Thursday, December 22, 2011

ကျွန်ုပ်တို့ Groupရဲ့ အမြင်နဲ့ ဆန္ဒ

 Friday, December 23, 2011 at 12:39am
မြန်မာနိုင်ငံမှာကြံ့ဖွံ့အစိုးရနှင့်လက်တွဲပြီး ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်မယ်လို့
ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်
ကြံဖွံ့အစိုးရထံ မှတ်ပုံတင်ကာ ကြားဖြတ်ရွေးကောက်ပွဲ မည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချ ကြေငြာခဲ့သည်။
၁၉၉၀ ရလာဒ်နှင့် ဂန္ဒီခန်းမကြေငြာ စာတမ်းကို ကျောခိုင်းကာ ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ ပါသော်လည်း အရပ်သားအမည်ခံ စစ်ခေါင်းဆောင်များဖက်မှ ပျော့ပျောင်းသော လိုက်လျောမှုတစုံတရာကို မရရှိခဲ့ပါ။
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ သမ္မတဦးသိန်းစိန်က နိုင်ငံရေးအကျဉ်းသားများနှင့် ပါတ်သက်၍ ပြောကြားရာတွင် ယုံကြည်မှုကြောင့် အကျဉ်းချခံနေရသော နိုင်ငံရေးအကျဉ်းသား ဆိုသည်ကို မိမိလက်မခံကြောင်းနှင့် ...
လွှတ်ပေးမည့် ကိစ္စကိုလည်း တစုံတရာ တိတိကျကျရေရေရာရာ ပြောကြားသွားခြင်း မရှိခဲ့ပါ။အရပ်သားအစိုးရဆိုသူများ လွှတ်ပေးသော နိုင်ငံရေး အကျဉ်းသားဆိုသည်မှာ လွတ်ရက်ပြည့်ခါနီးသူများနှင့် အချိုသာ ဖြစ်ပြီး၊ အဓိက ခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူ အများစုမပါဝင်ခဲ့ချေ။

ကျွန်ုပ်တို့အနေဖြင့်  လက်ရှိ အရပ်သားအစိုးရ အမည်ခံ စစ်အစိုးရအား၊ အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းကြောင်းပေါ်သို့ စစ်မှန်စွာ လျှောက်လှမ်းစေချင်ပါသည်။  လက်ရှိမြန်မာနိုင်ငံတွင် တိုင်းရင်းသားများအပေါ် စစ်ရေးအရ ထိုးစစ်ဆင် တိုက်ခိုက်နေမှုများလည်း ပိုမိုမြင့်မားနေပြီး။ အမျိုးသားညီညွှတ်ရေးကို တည်ဆောင်နိုင်ခြင်းလုံးဝ မရှိသေးပါ။

အမျိုးသားရင်ကြားစေ့ရေးအတွက် တောင်းဆိုခဲ့သော ၈၈မျိုးဆက် ခေါင်ဆောင်ကိုမင်းကိုနိုင်နှင့် ၈၈ ကျောင်းသားခေါင်းဆောင်များ၊ တိုင်းရင်သားခေါင်းဆောင်များ၊ ရွှေဝါရောင် သံဃာလှုပ်ရှားမှု ဦးဆောင် ဆရာတော်တပါး ဖြစ်သောအရှင်ဂမ္ဘီရနှင့် သံဃာတော်များကို ဖမ်းဆီးထားခြင်းသည် စစ်အစိုးရက အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်မှုမရှိကြောင့် သက်သေပြချက်တခုဖြစ်သည်။

၂၀၁၁၊ ဒီဇင်ဘာလ၊ .....တွင်လည်း အမေရိကန်ပြည်ထောင်စုအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဟီလာရင် ကလင်တန် မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ်အခါက သူရဦးရွှေမန်းသည်
နိုင်ငံရေး အကျဉ်းသားများအား အသုံးချ၍ အမေရိကန် အစိုးရနှင့် အပေးအယူမှုများပြုလုပ်ကာ နိုင်ငံရေး အကျဉ်းသားများအား  မကြာမီလွှတ်ပေးပါမည်ဟု ကတိကဝတ် ပြုခဲ့သော်လည်း ယခုတိုင် လွှတ်ပေးခြင်း မရှိသေးပါ။
သို့သော်လည်း မြန်မာပြည်တွင်း၍သာမကဘဲ ကမ္ဘာတဝှမ်းတွင် ပျံ့နှံ့ရောက်ရှိနေကြသော မြန်မာပြည်သူပြည်သားအနေဖြင့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်
ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသားများ အလုံးစုံ လွတ်မြောက်စေရန် ဆန္ဒများ အမှန်တကယ်ပင် ပြင်းပြစွာ ဖြစ်ပေါ်လျက်ရှိပါသည်။

 မိမိတို့၏ ရင်တွင်းဆန္ဒများကို မြန်မာပြည်တွင်း၌ ထုတ်ဖေါ်ခွင့်မရကြသော မြန်မာပြည်သူများနှင့် အဝေးရောက် မြန်မာပြည်သူများသည် ယခုအခါ Internet ပေါ်ရှိ လူမှုဆက်သွယ်ရေးကွန်ယက်တခုဖြစ်သော face book ပေါ်တွင် နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရေး အပါအဝင် လက်ရှိအစိုးရအားမကျေနပ်ချက်များကို Free Min Ko Naing Now အမည်ဖြင့် အုပ်စု တခုကို ဖွဲ့စည်းခဲ့ပါသည်။

အုပ်စု စတင် ဖွဲ့စည်းချိန်မှ စ၍ အဖွဲ့ဝင်များသည် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် တောင်းဆိုမှုများကို  နေ့စဉ်မပျက် ဆန္ဒထုတ်ဖေါ်ခဲ့ကြပါသည်။ တနေ့မပျက် ဆန္ဒထုတ်ဖေါ်မှုများသည် စတင်တောင်းဆိုချိန်မှ စပြီး ရက်ပေါင်း(၆၀)အတွင်းတွင် လူဦးရေတိုးပွါးမှု မြန်ဆန်လာပါသည်။ သို့သော်လည်း ယခုလို အင်တာနက်ပေါ်မှ တောင်းဆိုနေခြင်းသည် မာကြောလှသော အရပ်သားအစိုးရ ဆိုသူများထံ တိုက်ရိုက် ထိရောက်ခြင်း မရှိဟု ကျွန်ုပ်တို့ သဘောပေါက်ထားပါသည်။
သို့သော် ကျွန်ုပ်တို့ မြန်မာပြည်သူပြည်သားတို့၏ ဆန္ဒများသည် ဤကဲ့သို့ ရှိနေကြောင်းကို ထို groupပေါ်၇ှိ နေ့စဉ်တောင်းဆိုချက်များကို သက်သေထား၍ ကြံ့ဖွံ့အစိုးရအား တိုက်တွန်းပြောကြားပေးနိုင်သော သက်ဆိုင်ရာ အဖွဲ့အစည်း ၊ ပုဂ္ဂိုလ်များထံ ပေးပို့ အကူအညီတောင်းရန် ရည်ရွယ်ချက်ဖြင့် ကမ္ဘာ့နေရာ အသီးသီး၌ ပျံ့နှံ့နေကြသော မြန်မာပြည်သူပြည်သားတို့၏ ဆန္ဒများကို အချိန်တိုအတွင်း၌ အလွယ်တကူ စုစည်းဖေါ်ပြနိုင်သော ဤ နည်းကို အသုံးပြုလိုက်ရခြင်းဖြစ်ပါသည်။ထို့ကြောင့် ပိုမိုထိရောက်အောင် စွမ်းဆောင်ပေးနိုင်ကြသော လူပုဂ္ဂိုလ်များ၊ နိုင်ငံ့အကြီးကဲများ၊ နိုင်ငံတကာအဖွဲ့စည်းများထံ မိမိတို့၏အသံများရောက်အောင် ကူညီဆောင်ရွက်ပေးခြင်း၊ အကြံဥာဏ်ပေးခြင်းများကို ပြုလုပ်ခြင်းဖြင့် အားလုံးဝိုင်းဝန်းကူညီင်္ပေးကြပါရန် မေတ္တာရပ်ခံလိုက်ပါသည်။
လေးစားစွာဖြင့်....
  Free Min Ko Naing Now Group အဖွဲ့ဝင်များ။
https://www.facebook.com/groups/freepoliticalprisoners/

No comments:

Post a Comment