Saturday, March 19, 2011

ငလျင်ဒဏ်နဲ့ ဆူနာမိရေဘေးဒဏ်ခံခဲ့ရတဲ့ ဂျပန်ပြည်သူများအတွက် တတ်အားသရွေ့ ကူညီပံ့ပိုးပေးကြပါရန်...

ဆူနာမိ ရေဘေးဒဏ်ခံ ဂျပန်ပြည်သူများ ဆိုးရွားလှတဲ့ ရာသီဥတုအောက်မှာ ဤသို့... ဓာတ်ပုံများ (Asahi)
ဂျပန်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ မြန်မာလူမျိုး အပေါင်းတို့အား ကရုဏာတရား ပွားများနိုင်ပါရန် အသိပေး အကြောင်းကြားအပ်ပါသည်။

ငလျင်ဘေးဒဏ်၊ ဆူနာမီဘေးဒဏ် ခံစားနေရရှာသောသူများအား လူသားချင်း စာနာ ထောက်ထားသောအားဖြင့် တတ်အားသမျှ အကူအညီများ ပေးသင့်သည်မှာ လူသားတိုင်း၏ တာဝန်ဖြစ်လေသည်။ မိမိတို့သည် ထေရဝါဒ ဗုဒ္ဓဘာသာဝင်များ ဖြစ်သည့် အားလျော်စွာ ရှင်တော်မြတ်ဘုရားမှလည်း မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တရားလေးပါးကို အမြဲတစေ လက်ကိုင်ထားသင့်ကြောင်း ဟောကြားတော်မူခဲ့ရာ ယခုအခါ သနားကရုဏာ ဖြစ်နေကြရသည့် အခါဖြစ်ပါသည်။ ထိုသို့သနားကရုဏာ ဖြစ်သည့်အခါမှာလည်း စိတ်ထဲကသနားနေခြင်း၊ နှုတ်မြွက်၍ သနားနေခြင်းသည် စစ်မှန်သောကရုဏာတရား မဖြစ်ပေရာ ဘုရားရှင်ဟောကြားတော်မူသော ကရုဏာတရား မိမိရင်ဝယ်ပွားများသည့် အနေအားဖြင့် အမှန်တကယ် ဒုက္ခတရားတွေနှင့် တွေ့ကြုံနေရရှာသော ငလျင်ဘေးဒဏ်ခံ၊ ဆူနာမီဘေးဒဏ်ခံ ဂျပန်ပြည်သူ ပြည်သားများအား တတ်အားသမျှ မိမိတို့ ထေရဝါဒ ပရိယတ္တိကျောင်းတော်(MCWA)မှ ကမကထပြု၍ ကုလိုလ်ပြု လှူဒါန်းလိုပါသည်။ အားလုံးသော မြန်မာလူမျိုး များမှလည်း တတ်အားသမျှ လှူဒါန်းမှု ပြုကြပါရန် အများအကျိုးမြော်နှိုးဆော် တိုက်တွန်းအပ်ပါသည်။ လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် ထေရဝါဒ ပရိယတ္တိကျောင်းတော် (MCWA) အောက်ပါလိပ်စာသို့ ဆက်သွယ်လှူဒါန်းနိုင်ပြီ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ 

ဆက်သွယ်ရန်လိပ်စာ။ ။ ဆရာတော် ဦးသြဘာသ--ထေရဝါဒ ပရိယတ္တိကျောင်းတော် (MCWA)
ITABASHI-KU ----NAKACHO 39-1-----POST NUMBER 173-0022
PHONE 03-3973-3348----- MOBIL 080-4171-9333----- MAIL… (mcwanmtba@gmail.com)..
ဘဏ်မှ တိုက်ရိုက် ဆက်သွယ်လှူဒါန်းလိုလျှင် အောက်ပါဘဏ်လိပ်စာသို့ လွှဲပြောင်းလှူဒါန်းနိုင်ပါသည်။
BANK INFORMATION
ACCOUNT NAME ------MCWA
ORDINARY A/C NO---2115650
BRANCH---------------OOTSUKA
BANK—----------------MIZUHO BANK
မှတ်ချက်။ ။ မိမိတို့ လှူဒါန်းလိုသည့် အကြောင်းအရာကို ရေးသားပေးပါရန်နှင့် လက်ဆင့်ကမ်း အကြောင်းကြားပေးပါရန်။

ဝိမုတ္တိသုခ
www.vimuttisukha.com
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဂျပန်သံရုံးရှေ့မှာ ငလျင်ဒဏ်နဲ့ ဆူနာမိရေဘေးဒဏ်ခံခဲ့ရတဲ့ ဂျပန်ပြည်သူများအတွက် ဖယောင်းတိုင်ထွန်းပြီ ဆုတောင်းပွဲ အခမ်းအနား ပြုလုပ်ပေးခဲ့ကြပါတယ်...
 



No comments:

Post a Comment