Tuesday, October 4, 2011

ရန်ကုန်တိုင်း၊ သုံးခွမြို့နယ် NLD လူငယ်တာဝန်ခံတဦး အသတ်ခံရခြင်း


၎ရက်၊ အောက်တိုဘာ၊ ၂၀၁၁ခုနှစ်(မူရင်းအတိုင်းပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်)ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ (၉)ရပ်ကွက်၊ဗိုလ်သန်းထူးလမ်းတွင်နေထိုင်သူအဘဦးချစ်ဦး+အမိဒေါ်သန်းဦးတို့၏သားဖြစ်သူယခုသုံးခွမြို့နယ် NLD လူငယ်တာဝန်ခံ(၂) ကိုနိုင်ဝင်းသည် ယနေ့မနက်(၃)နာရီခန့်တွင် နောက်စေ့ခေါင်းကွဲဒဏ်ရာဖြင့် ၄င်း၏နေအိမ်အနီးတွင် သေဆုံးနေသည်ကို သိရှိရပါသည်။
ကိုမောင်မောင်(သေဆုံးသူယောက်ဖ)မှသုံးခွမြို့နယ်လူငယ်တာဝန်ခံ(၁)ကိုဝင်ဇော်(ခ)ကိုတွတ်ပီထံကိုနိုင်ဝင်းသေပြီဟုလာရောက် ပြောပါသည်။ ခေါင်းမှာလည်းဒဏ်ရာဒဏ်ချက်တွေနဲ့သေဆုံးနေတယ်လို့ပြောပါတယ် လူငယ်တာဝန်ခံမှလိုက်ကြည်သည့်အခါ ကိုနိုင်ဝင်အားမှောက်ရပ်အနေအထားဖြင့် မနက်(၅)နာရီခွဲလောက်
တွင်သေဆုံးနေသည်ကို တွေ့ရပါသည်။
မျက်နှာမှာရွှံ့ဗွက်ထဲတွင်မှောက်ရက်ဖြစ်နေပြီး နောက်စေ့တွင်တုတ်နှင့်ရိုက်ထားသည့်ဒဏ်ရာရှိပါသည်။ မျက်နှာကိုလှန်ကြည့်သည့်အခါမျက်နှာဖူးရောင်ကိုင်းနေပါသည်။။နှာခေါင်းရိုးကျိုးပြီးသွေးတွေလည်းထွက်နေပါသည်။
ကိုဝင်းဇော်မှ သူငယ်ချင်းဖြစ်သူ၏အဖြစ်ကို မယုံကြည်နိုင်လောက်အောင်ယူကြုံးမရဖြစ်ခဲ့ရပါသည်။ မနေ့က ၃ ရက်နေ့တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ရုံးချုပ်တွင်ကျင်းပသည့် ရန်ကုန်တိုင်းအတွင်းမြိုနယ်လူငယ်များစုံညီအစည်းအဝေးကို သေဆုံးသူနှင့်ကိုဝင်းဇော်တို့တက်ခဲ့ပါသေးသည်။ ညဘက်မှလမ်းခွဲခဲ့ခြင်းဖြစ်ပါသည်။ကိုနီုင်ဝင်းအားသတ်သွားသည့်တရားခံမှာ(၉)ရပ်ကွက်တွင်နေထိုင်သူအမှတ်(၈)မှော်ဘီရဲတပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသူ ရဲတပ်သားဇင်မင်းထွန်း(ခ)ပြဿဒါး ဖြစ်သည်ဟု နောက်သိရှိရပါသည်။ တရားခံဖြစ်သူဇင်မင်းထွန်းနှင့်ကိုနိုင်ဝင်းတို့မှာ နဂိုက ခင်မင်ရင်းနှီးကြပါသည်။ ရဲတပ်ရင်းဝင်ပြီးနောက်ပိုင်းမှာ ခွင့်နှင့်ပြန်လာပြီးနောက်ပိုင်းတွေ့ရှိကြခြင်းဖြစ်ပါသည်။   ရဲတပ်သားဇင်မင်းထွန်းမှာ အရက်အလွန်အကျွံသောက်ထားသည်ဟုသိရှိရပါသည်။ နောက်ပိုင်းတွင် အဆိုပါရဲတပ်သားဇင်မင်းထွန်းမှ သုံးခွမြို့နယ် ရဲစခန်းတွင် လာရောက်အဖမ်းခံသည်ဟုလည်းသိရပါသည်။ ညပိုင်းအဖြစ်အပျက်များကို အဆိုပါရဲတပ်သားမှခံဝန်ချက်ပေးနေဆဲဖြစ်ပြီး အသေးစိတ်မည်သို့သေဆုံးသည်ကိုမသိရှိရသေးပါ။
 http://www.facebook.com/notes/myo-myint/

1 comment:

  1. စိတ်မကောင်းစွာ ကြားသိဖတ်၇ှုခဲ့ပါတယ်။ဒီမိုနဲ့လူ့အခွင့်အရေးရရှိရေးအတွက် ကြိုးပမ်းနေတဲ့ လူငယ်တယောက် ပန်းတိုင်မရောက်ခင် စစ်အာဏာရှင် လက်ကိုင်တုတ် ရဲတဦးကြောင့် သွေးစွန်းခဲ့တဲ့ဖြစ်ရပ်လို့ သမိုင်းမှတ်တမ်းတင်ထားသင့်ပါတယ်။

    ReplyDelete