Thursday, December 8, 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှုးဟောင်းဖြစ်တဲ့ ဦးလွင်ရဲ့ ဈာပနအခမ်းအနား ဗွီဒီယိုမှတ်တမ်း

 NLD Secretary, U Lwin passed away at age 88. Daw Aung San Suu Kyi, Secretary General of the National League of Democracy once described U Lwin as a "guardian" of the party.အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှုးဟောင်းဖြစ်တဲ့ ဦးလွင်ရဲ့ ဈာပနအခမ်းအနားကို ဒီကနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၁း၃၀ က ရေဝေးသုဿန်မှာ ပို့ဆောင်မီးသဂြိုလ်ခဲ့ပါတယ်။ဒီဇင်ဘာလ ၆ ရက်နေ့ ည ၈း၄၀ အချိန်က လူကြီးရောဂါနဲ့ အမှတ် (၁၅ A) ကမ္ဘောဇရိပ်သာ နေအိမ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၈ နှစ် ရှိပြီဖြစ်ပါတယ်။
ဦးလွင်ရဲ့ဈာပနကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ နိုင်ငံရေးပါတီတွေမှ ပုဂ္ဂိုလ်တွေ၊ ပြည်ပ သံတမန်တွေနဲ့နိုင်ငံရေးအသိုင်းအဝိုင်းကမိတ်ဆွေတွေစုံစုံလင်လင်လာရောက်ခဲ့ကြပါတယ်။နိုင်ငံရေးပါတီတွေနဲ့ မိတ်ဆွေတွေက လွမ်းသူ့ပန်းခြင်းတွေ၊ ပန်းခွေတွေ အသီးသီးပို့ဆောင်ပြီး ဦးလွင်ရဲ့နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
ဦးလွင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ခဲ့တဲ့အချိန်ကတည်းက ပါတီတွင်း ဝင်ရောက်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲအောင်နိုင်ရေးမှာ တတပ်တအား ကြိုးစားခဲ့သူဖြစ်ပြီး ၁၉၉၁ မှ ၉၅ ခုနှစ်အထိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာအတွင်းရေးမှုးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

No comments:

Post a Comment