Saturday, April 9, 2011

ဒိန်းမတ်ကျောင်းသားများ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ

မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ International High School က ဆရာမတဦးနဲ့ ကျောင်းသူကျောင်းသား ၁၂ ဦးတို့ မနေ့က မွန်းလွဲပိုင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ကြကြောင်း သိရပါတယ်။

(Photo: www.nldburma.org)
ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ International High School မှ ကျောင်းသူကျောင်းသားများ ၂ဝ၁၁ ခုနှစ် ဧပြီလ ၈ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ်။ (Photo: www.nldburma.org)
အဲဒီလို တွေ့ ဆုံရာမှာ ကျောင်းသူကျောင်းသားတွေက ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်တွေ အကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ စိတ်ဝင်တစား ဆွေးနွေးခဲ့ကြတယ်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။


“အဲဒီကျောင်းက Globaliaztion ဘာညာ အစရှိတဲ့ နိုင်ငံတကာ ဗဟုသုတတွေကို လေ့လာသင်ကြားတဲ့ ကျောင်းဖြစ်တဲ့အတွက် ကလေးတွေက Globaliaztion အပါအဝင် နိုင်ငံတကာနဲ့ ပတ်သက်တဲ့ကိစ္စတွေ အထွေထွေ အတွင်းရေးမှူးကို မေးကြတယ်လို့ သိရပါတယ်”


အဲဒီ ကျောင်းသားတွေထဲမှာ နော်ဝေးနိုင်ငံက ၂ ဦးနဲ့ အိုက်စလန် နိုင်ငံသား ၂ ဦး ပါဝင်တယ်လို့ ဆိုပါတယ်၊၊ ဆွေးနွေးပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျောင်းသားတွေက အာဖရိက တေးသီချင်းတပုဒ် သီဆိုခဲ့ကြပြီး မှတ်တမ်းတင် ဓာတ်ပုံတွေလည်း ရိုက်ယူသွားခဲ့ကြတယ်လို့ သိရပါတယ်။http://www.rfa.org/burmese/news/

No comments:

Post a Comment