Monday, December 19, 2011

ရန်ကုန်မြို့ ရွှေဂုံတိုင်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ဒီဇင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်သော ပါတီတည်ထောင်သူ ၂၁ ဦး အစည်းအဝေးနှင့် ဗဟိုအောင်နိုင်ရေးအဖွဲ့ အစည်းအဝေး အပြီး မြင်ကွင်း သတင်းဓာတ်ပုံများ

ရန်ကုန်၊ ဒီဇင်ဘာ - ၁၉

ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သို့ ယခုတစ်ပတ်အတွင်း သွားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။
ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် ယနေ့ ကျင်းပခဲ့သော အစည်းအဝေးတွင် အင်န်အယ်လ်ဒီပါတီ ပြန်လည်မှတ်ပုံတင်ရေးအတွက် ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့ကို ရွေးချယ်ခဲ့ရာ ဦးတင်ဦး နှင့် ဒေါ်အောင်ဆန်းစုကြည်တို့က ရွေးချယ်ခံခဲ့ရသည်။ ထို့ကြောင့် ပါတီပြန်လည်မှတ်ပုံတင်ရေးအ တွက် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လာမည့် ဒီဇင်ဘာ ၂၃ ရက် (သောကြာနေ့)တွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးအပါအ၀င် ပါတီမှ တာဝန်ရှိသူများ သွားရောက်မှတ်ပုံတင်မည်ဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ဆက်လက်ပြောသည်။
ပါတီမှတ်ပုံတင်ရေးအတွက် ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်ရွေးချယ်ခြင်းမှာ မှတ်ပုံတင်ပြီး နောက် ပါတီကို ပြန်လည်ဖွဲ့စည်းပါက ၄င်းတို့မှာ ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်ဖြစ်ရမည်ဟု ဆိုလိုရင်းမဟုတ်ဘဲ၊ ပါတီမှတ်ပုံတင်ရေးအတွက်သာ ရွေးချယ်တာဝန်ပေးခြင်းဖြစ်ကြောင်းလည်း ယနေ့ ပြုလုပ်သောအစည်းအဝေးသို့တက်ရောက်ခဲ့သော ဦးဥာဏ်ဝင်းနှင့် ဦးဝင်းတင်တို့ကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အတွက် ယခုအကြိမ် နေပြည်တော်သွားရောက်ခြင်းမှာ ဒုတိယအကြိမ်ဖြစ် သည်။ ပထမအကြိမ်မှာ သြဂုတ်လ ၁၉ နှင့် ၂၀ ရက်တို့တွင်  နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံ ရန်နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့စဉ်က ဖြစ်သည်။
အင်န်အယ်လ်ဒီပါတီမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ နိုဝင်ဘာ ၂၅ ရက်တွင် ပါတီတည် ထောင်ရန် လျှောက်ထားပြီး ဒီဇင်ဘာ ၁၂ ရက်တွင် ပါတီတည်ထောင်ခွင့်ရခဲ့သည်။

No comments:

Post a Comment