Sunday, September 11, 2011

မြန်မာပြည်သည် ဒို့ပြည် မြန်မာမြေသည် ဒို့မြေ မြန်မာရေသည် ဒို့ရေ

မြန်မာပြည်သည် ဒို့ပြည်
မြန်မာမြေသည် ဒို့မြေ
မြန်မာရေသည် ဒို့ရေ

ဧရာဝတီသည် မြန်မာတို့၏ အမျိုးသားထုတစ်ရပ်လုံးပိုင် အမွေအနှစ်ဖြစ်သည်အားလျှော်စွာ မြန်မာပြည်မြေပုံမှ ဧရာဝတီမြစ် ပပျောက်ခြင်း အလျဉ်း၊တိမ်ကောပျက်စီးခြင်းအလျဉ်းမရှိ
စေရေးအတွက် ကျွန်တော်တို့ ဧရာဝတီ ချစ်သူများ အဖွဲ့မှ ယင်းဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းအား ကန့်ကွက်သောအားဖြင့် Save the Irrawaddy စာတန်းနှင့် မြစ်ဆုံစီမံကိန်း ကြက်ခြေခတ်(ရှေ့ဘက်ခြမ်းရင်ဘက်)ပါ တီရှပ်အဖြူများ ၊ save the irrawaddy စာတန်းပါ စတစ်ကာများ ကို မြန်မာ ပြည်သူလူထုများအတွင်း သို့ ၄.၉.၂၀၁၁ ရက် နေ့မှ စတင်၍ တဖြည်းဖြည်းဆက်တိုက် ဖြန့်ဝေခဲ့ပါသည်.။ ဖြန့်ဝေသော နေရာများ မှာ မြစ်ကြီးနားမြို့၊ပြည်၊ဧရာဝတီတိုင်း ဒေသအချို့၊သန်လျင် ၊မန္တလေး မြို့၊ မြစ်ကြီးနားဟောပြောပွဲ ၊မင်္ဂလာဒုံ ၊ တောင်ဒဂုံ ၊တာမွေ၊ မြောက်ဥက္ကလာ ၊မြောက်ဒဂုံမြို့နယ်များ နှင့် ၁၀.၉.၂၀၁၁ ရက်နေ့တွင် မင်္ဂလာဒုံဥယာဉ်မြို့တော် မဟာဂန္တရုံကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သော ဇမ္ဗုသီရိပရဟိတစာပေဟောပြောပွဲတွင်လည်း သွားရောက်ဖြန့်ဝေခဲ့ပါသည်.။
အီမေလ်ပေးပို့လာသူအားကျေးဇူးတင်ပါတယ်။

No comments:

Post a Comment