Wednesday, August 17, 2011

ပြည်ပတွင်း နိုင်ငံရေးသင်တန်း တက်ရောက်ခဲ့သူများကို အဖွဲ့ချုပ် ဒုတိယဥက္ကဌြဦးတင်ဦး လက်ခံတွေဆုံ




ထိုင်းနိုင်ငံ Sena Palace ဟိုတည်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံရေးပါတီများနှင့် အရပ်သား အဖွဲ့အစည်းများအတွက် နိုင်ငံရေးသိပ္ပံသင်တန်း ကိုတက်ရောက်ခဲ့ကြတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်လူငယ်များနဲ့ လူငယ်ကွန်ယက်အဖွဲ့ဝင်လူငယ်များကို အဖွဲ့ချုပ်ဒုတိယဥက္ကဌဦးတင်ဦးက ဌာနချုပ်ရုံး အပေါ်ထပ် အစည်းအဝေးခန်းမမှာ ဒီနေ့ လက်ခံတွေ့ ဆုံပါတယ်။

ဒုတိယဥက္ကဌက နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး သင်တန်းသား ခေါင်းဆောင်ကိုတင်လှ က သင်တန်းအစီအစဉ်တွေကိုရှင်းပြပါတယ်၊ သင်တန်းသားကိုထက်ပိုင်အောင်ကလည်း သင်တန်း အတွေ့ အကြုံတွေပြောပြပြီး၊ ကိုစစ်မော်နဲ့ မနေနွယ်ထွန်းတို့က အကြံပြုချက်တွေကို တင်ပြ ကြပါတယ်။ သင်တန်းကို အဝေးရောက်မြန်မာပညာ ဒါနအလှူရှင်တွေက အကုန်အကျခံပြီး သြဂုတ်လ ၇ ရက်နေ့ က ၁၅ ရက်နေ့ အထိပို့ ချပေးခဲ့ တာဖြစ်ပါတယ်။ အဖွဲ့ ချုပ်လူငယ်အဖွဲ့ ဝင်နဲ့ လူငယ်ကွန်ယက်အဖွဲ့ ဝင် ၁၄ ဦးတက်ရောက်ခဲ့ကြပါတယ်။ သင်တန်းသားလူငယ်တွေဟာ ထိုင်းပါလီမန်နဲ့ ထိုင်း အတိုက်ခံပါတီဖြစ်တဲ့ ဒီမိုကရက်ပါတီဌာနချုပ်ကိုလည်း သွားရောက်လေ့ လာ လည်ပါတ်ခဲ့ကြပါတယ်။http://burmese.nldburma.org/campaign/youth/400-youth-ps-training.html

No comments:

Post a Comment