Saturday, January 14, 2012

2007 Student leader SithuMaung arrives to Yangon from Butheetaung Prison

ဗကသကျောင်းသားခေါင်းဆောင် စည်သူမောင်ဟာ ဘူးသီးတောင်ထောင်ကနေ ဇန်နဝါရီလ ၁၃ ရက်နေ့က လွတ်မြောက်လာပါတယ်။ စည်သူမောင်ဟာ ရွှေဝါရောင်ဆန္ဒပြပွဲ အတွင်း ဦးဆောင် ပါဝင်ခဲ့မှုကြောင့် ထောင်ဒဏ် ၁၁ နှစ်ခွဲ ချမှတ်ခံခဲ့ရပြီး နယ်ဝေးထောင်ကို အပို့ဆောင်ခံခဲ့ရတာ ဖြစ်ပါတယ်။ စည်သူမောင်ရဲ့ မိဘနှစ်ပါးဟာလည်း အာဏာပိုင်တွေမှ စည်သူမောင်ကို လာရောက်ဖမ်းဆီးစဉ် အိမ်တံခါးဖွင့်ပေးဖို့ နောက်ကျမှုနဲ့ ထောင်ဒဏ် ၆ နှစ်စီ ချမှတ်ခံခဲ့ရပါတယ်။ အခုအခါ စည်သူမောင်ဟာ ဘူးသီးတောင်ထောင်ကနေ ဇန်နဝါရီလ ၁၃ ရက်နေ့က လွတ်မြောက်လာပြီး ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို ဒီကနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ရောက်ရှိလာတာ ဖြစ်ပါတယ်။http://www.youtube.com/user/BurmaVJMedia?feature=watch

No comments:

Post a Comment