မြန်မာ့သမိုင်းကြောင်းတစ်လျှောက်
မြန်မာ့ယဉ်ကျေးမှုနယ်ပယ်မှာ
ရဟန်းသံဃာဘုန်းတော်ကြီးများရဲ့
အခန်းကဏ္ဍဟာ အတော်ပင်အရာရောက် ထဲထဲဝင်ဝင် ရှိခဲ့ပါတယ်။
အခန်းကဏ္ဍဟာ အတော်ပင်အရာရောက် ထဲထဲဝင်ဝင် ရှိခဲ့ပါတယ်။
ဟိုအရင် ဘုရင်ပဒေသရာဇ်ခေတ်ကနေ ယနေ့ ခေတ်အထိပါပဲ။
သာသနာရေးဖက်မှာ ကျင်လည်ကြသူတွေဖြစ်ပေမယ့် တိုင်းပြည်နဲ့ လူမျိုး၊အချုပ်အခြာအာဏာနဲ့ဘာသာ သာသနာကို ထိခိုက်လာတဲ့အရေးတွေမှာ ဆရာတော်အရှင်သူမြတ်တို့ဟာ သာမန်လူများနဲ့အတူ လက်တွဲ တိုက်ပွဲဝင်ခဲ့ကြတာ နယ်ချဲ့ ကိုလိုနီခေတ် ၊ ဖက်ဆစ်ဂျပန်ခေတ်နဲ့ လွတ်လပ်ရေးပြီး
တဲ့နောက် အခုထိ တွေ့ရပါတယ်။
သာသနာတော်အဓွန့် ရှည်တည်တံ့ဖို့အတွက် ဆရာဒကာညီညွတ်မှ ဖြစ်ပါမယ်။
ဆရာဖြစ်တဲ့ ရဟန်းသံဃာများ မကြောင့်မကျ သာသနာ့ဝန်ထမ်းဆောင်နိုင်ဖို့အတွက် ဒကာဖြစ်တဲ့သာမန်လူများက ပစ္စည်းလေးပါးပြည့်စုံအောင် ထောက်ပံ့လှူဒါန်ပေးကြရပါမယ်။
ဒကာတွေဆင်းရဲကျပ်တည်းပါလျှင် ဆရာတော်ရဟန်းသံဃာတို့လည်း ကျပ်တည်းဆင်းရဲ သာသနာ့ဝန် ထမ်းဆောင်ရန်ခက်ခဲပါတယ်။
အပြန်အလှန်အမှီသဟဲပြုနေတဲ့ လူမှုဆက်ဆံရေးတစ်ခုပါ။
ဒါကြောင့်
မြန်မာ့လူမှုနယ်ပယ်မှာ ထိပ်ဆုံးက နေရာပေးခံထားရတဲ့ ဆရာတော် ရဟန်းသံဃာများရဲ့
အခန်းကဏ္ဍကို ဖျက်ဆီးမှေးမှိန်အောင်လုပ်လျှင် မိမိယုံကြည်ကိုးကွယ် ကျင့်ကြံ့ အားထုတ်တဲ့
ဗုဒ္ဓဘာသာ သာသနာတော်ကြီးကို ဖျက်ဆီးနေတာနဲ့ အတူတူဖြစ်နေတယ်ဆိုတာ သတိရှိဖို့လိုပါတယ်။
—
No comments:
Post a Comment