Thursday, January 12, 2012

လတ်တလောရလာတဲ့သတင်းပါခင်ဗျာ။အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာသူများစာရင်း ဓါတ်ပုံ



၁-ကိုမင်းကိုနိုင်၊
၂-ဦးခင်ညွှန်
၃-ဦးကိုကိုကြီး
၎-၊ဦးခွန်ထွန်းဦး
၅-ကိုဌေးကြွယ်
၆-ဘန်ဒိတ်ထွန်း
၇-ဦးဂမီရ
၈-မမီးမီး
၉-မနီလာသိန်း
၁၀-ကိုဥာဏ်လင်း
၁၁-မသက်သက်အောင်
၁၂-ကိုဇော်ဇော်မင်း
၁၃-အံဖွယ်ကျော်
၁၄-၊ဒေါက်တာတင်မင်းထွဠ်
၁၅-မင်းဇေယျာ
၁၆-ကိုမြအေး
၁၇-ကိုဂျေမီ
၁၈-ကိုမျိုးအောင်နိုင်
၁၉-ကိုသန်းတင်
၂၀-ကိုလှမျိုးနောင်
၂၁-ကိုသက်ဇော်
၂၂- ကိုပြုံးချို
၂၃-ကိုဇော်သက်ထွေး
၂၄-မစနာမင်း
၂၅- ဦးညီပု နောက်ထပ်ရရှိသည့် အချက်အလက်များ၊ ဇန်န၀ါရီ ၁၂ရက်၊ ည ၁၀ နာရီ

ရှမ်းပြည်နယ်ရှိ ထောင်များမှ နိုင်ကျဉ်းအားလုံးနီးပါး လွတ်မည်ဟု ယုံကြည်ရသည့် သတင်းရပ်ကွက်မှပြောသည်။ မိုင်းဆတ်ထောင်တွင် အကျဉ်းကျနေသည့် ကိုကိုကြီး (KKK) လွတ်မြောက်မည်ဟု ကြားသိရသည်။ နံနက်ဖြန် လေယာဉ်ခရီးစဉ်ရှိသည့် အကျဉ်းထောင်များမှ လွတ်မြောက်သူအားလုံး လေယာဉ်ဖြင့် ပြန်လာနိုင်ရန် အစိုးရက စီစဉ် ထားရှိသည်ဟုလည်း သိရှိရသည်။

ကျောက်ဖြူထောင်တွင် ရှိသည့် နိုင်ငံရေး အကျဉ်းသား ၉ ယောက်အနက် ရွှေခမောက် ကိုရွှေမောင် နှင့် တပ်မတော်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီးဟောင်း စိုးညွန့် နှစ်ဦး စာရင်းတွင် ပါရှိသည် ဟုသိရှိရသည်။ By Yan goon Press International မနက်ဖြန် လွတ်မြောက်မည့် အထဲတွင် ဗိုလ်ချုပ်ခင်ညွန့်နှင့် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ခေါင်းဆောင် ဦးခွန်ထွန်းဦးတို့ပါဝင်သည်ဟု သိရှိရသည်။
ဗိုလ်ချုပ်ခင်ညွန့်သည် အင်းစိန်ထောင် အရာရှိရိပ်သာ၌ အကျဉ်းကျခံနေရခြင်းဖြစ်သည်။ ယခုသတင်းကို သက်ဆိုင်ရာ မိသားစုဝင်များမှ သီးခြား အတည်ပြုချက် မရရှိသေးပါ။

No comments:

Post a Comment