Saturday, October 22, 2011

ကိုအေးချမ်းနှင့်ဒီဗီဘီသတင်းဌာန တာဝန်ရှိသူများခင်ဗျာ

ဒီဗီဘီသတင်းထောက်ကိုအံ့ဖုန်းမြတ်နှင့်လျှပ်တပြက်အယ်ဒီတာချုပ် မြတ်ခိုင်တို့အင်တာဗျူးမှာပါတဲ့အကြောင်းအရာနဲ့ပါတ်သက်လို့ ကျနော်တို့အနေနဲ့တရားဝင်ကန့်ကွက်ပါတယ်

ပြည်တင်းနက်ဝပ်အဖွဲ့ဝင်(အကျဉ်းကျနေသူများ)စာရင်းကိုကျနော်တို့သတင်းထုတ်ပြန်ခွင့်ပြုတဲ့သူတွေကိုသာထုတ်ပြန်ခဲ့တာပါ

အခုချင်းမိုင်မှာလုပ်နေတဲ့ကမ်ပိန်းမှာတောင်ကျနော်တို့ထုတ်ပြန်ပေးထားတဲ့သူငါးယောက်ကိုဘဲတရားဝင်ထုတ်ပြန်ထားပါတယ်။ကျန်တဲ့သူတွေကို လုံခြုံရေးအရသော်လည်းကောင်း၊၄င်းတို့၏နိုင်ငံရေးသိက္ခာအရသော်၎င်းတရားဝင်ထုတ်ပြန်ကြေငြာခဲ့ခြင်းမရှိခဲ့ပါ။ယနေ့အချိန်ထိ ထိန်းသိမ်းလာခဲ့တဲ့အစဉ်အလာကိုအံ့ဖုန်းမြတ်မှချိုးဖောက်ဖျက်ဆီးခဲ့ပါတယ်။မြတ်ခိုင်ဆိုတာဘယ်လိုလူလဲဆိုတာအားလုံးအသိဖြစ်ပါတယ်။အဲဒီလိုလူတယောက်ဆီကို အခုလိုမျိုးနက်ဝပ်အဖွဲ့ဝင်တွေစာရင်းပေးလိုက်တာကတော့အင်မတန်မှဆိုးရွားပါတယ်ဒီဗီဘီပြည်တွင်းဝင်နိုင်ရေးအတွက် ယခင်ချမှတ်ထားသောစည်းကမ်းများကိုချိုးဖောက်ပြီးယခုကဲ့သို့တစ်ကိုယ်ကောင်းဆန်စွာလုပ်ဆောင်မှုဟာမသင့်တော်ပါဘူး
အခုလိုစာရင်းတွေကို မြတ်ခိုင်ထံပေးလိုက်ခြင်းသည် ပြည်တွင်းရှိနက်ဝပ်အဖွဲ့ဝင်မျာအတွက်ပါအင်မတန် အန္တရာယ်များလာပါတယ်။

၎င်းကိစ္စနှင့်ပါတ်သက်ပြီးကျနော်တို့(BurmaVJNetwork)အနေနဲ့အပြင်းအထန်ကန့်ကွက်ပါကြောင်းအသိပေးအပ်ပါသည်။

ဒီဗီဘီတာဝန်ရှိသူများအနေဖြင့်ယခုအင်တာဗျူးနှင့်ပါတ်သက်၍နောင်ဖြစ်လာမည့်ရလဒ်များကိုအပြည့်အဝတာဝန်ယူရပါမည်။

လေးစားစွာဖြင့်
ပွကြီး
အော်ပရေးရှင်းတာဝန်ခံ
Burma VJ Network

No comments:

Post a Comment