Tuesday, November 29, 2011

ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံ ချိတ်ရုံနဲ့ လွတ်လပ် မလာဘူး ဗိုလ်ချုပ်အောင်ဆန်း လို ကျင့် ဗိုလ်ချုပ်အောင်ဆန်းလို စွန့်လွှတ်

အောင်ဆန်း ဓာတ်ပုံ ချိတ်ရုံ
အောင်ဆန်းကို
"တ" နေရုံနဲ့ ခင်ဗျားတို့
လွတ်လပ် မလာဘူး
အောင်ဆန်း လို
ကျင့်
အောင်ဆန်းလို
စွန့်လွှတ်
အောင်ဆန်း လို
ကြိုးစား
အောင်ဆန်း လို
ဖြောင့်မတ်
အောင်ဆန်း လို
ပြည်သူနဲ့ တသားတည်းနေ
ဒါမှ
ခင်ဗျားတို့ နေတဲ့ တိုင်းပြည်
လွတ်လပ်မယ်
ခင်ဗျားတို့အတွက် အသက်
စွန့်လွှတ်ခဲ့တဲ့ ကျုပ်
ခင်ဗျားတို့
တိုင်းပြည်ပေါ်
ဘယ်လောက် သစ္စာရှိမလဲ
မျိုးဆက်သစ်တွေ အတွက်
ဘယ်လောက်ပေးဆပ်မလဲ

ကျုပ်စောင့်ကြည့်နေမယ်

Created by
Captain Nay Thu
--------------------------
--------------

မန္တလေးညဈေးတန်း၊ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်အောင်ဆန်းစုကြည်
(ပုံ ၇)

မန္တလေး၊ ၈၄ လမ်း၊ ၂၆ လမ်းနှင့် ၂၉ လမ်းကြား၊ ညဈေးတန်းမှာ ရှိတဲ့ ပိုစတာအရောင်းဆိုင်များမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ ဓာတ်ပုံ ဗွီနိုင်း ပိုစတာများရောင်းချနေတာ တွေ့ရတာဖြစ်ပါတယ်။

ဆန်းနဲ့ စု ဗွီနိုင်းပိုစတာများကို ကျပ်ငွေ ၅၀၀ မှ ကျပ်ငွေ ၂၅၀၀ အထိ ဈေးနှုန်းများ သတ်မှတ်ရောင်းချနေပြီး ရောင်းအားကောင်းလျက်ရှိကြောင်းလည်း သိရပါတယ်။

ညိုကြီး

No comments:

Post a Comment