Sunday, July 17, 2011

(၆၄) နှစ်မြောက် အာဇာနည်နေ့ အခန်းအနား ဖိတ်ကြားခြင်း အိန္ဒိယနိုင်ငံ နယူးဒေလီ

(၆၄) နှစ်မြောက် အာဇာနည်နေ့ အခန်းအနား ဖိတ်ကြားခြင်း   

၁၉-၇-၂ဝ၁၁ နေ့သည် (၆၄) နှစ်မြောက် အာဇာနည်နေ့ ဖြစ်ပါသည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူးလျက် လွမ်းသူ့ ပန်းခွေချခြင်း၊ အလေးပြုခြင်း၊ ဂုဏ်ပြုစကား ပြောကြားခြင်း၊ အောက်မေ့ သီချင်း သီဆိုခြင်း၊ အမှတ်တရ ကဗျာရွတ်ဆိုခြင်းများဖြင့် ကျင်းပမည်ဖြစ်ပါ၍ အောက်ပါအစီအစဉ်အတိုင်း တက်ရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

လူကြီးမင်းတို့ အဖွဲ့အစည်း၊ လူတဦးချင်းမှ လွမ်းသူ့ပန်းခွေ လာရောက်ချပါရန်လည်း ဖိတ်ခေါ်အပ်ပါသည်။

နေ့     = ၁၉-၇-၂ဝ၁၁
အချိန်     = နံနက် (၁ဝ) နာရီ တိတိ၊
နေရာ     = BCRC

လေးစားစွာ

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)

No comments:

Post a Comment