Tuesday, April 12, 2011

ဂျပန်ဖူကူရှီးမား နျူးကလီးယား ရေဒီယိုဓာတ်သတ္တိကြွမှုအဆင့် ၇သို့ တိုးမြှင့် သတ်မှတ်...



ဖူကူရှီးမား နျူးကလီးယား ဓာတ်ပေါင်းဖို ၁၂ရက်နေ့ မြင်ကွင်းများ..
Fukushima Daiichi nuclear power outlet building fire sampling. Originally the roof was lost in the tsunami, it was believed to be bare-unit 6 at 1:40 am 12 provides Toukyoudenryoku

Building of Fukushima Daiichi nuclear power outlet samples after a fire early Friday morning at 7 = 12, provides Toukyoudenryoku
Fukushima Daiichi nuclear power plant near, heavy equipment to remove the debris contaminated by radioactivity. Workers do not ride, you are using a wireless remote control-06 shooting, providing Tokyo Electric Power (April 12, 2011 morning)




ဖူကူရှီးမား ညူကလီယား အကျပ်အတည်းဟာ ပိုမိုမြင့်မားလာနေတယ်လို့ ဆိုလို့ရပါတယ်။ အကြောင်း ကတော့ ဂျပန်အစိုးရက ရေဒီယိုဓာတ် သတ္တိကြွတဲ့ဒြပ်တွေ ယိုစိမ့်ပျံ့နှံ့မှုဟာ ၁၉၈၆ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ချာနိုဘိုင်းလ် ညူကလီယား ဓာတ်ပေါင်းဖိုပေါက်ကွဲမှုကနေ ယိုစိမ့်ထွက်ခဲ့တဲ့ ရေဒီယိုဓာတ်သတ္တိကြွမှုနဲ့ ပမာဏနဲ့ တူညီတဲ့ အတွက်လို့ဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်အစိုးရက ဖူကူရှီးမားစက်ရုံ တ၀ိုက်ဒေသမှာ ညူကလီယား ဓာတ်ရောင်ခြည်သင့်မှုဟာ ဆိုးရွားလှတဲ့ အဆင့်ကိုရောက်နေတဲ့အတွက် နိုင်ငံတကာစံနှုန်း သတ်မှတ်ချက် အဆင့် ၇ အထိ တိုးမြှင့်လိုက်တာဖြစ်ပါတယ်။ ဒီအတွက် ဂျပန်အစိုးရအဖွဲ့အတွင်းဝန်ချုပ် ယုကိအို အဲဒါ့နိုက အဆင့် ၇ ကို တိုးမြှင့်လိုက်တာနဲ့ပတ်သက်ပြီး ဖူကူရှီးမား ဓာတ်အားပေးစက်ရုံ အနီး ဒေသမှာနေထိုင်ကြတဲ့သူတွေကို တောင်းပန်လိုက်ပါတယ်။

အခုလို စံနှုန်း (စိုးရိမ်အဆင့်)ကိုမြှင့်တင်လိုက်တာဟာ ချာနိုဘိုင်းလ် ညူကလီးယားဘေး သင့်ခဲ့သလိုမျိုး မဟုတ်ဘူးလို့ဆိုပါတယ်။ ဒီကြားထဲ တိုကျိုမြို့ရဲ့ ရှင်းဘားရှိ ဘူတာနားမှာ ဖူကူရှီးမားခရိုင် အီဝါးကိ မြို့ပတ်ဝန်းကျင်က ထွက်တဲ့ ဟင်းသီးဟင်းရွက်တွေကို ရောင်းချတဲ့ပွဲကို ယုကိအိုအဲဒါ့နိုသွားရောက်ပြီး စတော်ဘယ်ရီသီးတွေစားပြ ဟင်းရွက်တွေဝယ်ပြတာတွေလုပ်ခဲ့ပါသေးတယ်။
ဒီလိုအခြေအနေကိုကြည့်လို့ရှိရင် ဂျပန်အစိုးရဟာ ညူကလီယားအန္တရာယ်နဲ့ပတ်သက်ပြီး ပြည်သူလူထု အကြားမှာ ထိတ်လန့် တုန်လှုပ်ချောက်ခြားမှုတွေမဖြစ်အောင် တဖြည်းဖြည်းချင်းနဲ့ လုပ်ဆောင်နေတဲ့ သဘော သက်ရောက်နေပါတယ်။

ကျိုတိုတက္ကသိုလ် ညူကလီယားဓာတ်ပေါင်းဖိုဌာနက ညူကလီယားရူပဗေဒပညာရှင် ပါမောက္ခ ဟီရိုနိုဘူ အူနဲဆာကိ က အစိုးရက ဒီလိုမျိုးဘေးအန္တရာယ်အဆင့်ကို တိုးမြှင့်လိုက်ပေမဲ့ စိုးရိမ်စရာမလိုပါဘူးလို့ ပြော ပါတယ်။ ဘာကြောင့် သူဒီလိုပြောရသလဲဆိုတာကို ”ယိုစိမ့်ပျံ့နှံ့ခဲ့တဲ့ ရေဒီယိုဓာတ်သတ္တိကြွမှုတွေဟာ အကျပ်အတည်းစဖြစ်စ ကာလဖြစ်တယ်ဆိုတာနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ကျန်းမာရေးကို တိုက်ရိုက် ထိခိုက်စေနိုင်တဲ့ အနေအထားမရှိဘူး” ဆိုပြီး ထောက်ပြခဲ့ပါတယ်။ သူက တိုင်းထွာရရှိတဲ့ အချက်အလက် တွေအားလုံးကို သုံးသပ်ပြီး ဓာတ်ပေါင်းဖိုကို ကောင်းကောင်း ထိန်းသိမ်းကွပ်ကဲနိုင်ပြီလို့ပြောလိုရတယ်လို့ ဆိုပါတယ်။ အဲဒီလိုပြောတဲ့အတွက် ယိုစိမ့်တဲ့ပမာဏ သိသိသာသာ များပြားတာမျိုး မရှိဘူးဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလို့ ဆိုပါတယ်။

အစိုးရအဖွဲ့အတွင်းဝန်ချုပ်နဲ့ ပါမောက္ခတို့ရဲ့ပြောဆိုချက်တွေက ဂျပန်နိုင်ငံတွင်းပြည်သူတွေ အထူးသဖြင့် ဖူကူရှီးမား ဓာတ်အားပေးစက်ရုံဒေသတ၀ိုက်က လူတွေရဲ့စိုးရိမ်စိတ်တွေကို လျော့ကျစေဖို့ဆိုတဲ့သဘော သက်ရောက်နေတဲ့အပြင် ရှင်းလင်းပြတ်သားစွာပြောဆိုတာမျိုးမလုပ်တဲ့အတွက် သံသယမျက်စိနဲ့ ကြည့်လိုသူတွေအတွက် မယုံကြည်နိုင်တဲ့အနေအထားကို ရောက်စေပါတယ်။ TEPCO အရာရှိတဦးက ရေဒီယိုဓာတ်သတ္တိယိုစိမ့်ပျံ့နှံ့မှုတွေဟာ လုံးဝမရပ်သေးတဲ့အတွက် အဲဒီလို ယိုစိမ့်ပျံ့နှံ့တဲ့ပမာဏဟာ ချာနိုဘိုင်းလ် အဆင့်ကိုရောက်လာမလား ဒါမှမဟုတ် ကျော်လွန်သွားမလား ဆိုတာကို စိုးရိမ်တယ်လို့ပြောပါတယ်။ ညူကလီးယားဘေးကင်းရေး ဆိုင်ရာအေဂျင်စီရဲ့ ပြောဆိုချက်ကတော့ ယိုစိမ့်ပျံ့နှံ့တဲ့ ပမာဏဟာ ချာနိုဘိုင်းလ်ရဲ့ ၁၀% ပဲရှိပါတယ်လို့ ဆိုပါတယ်။

ဗြိတိန်နိုင်ငံ Surrey တက္ကသိုလ်မှ ရူပဗေဒပါမောက္ခ ပက်ဒီရေဂင် က ဂျပန်အစိုးရရဲ့ အဆင့် ၇ စံနှုန်းကို မြှင့်လိုက်တယ်ဆိုတာက သဘာဝပတ်ဝန်းကျင်ထဲကို ရေဒီယိုဓာတ်သတ္တိကြွတဲ့ဒြပ်တွေ အတော်ကို ပျံ့နှံ့ နေတယ်ဆိုတဲ့သဘောလို့ ပြောပါတယ်။ ချာနိုဘိုင်းလ်လို အဆင့်တူပေမဲ့ တကယ်တမ်းတော့ မတူပါဘူး လို့ဆိုပါတယ်။ ပျံ့နှံ့တဲ့ ပမာဏနည်းတာရယ်။ ပျံ့နှံ့တဲ့နည်းလမ်း မတူညီတာရယ်ကြောင့်လို့ ပြောပါတယ်။ သြစတြေးလျားနိုင်ငံမှ ညူကလီယားဘေးကင်းရေး ဆိုင်ရာကျွမ်းကျင်ပညာရှင် ဒွန်ဟစ်ဂ်ဆဲန် က ”ကျနော့် အတွက်ကတော့ ဖူကူရှီးမားကို ချာနိုဘိုင်းလ်နဲ့ တတန်းတည်း သတ်မှတ်တယ်ဆိုတာဟာ ဘာမှအဓိပ္ပာယ် မရှိဘူး” လို့ ပြောဆိုပါတယ်။

ကျော်ကျော်စိုး

၂၁း၁၂ နာရီ

ဧပြီ ၁၂ ရက်၊ ၂၀၁၁ ခုနှစ် သတင်း ဒီမိုဝေယံ

No comments:

Post a Comment