Sunday, November 6, 2011

အဖြူစင်ဆုံးမေတ္တာ


မိဘနှစ်ပါး စောစောစီးစီးဆုံးပါးသွားတော့ လူမမယ်ကလေးနှစ်ယောက်
ကျန်ရစ်ခဲ့တယ်။ အဲဒီလူမမယ်နှစ်ယောက်မှာ ညီမရဲ့တစ်ဦးတည်းသော
မှီခိုအားကိုးရာက အစ်ကိုဖြစ်သလို အစ်ကိုရဲ့တစ်ဦးတည်းသော
ဆွေမျိုးသားချင်းကလည်း ညီမပဲဖြစ်တယ်။ ဒါကြောင့် အစ်ကိုဖြစ်သူက ညီမလေးကို
သူ့ကိုယ်သူချစ်တာထက် ပိုချစ်ခဲ့တယ်။

ကံတရားက မတရားဘူးလို့ဆိုရမလား! မှီခိုအားကိုးရာမဲ့တဲ့
လူမမယ်သူတို့နှစ်ယောက်အပေါ် ကဒ်ဆိုးတစ်ခု ကျရောက်ခဲ့ပြန်တယ်။ ညီမဖြစ်သူ
အပြင်းဖျားနာခဲ့တယ်။ ဆေးရုံတင်တော့ အသက်လုကယ်တင်ဖို့ သွေးလိုလာတယ်။
ဆေးရုံက ဈေးကြီးပေးရတဲ့သွေးကိုဝယ်ဖို့ ကောင်လေးမတတ်နိုင်ခဲ့ဘူး။
ခွဲစိတ်ခတွေ ဆေးရုံကမယူပေမယ့် သွေးမရှိရင် ညီမလေးအသက်ကို
ကယ်တင်နိုင်မှာမဟုတ်ဘူး။ သွေးရင်းဖြစ်တဲ့ ကောင်လေးရဲ့သွေးက
ကောင်မလေးလိုနေတဲ့ သွေးနဲ့တူနေတယ်။

ကောင်မလေးအသက်ကိုကယ်ဖို့ ကောင်လေးရဲ့သွေးကို ယူမှဖြစ်တော့မယ်။ ဆရာဝန်က
သွေးဖောက်ချိန်နာတဲ့ဒဏ်ကို ခံနိုင်သလား? သွေးလှူဖို့ သတ္တိရှိသလားလို့
ကောင်လေးကိုမေးတယ်။ ဆယ်နှစ်ကျော်ကျော်သာရှိသေးတဲ့ ကောင်လေးက
ဆရာဝန်အမေးကို စဉ်းစားဟန်တစ်ချက်ပြုပြီး ခေါင်းညိတ်တယ်။ ညီမလေးအတွက်
လိုနေတဲ့သွေးကို သူလှူမယ်။

သွေးဖောက်တဲ့အချိန် ကောင်လေးတစ်ချက်မှာ မတွန့်ခဲ့ဘူး။ ဘေးကုတင်ပေါ်က
ညီမလေးကိုကြည့်ပြီး သူပြုံးနေခဲ့တယ်။ လိုအပ်တဲ့သွေးတွေ ဖောက်ယူပြီးနောက်
ကောင်လေးက တုန်ရင်တဲ့အသံနဲ့ ဆရာဝန်ကိုမေးတယ်။

"ဆရာ....ကျွန်တော့်အသက် ဘယ်လောက်ပဲခံတော့မလဲ ဆရာ?"

ကောင်လေးရဲ့ မသိနားမလည်တဲ့အမေးကို ဆရာဝန်ကြားတော့ ရယ်ချင်မိတယ်။ ဒါပေမဲ့
ကောင်လေးရဲ့သတ္တိကြောင့် ရုတ်တရက် ဆရာဝန်တုန်လှုပ်သွားမိတယ်။
အသက်ဆယ်နှစ်ကျော် ကောင်လေးရဲ့အသိဉာဏ်ထဲမှာ
ခန္ဓာကိုယ်ထဲကသွေးကိုထုတ်လိုက်

ရင် သေမယ်လို့ထင်ထားခဲ့တာတောင်
သူ့ညီမလေးအတွက် သွေးတွေပေးခဲ့တယ်။ သူ့အသက်အသေခံပြီး ညီမလေးအတွက်
သွေးတွေပေးခဲ့မယ်လို့ သူဆုံးဖြတ်ခဲ့ပုံရတယ်။ ညီမလေးအတွက် သတ္တိတွေ
သူထုတ်ခဲ့တယ်။

ဆရာဝန်က ကောင်လေးရဲ့လက်ကို ကြင်ကြင်နာနာဆုပ်ကိုင်ပြီး "စိတ်ချပါ.. မင်း
မသေနိုင်ပါဘူး။ သွေးလှူတာ အသက်မသေနိုင်ပါဘူး" လို့ပြောတော့
ကောင်လေးရဲ့မျက်လုံး တစ်ချက်လက်သွားပြီး ဆရာဝန်ကို ပြန်မေးတယ်။

"တကယ်လား ဆရာ! ဒီလိုဆိုရင် ကျွန်တော် ဘယ်နှနှစ် အသက်ရှင်နိုင်သေးလဲ ဆရာ!"

"အသက်(၁ဝဝ).. မင်းကကျန်းမာတော့ အသက်(၁ဝဝ)အထိရှင်နိုင်ပါတယ်" လို့ ဆရာဝန်က
ကရုဏာစိတ်နဲ့ ခပ်ပြုံးပြုံးပြန်ဖြေတယ်။

ဆရာဝန်စကားကြားတော့ ကောင်လေးက ပျော်ပြီးထခုန်တယ်။
ကိုယ်ဘာမှမဖြစ်နိုင်ဘူးဆိုတာကို သူသိတော့ အခုနားက
သွေးဖောက်ခံထားတဲ့လက်မောင်းကို
ပင့်၊ ခေါင်းကိုမော့ပြီး ဆရာဝန်ကို
တလေးတစားပြန်ပြောတယ်။

"ဆရာ... ဒီလိုဆိုရင် ကျွန်တော့်ကိုယ်ထဲကသွေးတွေ တစ်ဝက်ဖောက်ပြီး
ညီမလေးကိုပေးလိုက်ပါ။ ကျွန်တော်တို့နှစ်ယောက် အသက်(၅ဝ)စီပဲရှင်မယ်"

ကောင်လေးရဲ့စကားကြောင့် လူနာဆောင်ထဲကလူတွေ
အားလုံးအံ့သြတုန်လှုပ်သွားခြဲ့
ကတယ်။ ဒါဟာ ကောင်လေးရဲ့ လက်လွတ်စပယ်
ဝန်ခံချက်မဟုတ်ဘူး။ ဒါဟာ လူသားတွေထဲက တစ်ကိုယ်ကောင်းဆန်စိတ် အကင်းဆုံး၊
အဖြူစင်အသန့်ရှင်းဆုံး ဂတိပဲဖြစ်တယ်။


မူရင်း-- http://share.youthwant.com.tw/sh?id=31023484&do=D

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

No comments:

Post a Comment