Sunday, October 23, 2011

ရိုးရာ ဂျပ်ခုပ် သင်တန်းသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်လေ့လာ ဓါတ်ပုံများ




burmese.nldburma.org

အမျိုးသား ဒီမီုကရေစီ အဖွဲ့ချုပ်၊ ဗဟိုအမျိုးသမီး လုပ်ငန်းအဖွဲ့က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် “ပညာပန်းခြံ” ခမ်းမတွင် ဖွင့်လှစ်ပို့ချနေသော ကရင်ရိုးရာ ဂျပ်ခုပ် အထည် လုပ်ငန်းသင်တန်းသို့ အောက်တိုဘာ ၂၂ ရက်နံနက် ၁၀ နာရီ ၃ဝမိနစ်တွင် အထွေထွေ အတွင်းရေးမှူး၊ ဒေါ်အောင်ဆန်းစုကြည်သည် သွားရောက်လေ့လာခဲ့သည်။

အထွေထွေ အတွင်းရေးမှူးနှင့်အတူ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်နှင့် ဦးအုန်းကြိုင်တို့ လိုက်ပါသွားကြသည်။ ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် ဒေါ်မေဝင်းမြင့်နှင့် ဗဟိုအမျိုးသမီး လုပ်ငန်း အဖွဲ့ဝင်များ၊ ကရင်ပြည်နယ်မှ လာရောက်ပို့ချပေးသော သင်တန်း ဆရာမများက သင်တန်းခမ်းမတွင် ကြိုဆိုကြပီး သင်တန်း တိုးတက်မှု အခြေအနေများကို ရှင်းပြသည်။ အထွေထွေ အတွင်းရေးမှူးသည် မိနစ် ၄၀ ကြာ လေ့လာပြီး နံနက် ၁၁နာရီ ၄၅မိနစ်တွင် ပြန်လည် ထွက်ခွာ သွားသည်။

သင်တန်းကို အောက်တိုဘာ ၁၃ ရက်နေ့မှ ၂၂ရက်နေ့ထိ ၁၀ ရက်ကြာ ပို့ခြပေးခဲ့သည်။ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်မှ သင်တန်းဆရာမ နှစ်ဦး လာရောက် သင်ကြား ပေးခဲ့ပြီး အဖွဲ့ချုပ် အမျိုးသမီး လုပ်ငန်းအဖွဲ့မှ သင်တန်းသူ ၁၀ ဦး တက်ရောက်ခဲ့သည်။

No comments:

Post a Comment