Sunday, July 24, 2011

Norway Survivor: "He Yelled We All Must Die"


သံသယရှိသူအဖြစ် ဖမ်းဆီးထားသူ
ကမ္ဘာပေါ်က အကြိမ်းဖတ်သမားတွေကြဆုံးပါစေ။လူသားတိုင်းငြိမ်းချမ်းသာယာကြပါစေ

ဒီလူရဲ့ အင်တာနက်ပေါ်က စာတွေအရ သူဟာ မွတ်ဆလင် ဆန့်ကျင်ရေးသမား ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီလူဟာ လယ်ယာလုပ်ငန်းဆိုင်ရာ စီပွားရှာသူအဖြစ် နော်ဝေ အရှေ့ခြမ်းက ရီနာမှာ မှတ်ပုံတင်ထားတယ်။ ဒါကြောင့် ဒီလူဟာ အမိုနီယမ် နိုက်ထရိတ် တွေ လိုသလောက် ဝယ်လို့ရနေပြီး အဲဒါတွေက ဖောက်ခွဲရေးကိရိယာ လုပ်လို့ ရနေပါတယ်။

အော်စလို ရဲမင်းကြီး ဂျိုဟန် ဖရက်ဒရစ်ဆန်ကတော့ ဒီတိုက်ခိုက်မှုဟာ ဆံပင် ရွှေရောင်၊ မျက်လုံးပြာနဲ့ နော်ဝေ လူမျိုးရင်း ဖြစ်တာမို့ “မအံသြပါ” လို့ ပြောပြီး “ဒီလောက်ဆို ကျနော်တို့ မှန်းလို့ရပါပြီ” လို့ ပြောပါတယ်။

စစ်သားတွေကတော့ ဒီနေ့ အော်စလိုမြို့ပေါ် ရောက်လာပြီး လုံခြုံရေး ယူကြပါတယ်။ အော်စလိုမှာက ဗုံးက တလုံးမက ကွဲတယ်လို့ ယူဆကြပါတယ်။

ကျွန်းပေါ်မှာ အသတ်ခံရသူတွေထဲမှာ အသက် ၁၆ နှစ် အရွယ်တွေလည်း ပါပါတယ်။ သေဆုံးသူတွေ ကျွန်းပေါ်မှာ ပြန့်ကျဲနေတာကြောင့် သေနှုန်းမြင့်လာနိုင်တယ်လို့လည်း ဆိုကြပါတယ်။ 


“ကလေးတွေဟာ သေနတ်နဲ့ လိုက်ပစ်နေတာ မြင်တော့ ရေထဲခုန်ချပြီး ကူးကြတယ်၊ Utoya ကျွန်းက ကုန်းမကြီးနဲ့ ဝေးတယ်။ တချို့က ပုန်းနေကြတယ်။ ကျနော်တွေ့တဲ့သူတွေကို မေးမြန်းကြည့်တော့ စကားမေးမရဘူး။ ကြောက်လွန်းလို့ တုန်နေတယ်” လို့ လေဘာပါတီ အမတ်တဦးက ပြောပါတယ်။

“ပထမတော့ ကုန်းပေါ်မှာ ရှိတဲ့လူတွေကို ပစ်သတ်တယ်။ ပြီးတော့ ရေထဲကလူတွေကိုလည်း ပစ်တာပဲ” လို့ အသက်ရှင်ကျန်ရစ်သူ အသက် ၁၅ နှစ်အရွယ် Elise က ပြောပြပါတယ်။

နော်ဝေ ဝန်ကြီးချုပ် Stolenberg က “ကျနော် ငယ်ငယ်ကတည်းက နိဗ္ဗာန်လို့ ယူဆခဲ့တဲ့ ကျွန်းဟာ ခုတော့ ငရဲ ဖြစ်သွားပါပြီ” လို့ အယောက် ၈၀ ကျော် သေနတ်နဲ့ ပစ်သတ်ခံရတဲ့ Utoya ကျွန်းနဲ့ ပတ်သက်ပြီး ပြောလိုက်ပါတယ်။ဧရာဝတီသတင်း

No comments:

Post a Comment