Friday, August 19, 2011

ကျော်သူထုံး



“ကျော်သူထုံး’’
‘အမေ…..ကျွန်တော်ကျောင်းသွားတော့မယ်….လွယ်အိတ်ထုံးပေး’
‘အေးပါ …သားရယ်”                        
‘ကျော်သူထုံးနော်အမေ’
ကျွန်တော်တို့ငယ်ငယ်တုန်းကဖြစ်ပါသည်။ရုပ်ရှင်ကားထဲတွင်ကိုကျော်သူလွယ်ထားသောလွယ်အိတ်မှာ
အထုံးလေးနှင့်ဖြစ်ပါသည်။ဒါကိုမြင်ပြီးအားကျအတုယူကာကျောင်းသွားကြလျှင်ကျော်သူလွယ်အိတ်ထုံး
စတိုင်လ်လေးနှင့်သွားကြသည်။ကျွန်တော်တို့ငယ်ငယ်က ‘ကျော်သူထုံး’ဆိုပြီးတစ်ခောတ်ဖြစ်ခဲ့ဖူးသည်။
နောက်တော့ခေတ်ရေစီးကြောင်းအပြောင်းအလဲကြားမှာကျော်သူလွယ်အိတ်ထုံးသည်လည်း
ကွယ်ခဲ့ရသည်။အနုပညာရပ်ဝန်းမှာအမည်ကောင်းတစ်ခုနှင့်ကြာရှည်စွရှင်သန်နေဖို့ကမဖြစ်နိုင်ပါ။
စန်း ထ နေတဲ့အချိန်လေးသာဟိုလေးတကျော်ကျော်ဖြစ်ပြီး စန်း ကျ သွားပြီဆိုရင်တော့ပျောက်ကွယ်ရသည်ချည်းပင်။ထို့ထက်ပိုတွေးကြည့်မိတော့မိမိတို့ကျင်လည်ရာလုပ်ငန်းခွင်၊
ပတ်ဝန်းကျင်မှာပင်အမည်ကောင်းတစ်ခုကိုပိုင်ဆိုင်နိုင်ဖို့မလွယ်ပေ။ထို့ထက်ပိုတွေးကြည့်ပါကနိုင်ငံတ၀ှမ်းမှာ
အမည်ကောင်းတစ်ခုရဖို့ဆိုတာပိုလို့ပင်မလွယ်ကူပေ။ကုန်ပစ္စည်းတစ်ခုရဲပကွာလတီကိုသာထိန်းထားဖို့
လွယ်သည်။အမြဲဖောက်ပြန်ပြောင်းလဲနေသောလူတစ်ယောက်ရဲ့စိတ်ကွာလတီကိုတော့ထိန်းထားဖို့
မလွယ်ကူလှချေ။မိမိတို့ပတ်ဝန်းကျင်၊မိမိတို့နိုင်ငံ၊မိမိတို့ကမ္ဘာမှာအမည်ဆိုးနှင့်ကျော်ကြားသူတွေသာများသည်။
အမည်ကောင်းဖြင့်ကျော်ကြားသူကအင်မတန်ရှားပါးလှသည်။ယနေ့အချိန်တွင်ကိုကျော်သူနှင့်ခေတ်ပြိုင်တစ်ချို့
နှုင်းယှဉ်ကြည့်သောအခါအများကြီးကွာခြားသွားခဲ့လေပြီ။ဒီလိုပြောခြင်းဟာ တခြားသူတွေကိုအပြစ်တင်ရှုတ်ချခြင်းမဟုတ်ပါပေ။ဘာကြောင့်ကိုကျော်သူရဲ့အမည်နာမဟာ
ပိုမိုတောက်ပြောင်လာရသနည်းဆိုရရင်သူရဲ့ပရဟိတအများအကျိုးရွက်သယ်ပိုးလိုတဲ့စိတ်ကြောင့်လိုသာ
ဆိုရပါမည်။တကယ်လို့ကိုကျော်သူသာပရဟိတလိုင်းဘက်ရောက်မလာခဲ့ပဲရုပ်ရှင်လောကမှာသာ
ရှိနေခဲ့မည်ဆိုပါက ယခုအချိန်သည် အကျ ဘက်တွင်ရှိနေပါလိမ့်မည်။ဒီနေရာမှလူတစ်ချို့အတွက်ဆင်ခြေတက်စရာရှိလာခဲ့သည်။
ဘာလဲဆိုတော့
’သူကအနုပညာလုပ်ငန်းလုပ်ကိုင်ခွင့်ပိတ်ခံထားရတာကိုးလုပ်နိုင်မှာပေါ့’ဟုဆိုကဆိုနိုင်ပါသည်။
လူတစ်ယောက်ရဲ့အသက်မွေးကျောင်းလုပ်ငန်းမှာနှစ်ရှည်လုပ်ကိုင်လာပြီးမှအလုပ်ပြုတ်သွားသော်
ရာထူးမှဖယ်ရှားခံလိုက်ရသော်စိတ်ဓါတ်ကျသွားမည်သာဖြစ်ပါသည်။နိုင်ငံရေးအရှုပ်အထွေးတွေကြောင့်
သူအပိတ်ခံလိုက်ရတဲ့အခါသူလဲစိတ်ဓါတ်ကျမည်သာဖြစ်ပါသည်။သို့သော်သူကငြိမ်ခံပြီးအကြာကြီးမနေ။
တွန်းလှန်ပစ်သည်။နိုးထလာခဲ့သည်။သူ့ဘ၀ကိုအလာကားလူအဖြစ်အရောက်မခံ။ပေးဆပ်သူစစ်စစ်အဖြစ်
အသွင်ကူးပြောင်းလိုက်သည်။ဒါဟာလွယ်ကူသည့်ကိစ္စတော့မဟုတ်သို့သော်သူလုပ်ပြနိုင်ခဲ့သည်။
သူနှင့်တခါတုန်းကခေတ်ပြိုင်လုပ်ဖော်ကိုင်ဖက်တွေ ဟိုတယ်ကြီးတွေမှာဇိမ်ခံနေတဲံ့အချိန်၊
နိုင်ငံတကာမှာထွက်ပြီးရှော့ပင်းထွက်နေတဲ့အချိန်မှာ သူဟာဆင်းရဲသားအခြေခံလူတန်းစားတွေအတွက်
ကျန်းမာရေးစောက်ရှောက်မှု့၊ပညာရေးထောက်ပံ့မှု့တွေနှင့်ဆင်းရဲသားအခြေခံလူတန်းစားမိသားစုဝင်တွေသေဆုံးတဲ့အခါလူအများစုမထိချင်မကိုင်ချင်ကြတဲ့အလောင်းကောင်ပုပ်ပွပွတွေကိုကားနှင့်တင်ပြီး
မီးသဂြိုတ်စက်အထိအခမဲ့အရောက်ကူညီပို့ဆောင်ပေးနေခဲ့သည်။
အခမဲ့ဆိုတာထက်သဂြိုတ်စရိတ်မတတ်နိုင်သူတွေကိုထောက်ပံ့ပေးခြင်း၊
ဆင်းရဲနွမ်းပါးပြီးကျန်မာရေးချို့တဲ့သော်လည်းဆေးခန်းလာပြဖို့ခရီးစရိတ်မတတ်နိုင်
တဲ့သူတွေကိုထောက်ပံ့ခြင်း၊အခြေခံလူတန်းစားတွေရဲ့ကလေးတွေကိုအသက်မွေးကျောင်းပညာရပ်များ
သင်ကြားပေးခြင်း၊စိတ်ဓါတ်မြှင့်တင်ပေးခြင်းများကိုလဲလုပ်ဆောင်လျက်ရှိသည်။
အလောင်းကောက်ခြင်း(သို့)သယ်ယူပို့ဆောင်ပေးခြင်းဖြင့်သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းစောက်ရှောက်ပေးသည်။
အခမဲ့ကျန်းမာရေးစောက်ရှောက်မှု့များပေးခြင်းဖြင့်အခြေခံဆင်းရဲသားလူတန်းစားမိသားစုတွေအတွက်ကျန်းမာပျော်ရွှင်သော
မိသားစုဘ၀လေးကိုပိုင်ဆိုင်နိုင်ရန်တစ်ဖက်တစ်လမ်းမှပံ့ပိုးသည်။
အနာဂတ်ကြယ်ပွင့်လေးတွေအတွက်ပညာရေးထောက်ပံ့ပေးခြင်းဖြင့်တိုင်းပြည်နှင့်လူမျိုးကိုအလှဆင်ပေးသည်။
  ဒီတခါ ကိုကျော်သူထုံးသည်ကား လွယ်အိတ်မဟုတ်တော့ပေ။
သူ့နှလုံးသား ၊သူ့ဘ၀ကိုတိုင်းပြည်နှင့်လူမျိုးအတွက်စွှန်လွှတ်ပေးဆပ်ခြင်းစစ်စစ်ဖြင့် ‘ထုံး’ပြနေခြင်းပင်ဖြစ်သည်။
ဒီတခါရော ကျွန်တော်တို့တစ်တွေအားကျအတုယူနိုင်ပါအုံးမည်လား………………….။
ကျွန်တော်တို့တက်ညီလက်ညီကြိုးစားကြရပါအုံးမည်။
(ဤစာစုလေးဖြင့်ဦးကျော်သူ(နာရေးကူညီမှု့အသင်း၁၀နှစ်ပြည့်) အားဦးညွတ်ပါ၏
နှစ်သစ်အခါသမယမှသည် အသက်ထက်ဆုံးတိုင် တိုင်းပြည်နှင့်လူမျိုး၏အကျိုးကို ပိုမိုမြင့်မြတ်စွာထမ်းဆောင်နိုင်ပါစေကြောင်း ဆုခြွေတောင်းပါသည်။)

ချစ်ခြင်းမေတ္တာအားဖြင့်
ဇေယျာချော
(ASDOချစ်ခြင်းမေတ္တာလူမှု့ကူညီစောက်ရှောက်ရေးအဖွဲ့)

No comments:

Post a Comment