Thursday, April 28, 2011

ရန်ကုန်မြို့တော်အတွင်း ကြွတ်ကြွတ်အိတ်များ ပိတ်ပင်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့က ဧပြီ ၂၁ ရက်နေ့ က ရန်တိုင်မြို့အတွင်း တွင်ကျယ်စွာအသုံးပြု လျှက်ရှိသည့် ကြွတ်ကြွတ်အိတ်နှင့် ပလစ်စတစ်ကြိုးခွေများကို ရောင်းချခြင်းမပြုရန် တရားဝင်ထုတ်ပြန် ကြေညာခဲ့ပါသည်။
ရန်ကုန်မြို့တွင်း စတိုးဆိုင်များ ၊ ကုန်ဆိုင်ဆိုင်များအတွင်း ကြွတ်ကြွတ်အိတ်နှင့် ပလစ်စတစ်ကြိုးခွေများ ရောင်ချတာတွေ့ရှီပါက ဧပြီ ၂၂ ရက်နေ့ကနေစတင်ပြီ အရေယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပါ သည်။
ရန်ကုန်မြို့တော်စည်ပင်သာရေးမှ တာဝန်ရှိသူတစ်ဦးက “ ၂၁ ရက်နေ့ကတည်းက ကျနော်တို့ မရောင်းချ ဖို့ ဆိုင်တွေကို တရားဝင်ထုတ်ပြန်ပြီးသားပါ။ နောက်ပိုင် ဆိုင်တွေကိုလိုက်လံစစ်ဆေးပြီ လိုက်နာဆောင်ရွက် ခြင်းမပြုတဲ့ဆိုင်တွေကို အရေယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဘယ်နေ့ ကွင်းဆင်းစစ်ဆေးမယ်ဆိုတာကို တော့အတိကျမသိသေးပါဘူး” ဟုပြောသွားပါသည်။
ထို့အပြင် အရောင်းဆိုင်များတွင် ရောင်းချရန် တင်ပို့ထားသော ကြွတ်ကြွတ်အိတ်နှင့်ပလစ်စတစ်ကြိုးခွေများ ကိုသက်ဆိုင်ရာ ကုမ္မဏီတွေက ပြန်လည်သိမ်းစည်းပြီ တရားဝင်ထုတ်လုပ်ခွင့်ပေးထားတဲ့ ပလစ်စတစ် အိပ် အပျော့တွေနဲ့ပြန်လည်လဲလည်းပေးသွားဟု သိရပါသည်။
သဘာဝပတ်ဝန်ကျင်ကိုဆိုးရွားစွာပျက်စီးစေသော ကြွတ်ကြွတ်အိတ်တွေကို တစ်ကမ္ဘာလုံးနှင့်နိုင်ငံတစ်ဝှမ်း မှဆန့်ကျင်မှုပြုလုပ်လာသလို မြန်မာနိုင်တွင်လဲ ၂၀၀၉ တုန်းက မန္တလေးမှာ ကြွတ်ကြွတ်အိတ် များကို ရောင်းချခြင်းမပြုရင် ဆိုင်များကိုပြောဆိုခဲ့ပြီ စက်ရုံများကိုပါ ပိတ်ပစ်ခဲ့သည်။

No comments:

Post a Comment