ထာဝရ နှင်းဆီ (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည်
(မောင်မောင်ဝမ်း )
ပန်းဆိုတာ နွမ်းတတ်တယ်
ပန်းဆိုတာ ညှိုးတတ်တယ်
ဒါပေမဲ့……
မညှိုးတဲ့ ပန်း…မနွမ်းတဲ့ နှင်းဆီဆိုတာ ရှိတယ်…
အဲဒါ……ထာဝရ နှင်းဆီ
ဒေါ်အောင်ဆန်းစုကြည်က သူ့ဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းထက် နှစ်ဆသာသွားပြီ … ဟုတ်တယ်…. နှစ်ဆသာသွားပြီ...
ဗိုလ်ချုပ်ကျဆုံးသွားတော့ သူ့အသက်က ၃၃ နှစ်ပဲရှိသေးတယ်လေ။ အခု အန်တီစု အသက်က ၆၆ ဆိုတော့ ဘာပဲဖြစ်ဖြစ် ဖခင်ဗိုလ်ချုပ်ထက်တော့ လူ့ဘ၀မှာ နှစ်ဆနေခွင့် ရသွားပြီ..။ (နေခွင့်ရသွားပြီလို့ ပြောလိုက် တာက နေခွင့်မရအောင် ကြိုးစားတဲ့သူတွေ ရှိလို့ပါ)
အငြိုးအတေးများနဲ့ ဦးနေ၀င်း ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အသံကြားရင် ဒေါသတွေမွှန်လာတတ်တဲ့ န.၀.တ အတွင်းရေးမူး (၂) ဗိုလ်ချုပ်ကြီး တင်ဦး သေနပ်နဲ့သေအောင် ပစ်သတ်ခိုင်းတဲ့ …. ဗိုလ်ချုပ်မြင့်အောင် တုတ်နဲ့လူမဆန်စွာ ရိုက်သတ်ခိုင်းတဲ့…. ဗိုလ်ချုပ် စိုးဝင်း သူတို့တတွေ သူတို့တတွေ ငရဲပြည်မှာ ဆုံစည်းနေကြရင် တကမ္ဘာလုံးမှာ ခြိမ့်ခြိမ့်သဲ ကျင်းပတော့မဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို ကြည့်ရင်း ဒေါသတွေနဲ့ ကျိန်ဆဲနေရှာရော့မယ်……။
“တို့တွေကသူ့ကို မသေသေအောင်သတ်တာ ….သူကမသေဘူး…..ငါတို့ကအရင် သေကုန်ကြတယ်….. အောင်မာ…၆၆ နှစ် မွေးနေ့ပွဲတောင် ကျင်းပနေပါ့လား…. တောက် ”
သူတို့ထက် ပိုခံစားရမှာက မကျယ့်တကျယ်နဲ့ နေနေရတဲ့ ဗိုလ်ချုပ်ထွန်းကြည် တို့ကျော်ဘ တို့လိုလူတွေ ထောင်ထဲ မနေရယုံတမယ် နေနေရတဲ့ …… မာယာများတတ်တဲ့….. ဗိုလ်ချုပ် ခင်ညွန့်လိုလူတွေ..
သူတို့တတွေကတော့ ပြောနေရော့မယ်…. .“လူကြီးသူမတွေပြောတဲ့… ဆံကေသာဆို တာ ဒါမျိုးများလား.. ရိတ်လေ.. သန်လေတဲ့… ရိတ်တဲ့သူတွေသာ အရိတ်ခံလိုက်ရတယ်… ဆံကတော့ သန်ဆဲပါပဲလား……”
နေပြည်တော်ဆိုတဲ့ အရပ်ဒေသရဲ့….. လုံခြုံရေး အစောင့်ရှောက်များ (ေ နာက်များ မကြာမှီ သူတို့တတွေဟာ ထောင်ဝန်ထမ်း အစောင့်များလည်း ဖြစ်လာကောင်း ဖြစ်လာနိုင်ပါသည်) ကြားက စံနန်းတော်ကြီး ပေါ်မှာ ဗိုလ်ချုပ်မူးကြီးဟောင်း သန်းရွှေ ကတော့……..ဖြစ်ပျက် တရားကိုရှုရင်း…….
ဖြစ်လာခဲ့တဲ့ အရာတွေဟာ ပျက်တော့မှာ ပါ့လား…. ဆိုတဲ့ သံဝေဂ လေသံအပြည့်နဲ့ မြည်တွန် နေဆဲ……။ အာရုံ ထဲမှာ သူ့လူတွေက သူ့ကို အာဏာဖီဆန် တော့မယ့် နိမိတ်ပုံရိပ်…. သူသတ်ခဲ့တဲ့ သံဃာတော်တွေရဲ့ ခြောက်လှန့်နေမူ့များကြားက အော်…. မစုတောင်….. ၆၆နှစ်ပြည့်ြ ပီပဲ…. ငါတို့လည်း နေ၀င်ချိန်နီး ပါပေါ့.. ဆိုပြီးသင်ခန်းစာတွေ ရေ နမလား……. အတိုက်အခံဆို လက်ညှိုးထိုးကောင်း ယုံလောက်ထား.. ကျန်တာရှင်း.. တလက်မ မှတက်မလာစေနဲ့ဆို….ဒေါသစိတ်တွေ နဲ့ ကန်လန့်ကာ နောက်ကွယ်က မုန်ယိုနေမလား။
ဘယ်လိုပဲဖြစ်ဖြစ် ထာဝရနှင်းဆီရဲ့ရနံ့တွေကြိုင်သင်းနေတာကတော့ ၆၆ နှစ်တိုင်ခဲ့လေပြီ။ ကျနော် ၈၈ လူထု အရေးတော်ပုံကြီး ဖြစ်နေတော့ (ဒေါ်အောင်ဆန်းစုကြည်လည်း ပေါ်ထွက်မလာသေးဘူး) စိတ်ထဲမှာ ခွန်အားတခု ဖြစ်မိတာရှိ တယ်……… မြန်မာပြည်လူထု အရေးတော်ပုံကြီးကို ဦးဆောင်ဘို့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသား အောင်ဆန်းဦး ရောက်လာတော့မယ်တဲ့ ကျနော်တို့ ၀မ်းသာမိခဲ့တာအမှန်ပါ…..။ ဒါပေမဲ့ ဒါတွေဟာ ကောလဟာလတွေ ဖြစ်ပြီး သမို င်းကို ပြောင်းပြန် ဖန်တီးသူဖြစ် သွား တယ်ဆိုတာ နောက်ထပ် ဆယ်နှစ်လောက်အကြာမှာ သိလိုက်ရပါေ တာ့တယ်။ တကယ်တော့ မြန်မာလူထု တော်တော်များများက ဒေါ်အောင် ဆန်းစုကြည်ကို သိပ်မျှော်တွေး မထားမိကြဘူး။ အရင်ဆုံးမျှော်လင့်ခဲ့ မိသူက အကိုဖြစ်သူ… ဦးအောင်ဆန်းဦး။
လွဲတဲ့အခါလည်း….လွဲပေမပေါ့..။ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ ဖြစ်တည်လာခဲ့မှုမှာ… ဗိုလ်ချုပ်အောင်ဆန်း အရိပ်ပါ ပါတယ်… ဒါပေမယ့် လုံးလုံးလျားလျား ကြီးကြီးတော့ မဟုတ်ပါဘူး။
သတ္တိတွေ၊ ရိုးသားမှုတွေ၊ အနစ်နာခံမှု တွေမရှိခဲ့ရင် လူထုခေါင်းဆောင် ဖြစ်လာနိုင်ပါ့မလား ဗိုလ်ချုပ်အောင်ဆန်း ရင်သွေးမို့ ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ချစ်မြတ်နိုးလေးစား ကြည်ညို နေတယ်ဆိုရင် သားကြီး ဦးအောင်ဆန်းဦးကိုရော လူထုက ဒီလိုသဘောထား တထပ်တည်းရှိပါသလား။
တခါ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု သက်တမ်း အနှစ်၂၀ကျော် ကာလ ရောက်လာတဲ့အခါ သူ့အပေါ်အပစ်ဖို့ သူတွေကဖို့ ဆရာကြီးလေသံတွေနဲ့ ဟိုဟာလုပ်ပါ့လား…. ဒီဟာလုပ်ပါ့လား…. ဟိုဟာမလုပ်ခဲ့လို… ဒီလိုဖြစ်တာပေါ့… ဒီဟာမလုပ်လို့… ဟိုဟာမဖြစ်တာပေါ့။ စသည်..စသည်ဖြင့် သေချာတာတခုကတော့ ယောက္ခမ သေမယ်မှန်းသိရင်။ နွားအကျွေးဝယ် လိုက်တာပေါ့ဗျာ။
တမျိုးက… ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် ဘာတွေလုပ်ခဲ့လို့လည်းတဲ့ ဘာမှလုပ်ခွင့် မရအောင် လုပ်ထားမှတော့။ တိုင်းပြည်ကို ချစ်တဲ့စိတ် အနစ်နာခံမှုတွေ ကလွဲလို့ ဘာလုပ်ပြနိုင်မှာလည်း။ ပါးစပ်ကို ပိတ်ထားပြီးမှ သီချင်းလည်းမဆိုဘူး ဆိုတာမျိုးလား မျက်စိဖွင့်ပြီး အိပ်ကြည့်စမ်းပါ ဆိုတဲ့ သီချင်းလိုလား။
တိုင်းပြည်အတွက် လုပ်ခွင့်ရအောင် ၀ိုင်းဝန်း ပံ့ ပိုးပေးကြပါ့လား ပြည်သူလူထုကြီးရေ.
သူလုပ်ပြပါလိမ့်မယ်
ကျနော်ပြောရဲတယ်ဗျာ သူတကယ် လုပ် ပြပါလိမ့်မယ်။
ဒါပေမယ့် အမေရိကန်ပြည်ထောင်စုကို တည်ထောင်ခဲ့တဲ့ ဂျော့ရှ်ဝါရှင်တန်ကတော့ ပြောခဲ့ဘူးတယ်။ စနစ်တခုကို ကူးပြောင်းဘို့ တော်လှန်ရေး လုပ်တယ်ဆိုတာ အင်မတန်မှ ခက်ခဲပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အဲဒီ့ စနစ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ဘို့ အခွင့်အလမ်းတွေ သင့်ဆီကိုရောက်လာခဲ့ရင်…… သင့်ရဲ့ သားစဉ်မြေးဆက် အမွေဆက်ခံနိုင်မှာမို့ပါတဲ့။
သူ့ကို ချစ်တဲ့သူ
သူ့ကို မုန်းတဲ့သူ
သူ့ကို ကြောက်တဲ့သူ
သူ့ကိုဘယ်လိုမှ မနေတဲ့သူ အားလုံးအတွက်
ထာဝရ နှင်းဆီရဲ့ရနံ့များ သင်းပြန့်နေတာကတော့ ၆၆ နှစ်တိုင်ခဲ့လေပြီ။
အားလုံးကိုလေးစားစွာဖြင့်
မောင်မောင်ဝမ်း နှင့် အစ်ကိုဒီမိုဝေယံအားကျေးဇူးတင်ပါသည်........
No comments:
Post a Comment