Sunday, March 27, 2011

ဘုန်းကြီးသတ်တာသူလဲပါနိုင်တယ်..နိုင်ငံချစ်စိတ်..မျိုးချစ်စိတ်နှင့် ရှိသည့်တာဝန်..အစဉ်ကျေပွန်အောင်..... ၆၆နှစ်မြောက်တပ်မတော်နေ့အားဂုဏ်ပြုလျှက်..

နိုင်ငံချစ်စိတ်..မျိုးချစ်စိတ်နှင့် ရှိသည့်တာဝန်..အစဉ်ကျေပွန်အောင်.....
၆၆နှစ်မြောက်တပ်မတော်နေ့အားဂုဏ်ပြုလျှက်..
ရှေတန်းစွန်ဖျား..တောတောင်ကြားဝယ်.
ကျားကို...ခလုတ်.ငုတ်ကိုသင်ဖြူး.
ဆူးကိုမွေ့ရာ..စွဲမှတ်ကာလျှင်..
ပြည်ရွာအကျိုး..စစ်ဆင်ထိုးလျက်..
အရိုးကြေကြေ..အရေခန်းခန်း.
ယောင်ယမ်းမလွန့်..နောက်မတွန့်ဘဲ..
သက်စွန့်ကြိုးပမ်း..ကြွေသည့်ပန်းတို့.
သိန်းသန်းမက..ရှိခဲကြ၏
သွေးခြင်းခြင်းနီ..ဒဏ်ရာသည်ပင်
နာသည်မထင်..တိုက်ပွဲဝင်လျက်..
အစဉ်မွှေးနေ..ဂုဏ်မသေသည့်..
စစ်ဆွေသူရဲ..သတ္တိခဲတို့..
ရှင်မြဲရှင်ကာ..သမိုင်းမှာလျှင်
ကမ္ဘာအံ့မျှ..ကျော်ခဲ့ကြ၏
ကိုယ့်တိုင်းပြည်ရွာ..စောင့်ရှောက်ကာရန်..
မွေးရာပါသည့်..တာဝန်ရှိလျှက်..
ရှိသည့်တာဝန်..စဉ်ကျေပွန်အောင်..
အားသွန်ကြိုးပမ်း..နိုင်စွာထမ်းသည့်..
လူစွမ်းကောင်းများ..မျိုးချစ်များကြောင့်..
ခန့်ညားရဲရင့်..ပြည့်ဂုဏ်တင့်၏
ကမ္ဘာတခွင်..
နှိုင်းယှဉ်ဆက်စပ်.ဘယ်စစ်တပ်မျှ
ဒို့တပ်ကိုပြိုင်..မမီနိုင်အောင်..
နိုင်ငံချစ်စိတ်..မျိုးချစ်စိတ်နှင့်..
ပြည့်သိမ်ထုံမွမ်း..ပြည်ချစ်ပန်းတို့..
ပွင့်လန်းဝေဆာခဲ့သည်တကား
မကြွေမနွမ်း.ပြည်ချစ်ပန်းတို့.
ပွင့်လန်းလျက်ပေ..ဝေမြဲဝေကာ..
ဒို့မြေဒို့ယာ..ဒို့ရပ်ရွာကို.
ကာကွယ်ဆောက်တည်..ရှေ့တိုးချီခဲ့
ဝီရမျိုးဆက်.ဂုဏ်မပျက်အောင်..
ကမ်းလက်ဆင့်ပြောင်း..သမိုင်းကြောင်းဝယ်..
သားကောင်းတစ်ယောက်..ကျောက်ကောင်းတစေ့..
ဖြစ်စေ့ရည်သန်ကောင်းမွေခံလျက်..
ရဲမာန်ဝင့်ချီ..မြန်မာပီစွာ.
သာကီမင်းမျိုး.မော်ကွန်းထိုးလျက်..
ဝေဖြိုးတက်နေ..ထွန်းစေသတည်း.
မြေမိုးသက်သေ..ညွှန်းစေသတည်း.
By: အလွမ်း ပုံပြင်

No comments:

Post a Comment