီးမြှင့်ခဲ့ ကြပါသည်။ အခမ်းအနားကျင်းပရာ၌ သာဘာပတိအဖြစ် (ဒု)ဥက္ကဌဦးတင်ဦးမှ ဆောင်ရွက်ပြီး၊ အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်မှ ဖခင်ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်
ခဲ့သော တပ်မတော်အပေါ်၌ ယနေ့အချိန်အထိ ချစ်ခင်မြတ်နိုးဆဲပင်ဖြစ်ကြောင်း၊ ယခုတက်ရောက် ပေါ်ထွက်လာမည့် အစိုးရသစ်နှင့်လည်း အမျိုးသားရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေး ပြောဆိုလိုပါကြောင်း၊ သဘာပတိအဖြစ် ဆောင်ရွက်သောဥက္ကဌဦးတင်ဦးမှ တချိန်တခါက မိမိသည်လည်း တပ်မတော်သားတစ်ဦး ဖြစ်ခဲ့ကြောင်း၊ တပ်မတော်ကို ယနေ့ထက်တိုင် သံယောဇဉ် ရှိနေသေးကြောင်း၊ မိမိတို့နှင့် လက်ရှိစစ်အစိုးရ တို့တွေ့ဆုံ ဆွေးနွေးညှိနှိုင်းရေးကို နွေေးထွးစွာ ဖိတ်ခေါ်ကြိုဆိုပါကြောင်း အသီးသီးပြောဆိုသွားခဲ့ကြပြီး အခမ်းအနားကို နေ့လည်(၁၂း၁၀)အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။ (၆၆)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေး နေ့အခမ်းအနားသို့ ကြွရောက်လာကြသော ဧည့်သည်တော်များ၊ အဖွဲ့ချုပ်ပါတီဝင်များအား အဖွဲ့ချုပ်လူငယ်များမှ တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေပြီး၊ သီးစုံပဲကုလားဟင်း၊ ငါးခြောက်ထောင်းကြော် တို့ဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သိရှိရပါသည်။

ဓာတ်ပုံ ... ဒီမိုဝေယံ
(၆၆)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့

No comments:

Post a Comment