Thursday, November 24, 2011

လွတ်လတ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့အစ်ကို ဦးအောင်သန်းရဲ့ ကွယ်လွန်ခြင်း နှစ်နှစ်ဆယ်ပြည့် ဆွမ်းကျွေးအလှူကို လူထုခေါင်းဆာင် ဒေါ်အောင်ဆန်းစုကြည် သွားရောက် ရုပ်သံ

Burma VJ Media Network
 ဒီကနေ့ပြုလုပ်တဲ့ လွတ်လတ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့အစ်ကို ဦးအောင်သန်းရဲ့ ကွယ်လွန်ခြင်း နှစ်နှစ်ဆယ်ပြည့် ဆွမ်းကျွေးအလှူကို လူထုခေါင်းဆာင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့ပါ တယ်။
ဒီဆွမ်းကျွေးအလှူကို ရန်ကုန်မြို့ ရန်ကင်းမြို့နယ်က ကျန်ရစ်သူမိသားစုတွေရဲ့နေအိမ်မှာ မနက် ၈ နာရီက နေ နေ့လည် ၁၁ နာရီထိ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီအလှူပွဲကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အန်အယ်ဒီဒုဥက္ကဌ ဦးတင်းဦး ၊ ဦးဝင်းထိန်း ၊ ကိုဖြိုးမင်းသိန်း နဲ့ အန်အယ်ဒီအဖွဲ့ဝင်တွေ ၊ နိုင်ငံရေးနယ်ပယ်ကသူတွေ ၊ လည်းတက်ရောက်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် ဦးအောင်သန်းရဲ့ ကွယ်လွန်ခြင်း ၁၉ နှစ်ပြည့်ဆွမ်းကျွေးအလှူတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့သားငယ် ကိုထိန်လင်းနဲ့အတူသွားရောက်ခဲ့ပါသေးတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့အစ်ကို ဦးအောင်သန်းဟာ ၁၉၉၁ ခုနှစ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး သူကွယ်လွန်ချိန်မှာ အသက် ၈၁ နှစ် ရှိပြီဖြစ်ပါတယ်။

No comments:

Post a Comment