Monday, March 21, 2011

ငလျင်ဒဏ်ခံရပြီး ၁၀ရက်မြောက်နေ့မှာ အသက်(၈၀) အဖွားဖြစ်သူနဲ့ အသက်(၁၆)နှစ်အရွယ် မြေးဖြစ်သူတို့အား ကယ်တင်နိုင်ခဲ့တဲ့ သတင်းနဲ့ နျူကလီးယား ဓာတ်ပေါင်းဖို နောက်ဆက်တွဲ သတင်း.. (ရုပ်သံ)

 ၁၀ရက်ကြာ ပြိုကျနေတဲ့ နေအိမ်နဲ့ အမှိုက်တွေ အောက်မှာ ပိတ်မိနေပြီး ၂၀ရက်နေ့က ရဟတ်ယာဉ်ဖြင့် တင်ဆောင် ကယ်တင်လာတဲ့ အသက်(၈၀)အရွယ် အဘွားဖြစ်သူနဲ့
အသက်(၁၆)နှစ်အရွယ် မြေးဖြစ်သူတို့အား ရဟတ်ယာဉ်ဖြင့် ဆေးရုံသို့ သယ်ဆောင်လာစဉ် မြင်ကွင်း... 

နှစ်ထပ်နေအိမ်ရဲ့ ဒုတိယထပ် မီးဖိုချောင်မှာ ထမင်းစားနေစဉ် ဆူနာမိ ရေလှိုင်းများ ရုတ်တရက် တက်ရောက်လာပါတယ်..။ နေအိမ် နှစ်ထပ်အထိ ရေလှိုင်းများ ဝင်ရောက်လာကာ မီးဖိုခန်းနှင့် ပစ္စည်းများ ပြိုကျ ပျက်စီးခဲ့ပြီး.. မြေးအဘွား နှစ်ဦးရှိနေတဲ့ အခန်းဟာလည်း ရေလှိုင်းတွေနဲ့ အတူ မီတာ၁၀မီတာ ကျော်လောက်အထိ မျောပါသွားခဲ့ပါတယ်..။ ရေနဲ့အတူမျောပါသွားပြီး ပြိုကျပျက်စီးသွားတဲ့ ကျဉ်းမြောင်းတဲ့ မီးဖိုခန်းရဲ့ နေရာလေးအတွင်းရှိရေခဲသေတ္တာထဲမှ နွားနို့၊ ကိုကာကိုလာ၊ ဒိန်ချဉ်နဲ့ ရေကိုသောက်သုံးပြီး ရေမစိုတဲ့ ဆောင်ကိုပတ်ကာ ကယ်ဆယ်မဲ့သူကို စောင့်မျှော်နေခဲ့ရပါတယ်..။ ဘေးပတ်ဝန်းကျင်မှ အိမ်တော်တော်များများကတော့ ရေနဲ့ မျောပါသွားပါတယ်..။ ၂၀ရက်နေ့မှာတော့ ကယ်ပါဆိုတဲ့ အသံကို ကြားရတဲ့ ရဲဝန်ထမ်းများမှ အမှိုက်သရိုက်တွေ ဖုံးလွှမ်းနေတဲ့ အိမ်ရဲ့အောက်ခြေနားမှာ မြေးဖြစ်သူအား စတင်တွေ့ရှိခဲ့ပြီး အမှိုက်သရိုက်များကို ဖယ်ရှားကာ အောက်မှာရှိနေတဲ့ အဘွားဖြစ်သူ ကိုပါကယ်ဆယ်ခဲ့တာ ဖြစ်ပါတယ်..။ (အကျဉ်းချုပ် ပြန်ဆိုပါသည်)
(ဓာတ်ပုံ Asahi ၂၀ရက်နေ့ ညနေ ၅နာရီ ၇မိနစ် မြင်ကွင်း)


ANN သတင်းဋ္ဌာန ရုပ်သံ
ငလျင်ဒဏ်နဲ့ ဆုနာမိရေလှိုင်းဒဏ်ခံရတဲ့ မီယာဂီခရိုင် အိရှိမါကီမြို့ရဲ့ ပြိုကျနေတဲ့ အဆောက်အဦးနဲ့ အမှိုက်သရိုက်တွေအောက်မှ အာဘဲစုမိစန် အသက်(၈၀) အဘွားဖြစ်သူနဲ့ အာဘဲဂျင်းစန် အသက် (၁၆)နှစ်အရွယ် မြေးဖြစ်သူ တို့အား ၂၀ရက်နေ့ ညနေ(၄)နာရီမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်..။
မြေးအဘွား(၂)ဦးဟာ ငလျင်လှုပ်ခတ်ပြီးနောက် ပြိုကျနေတဲ့ အဆောက်အဦးနဲ့ အမှိုက်သရိုက်တွေ အောက်က ကျဉ်းမြောင်းလှတဲ့ Space ကြားမှာ ရေခဲသတ္တာအတွင်းမှ ရေနဲ့ ဒိန်ချဉ်များကို စားသောက်ရင်း ကယ်တင်မယ့်သူကို စောင့်မျှော်နေခဲ့ကြပါတယ်..။ အဆိုပါ မြေးအဘွား (၂)ဦးဟာ အခြေအနေ ကောင်းမွန်ပြီး စကားပြောဆိုနိုင်ကြောင်းနဲ့ စတင်တွေ့ရှိရချိန်မှ စ၍(၁)နာရီအတွင်း ကယ်ထုတ်နိုင်ခဲ့ပြီး အိရှိမါကီမြို့ဆေးရုံသို့ ရဟတ်ယာဉ်ဖြင့် သယ်ယူ ပို့ဆောင်ခဲ့ကြောင်း ကြေငြာသွားပါတယ်..။ ယခုလက်ရှိ ငလျင်ဒဏ်နဲ့ ဆူနာမိဒဏ်ကြောင့် သေဆုံး၊ ပျောက်ဆုံးသူပေါင်း ၁သောင်း ၉ထောင်ကျော် ရှိပြီဖြစ်ကြောင်း သိရှိရပါတယ်..။

မြန်မာအသိုင်းအဝန်းမှ လူမှုရေး စေတနာရှင်များမှလည်း ခေါက်ဆွဲခြောက် အထုပ်ရေ (၅၀၀၀) ထောင်ခန့်အား လာမယ့် အင်္ဂါနေ့မှာ အဆိုပါ ငလျင်ဒဏ်နဲ့ ဆူနာမိဒဏ်ခံဒေသများမှ ပြည်သူများအား သွားရောက် လှုဒါန်းမည်ဟု သိရှိရပါသည်...။


ဒီမိုဝေယံဘလော့မှ  ကူးယူတင်ပြသည်။

No comments:

Post a Comment