Tuesday, November 15, 2011

ဟောပြောမှုများကို ညနေ (၆)နာရီတွင် ပြန်လည်စတင်မည်ဟု သိရှိရသည်..။မစိုးရိမ်ကျောင်းတိုက်ဟောင်း၏ တောင်ဘက်မုခ်

နေ့လည်ပိုင်း ဆန္ဒပြ ဟောပြောမှုများကို နေ့လည် ၁ နာရီ ၁၅ မိနစ်တွင် ပြန်လည်စတင်မည်ဟု ပြောကြားထားသော်လည်း နေ့လည်း ၃ နာရီ ၁၃ မိနစ်မှ ပြန်လည်စတင်ခဲ့သည်..။
သံဃာ့ နာယက ဆရာတော်ဘုရားကြီးများနှင့် တာဝန်ရှိသူများဆွေးနွေးချက်အရ.. ဆရာတော်ဘုရားကြီးက မစိုးရိမ်ကျောင်းတိုက်ဟောင်း၏ တောင်ဘက်မုခ်တွင် ဟောပြောသူ နားထောင်သူ လွတ်လပ်စွာ ဟောပြောနိုင်ရန် ခွင့်ပြုပေးခဲ့သည်..။
ဆွေးနွေးမှုများအရ မဟာမြတ်မုနိဘုရားကြီးတွင် ဆက်လက် ဆန္ဒပြမှုပြုလုပ်ပါက လုံခြုံရေးအတွက်အာမခံချက် မရှိနိုင်သဖြင့် ပြောင်းရွှေ့ပြုလုပ်သွားမည်ဟု ဟောပြောသူ ဆရာတော်ဘုရားမှ လူထု ပရိသတ်အား ထုတ်ပြန်ပြောကြားခဲ့သည်..။

ညနေ လေးနာရီမတိုင်မီ ဟောပြောမည့် ဆရာတော်ဘုရားများအား ကားဖြင့် မစိုးရိမ်တိုက်ဟောင်းသို့ ပို့ဆောင်မည်ဟု ဆိုသော်လည်း လူထုပရိသတ်မှ မဟာမြတ်မုနိဘုရားကြီးမှ ဟောပြောမည့်ကျောင်းတိုက်သို့ လမ်းလျှောက်မည်ဟု ဆိုသဖြင့် အားလုံးလမ်းလျှောက်သွားရန် သဘောတူညီထားရှိသည်..။
နားထောင်သူပရိသတ်များမှာ မနက်ပိုင်းထက် ညနေပိုင်းတွင် ပိုများလာသည်ကိုလည်းတွေ့ရသည်..။

No comments:

Post a Comment