Monday, September 26, 2011

ရွှေဝါရောင် လေးနှစ်ပြည့် အထိမ်းအမှတ် (ရုပ်သံ၊ ၊ဓာတ်ပုံ)


အကြမ်းမဖက် ငြိမ်းချမ်းစွာ ပြည်သူ့ ဆန္ဒထုတ်ဖော် ပြသခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီး အာဏာရှင်တွေရဲ့ အကြမ်းဖက် ဖြိုခွင်းခံရတာ ယနေ့မှာဆိုရင် လေးနှစ်တင်းတင်း ပြည့်မြောက်ခဲ့ပါပြီ....။ လူမဆန်တဲ့ ကိုယ့်ဘာသာ၊ သာသနာကို စော်ကားတဲ့ အာဏာရှင်တွေ အကြမ်းဖက်နှိမ်နင်းခဲ့တဲ့  ဖြစ်ရပ်တွေကို ယနေ့ထက်တိုင် မေ့မရနိုင်သေးပါ..။  ယနေ့တိုင် ရွှေဝါရောင်တော်လှန်ရေးကြီးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ရဟန်း ရှင်လူ၊ ကျောင်းသားအပေါင်းတို့လည်း အာဏာရှင်ရဲ့ အကျဉ်းထောင်အသီးသီးမှာ ဆက်လက် မတရားဖမ်းဆီး အကျဉ်းကျခံနေရဆဲပါ..။
သာသနာတောကို စော်ကားသူတစ်ယောက်၏ နောက်ဆုံးနိဂုံးကတော့
ထေရဝါဒ ဗုဒ္ဓရဟန်းတော်တွေ အပေါ်မှာတော့ ဘီးလူး၊ သရဲစီးသလို အာဏာအတွက် 
မြေဖုတ်ဘီလူး၊ တစ္ဆေမြူးသကဲ့သို့
 မဟာယာန တရုတ်ဘုန်းကြီးတွေနဲ့ ဆက်ဆံတဲ့ အခါမှာတော့ ရိုသေ၊ နွံ့ကျိုး
ခြေသုတ်ပုဆိုး၊ မြွေစွယ်ကျိုးသို့
ကိုယ့် ထေရဝါဒ ဗုဒ္ဓရဟန်းတော်တွေ အပေါ်မှာတော့  ရိုင်းစိုင်းယုတ်မာ
တရုတ်ကို ရှိသမျှရောင်းစားယုံတင်မက သာသနာတော်ပါ အပ်နှင်းနေသလားဆိုတာကတော့
ရွှေဝါရောင်တော်လှန်ရေးကြီးအတွင်း ကျဆုံးခဲ့ရတဲ့ ရဟန်း၊ ရှင်လူ၊ ကျောင်းသား အပေါင်းတို့အား ဦးညွတ်အလေးပြုပါတယ်...။ ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေနိုင်ပါ...။
ရွှေဝါရောင်သွေးမှတ်တမ်း(သီချင်း၊ ဗီဒီယို)
 
ရွှေဝါရောင်တော်လှန်ရေး(၄)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် (ရွှေဝါရောင်သွေးမှတ်တမ်း) သီချင်း­အားညီမင်းသစ်က ခံစားသီဆိုပြီး ကိုသော်(ဂျပန်)မှ ပုံဖော်ခံစား တင်ပြထားပါသည်။ အသက်ပေးတိုက်ပွဲ ၀င်သွားကြသောရဟန်းရှင်လူ၊ ပြည်သူအပေါင်းအား ဂုဏ်ပြုဦးညွတ်ကာ အလေးပြုပါသည်။
ကိုသော် ဂျပန် အစ်ကိုဒီမိုဝေယံ

No comments:

Post a Comment