Wednesday, November 9, 2011

Demonstration at British Embassy for an article in BBCBurma VJ Media Networkနိုဝင်ဘာလ ၉ ရက်နေ့ နေ့ လည် ၁ နာရီက ဗြိတိသျှသံရုံးရှေ့မှာ ဖြစ်ပွားခဲ့တဲ့ ဘီဘီစီ အင်္ဂလိပ် ဆောင်းပါးပါ အချက် များကို ကန့် ကွက် ကြောင်း ဆန္ဒထုတ်ဖော်ပွဲ

နိုဝင်ဘာလ ၉ ရက်နေ့ နေ့ လည် ၁ နာရီက ဗြိတိသျှသံရုံးရှေ့မှာ ဖြစ်ပွားခဲ့တဲ့ ဘီဘီစီ အင်္ဂလိပ် ဆောင်းပါးပါ အချက် များကို ကန့် ကွက် ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို တက်ခဲ့တဲ့ ရခိုင်လူငယ် တဦးဖြစ်တဲ့ စစ်ငြိမ်းအေးက ပြည်တွင်းသတင်းထောက်တဦးကို လာရောက်ခဲ့ရခြင်း အကြောင်းကို အခုလို ပြောခဲ့ပါတယ်။
"ဘီဘီစီကနေပြီးတော့မြန်မာနိုင်ငံမြေပုံကိုတင်တဲ့အချိန်မှာကျွန်တော်တို့ရခိုင်နေရာတိုဒီရှမ်းနေရာ၊ဧရာဝတီတိုင်းနေရာတို့မှားနေတယ်။ မှားနေတဲ့နေရာမှာ အဓိကအရေးကြီးတာက ကျွန်တော်တို့ရခိုင်နေရာမှာရိုအင်ဂျာ ကုလားတွေကိုဗလီတက်နေတဲ့ပုံကိုထည့်ထားတယ်။ ဒါကျွန်တော်တို့တိုင်းရင်းသားတစ်ခုလုံးကို ဖုံးကွယ်တာပဲ။
ဒီသတင်းကိုလုပ်တဲ့ ဘီဘီစီသတင်းထောက်အင်တာဂျုန်းလုပ်တာမှားတာကိုတောင်ပန်ခိုင်းတယ်။ အဲဒါအတွက်ကြောင့်ပြတာပါ။ရိုအင်ဂျာဆိုတာကတော့ ရခိုင်မှာရာစုနှစ်ပေါင်းများစွာထောင်နဲ့ချီပြီးနေလာတာဖြစ်တယ်။ရိုအင်ဂျာဆိုပြီးခုမှနာမည်တစ်လုံးပေါ်လာတာ။ရိုအင်ဂျာဆိုတာမရှိပါဘူး။ဘင်ဂါလီဆိုတဲ့ကုလားပဲရှိတယ်။ဒီကုလားတွေကမူဆလင်တွေဖြစ်တယလူဦးရေများလာတယ်။ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယဘက်ကဝင်လာတာဖြစ်တယ်။ဒါကိုလူသားချင်းစာနာထောက်ထားပြီးကျွန်တော်တို့နေရာမှာပေးနေခြင်းဖြစ်တယ်။ဒါသူတို့နယ်မြေမဟုတ်ဘူးရခိုင်တိုင်းရင်းသားတွေရာစုနှစ်ပေါင်းများစွာကိုယ့်ထီးကိုယ်နန်းနဲ့ နေခဲ့တာ ဒါကိုကမ္ဘာကလည်းလဲသိတယ်။ရှေးဟောင်းအမွေအနှစ်တွေကိုကြည့်ရင်အားလုံးသိတယ်။
ကျွန်တော်တို့နိုင်ငံကလူတွေကတခြားနိုင်ငံတွေမှာရှိတယ်။ ထိုင်းမှာကျွန်တော်မြန်မာနိုင်ငံသားလူဦးရေသန်းပေါင်းရှိတယ်။ ထိုင်းကိုသွားပြီးတော့နယ်မြေတောင်းရင် ကျွန်တော်တို့လက်မခံဘူး။ အဲဒါကိုလက်ရှိအစိုးရအနေနဲ့လည်းဖြေရှင်းပေးရမယ်။ သူတို့မှာတာဝန်ရှိတယ်။ ဘာလို့လဲဆိုတော့
ဒီမြေတွေကိုသူတို့စောင့်ရှောက်ထားတာဖြစ်တယ်။တခြားနိုင်ငံတွေမှာလဲပြတာရှိတယ်။ဘဂါလီတွေကိုလူသားချင်းမစာနာတာမဟုတ်ဘူး။လူမျိုးတစ်ခုကိုဖျောက်ပစ်လိုက်တာ လက်ခံနိုင်တဲ့ကိစ္စမဟုတ်ဘူး။ ဘီဘီစီကကျွန်တော်တို့  နိုင်ငံသားတွေကိုတောင်းပန်ရမယ်။အဲသတင်းထောက်တွေကိုလဲလုံးဝအလုပ်ဖြုတ်ပေးပါ။ဒါသတင်းထောက်တစ်ယောက်အရည်အချင်းမပြည့်ပဲလုပ်တာဖြစ်တဲ့အတွက် ကျွန်တော်တို့လူမျိုးနဲ့ နိုင်ငံအတွက်နစ်နာတယ်။ "

မြန်မာနိုင်ငံမြေပုံအတွင်းရခိုင်ပြည်နယ် နေရာတွင် ရိုဟင်ဂျာအဖြစ် တိုင်းရင်းသားလူမျိုးအခွင့်အရေးကို တောင်းဆို နေသည့် မွတ်စလင်ဘာသာဝင်များ၏ ၀တ်ပြုနေသည့်ပုံကို ဖော်ပြခဲ့ပြီး ရခိုင်လူမျိုးများကို ဖော်ပြခဲ့ခြင်း မရှိသည့် အချက်နှင့်ဘီဘီစီ အင်္ဂလိပ် ဆောင်းပါးပါ အခြားအချက်များကို ကန့် ကွက်သည့် လှုပ်ရှားမှုများ မြန်မာ့အရေးစိတ်ဝင်စားသူများနှင့် ရခိုင်လူမျိုးများ အကြားတွင် လွန်ခဲ့သည့် လမှ စတင်ပြီး ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်ပါတယ်။

1 comment:

  1. တရားစွဲလို့မရဘူးလား

    ReplyDelete