Tuesday, September 20, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့်ပြည်တွင်းပြည်ပသတင်းဌာနများအားလက်ခံတွေ့ဆုံမှု ဓါတ်ပုံများ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည် ဟာ စက်တင်ဘာ ၂၀ ရက်နေ့က အဖွဲ့ချုပ် ဌာနချုပ်ရုံး သူမရဲ့ ရုံးခန်းမှာ ပြည်ပသတင်းဌာန များမှ သတင်းစာဆရာများ ၊ ပြည်တွင်းထုတ်ဂျာနယ်များမှ သတင်းစာဆရာများနဲ့ တဖွဲ့ချင်းစီ လက်ခံတွေ့ဆုံဆွေးနွေးပါတယ်။
နံနက်ပိုင်းမှာ ဗီးနပ် ဂျာနယ်၊ သစ္စာဂျာနယ်၊ ၂၄/၇ ဂျာနယ်၊ ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာ အဖွဲ့တွေနဲ့တွေ့ဆုံပြီး ၊ မွန်းလွဲပိုင်းမှာ မိုင်နီချီ့ သတင်းစာ အာရှဗျူရို အကြီးအကဲ ဟီဒေးယူ့ကီနီရှီယို နဲ့အဖွဲ့ ၊ နယူးဇီလန် နိုင်ငံသား လူ့အခွင့်အရေးလှုပ်ရှားသူ မစ္စတာ ခရစ်ကာလ်း၊ ကျိုတို သတင်းဌာနမှ ဘန်ကောက်ဗျုရို အကြီးအကဲ တိုရှီမိဆုဆာဝိုင်း တို့ကို တွေ့ဆုံခဲ့ပါတယ်။

No comments:

Post a Comment