Saturday, January 12, 2013

အညတရများထဲများထဲက ကျွန်တော်သိသောအညတရသံဃာတစ်ပါး

ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာကြီးမှာ အယူအဆအမျိုးမျိုးနဲ့ ရှင်သန်နေထိုင်နေကြပါတယ်။ ဒီလိုအယူအဆတွေ ကြောင့် ကျွန်တော်တို့တွေဟာ တူရာယုံကြည်ချက်နဲ့ ပေါင်းစည်းကြသလို မတူတာတွေကိုလည်း တွန်းလှန်ကြ တာ အားလုံးသိမြင်ကြတဲ့အတိုင်းပါပဲ။
ဒီလိုတွန်းလှန်ရေးမှာ လူမျိုးပေါင်းစုံ ပုံစံပေါင်းစုံနဲ့ တိုက်ပွဲဝင်နေကြသူတွေရှိပါတယ်။ တစ်ချို့ဆိုရင် မိသားစုတွေနဲ့ကင်းကွာကြပါတယ်။ ဒီလိုကင်းကွာကြတာတောင် ပုံစံအမျိုးမျိုးရှိကြပါသေးတယ်။ တစ်ချို့က သေခြင်းတရားနဲ့ ကွဲကွာသလို တချို့ကတော့ ဟိုအဝေးကြီးက ထောင်တွေနေထိုင်ကြသလို တစ်ချို့က တော့ နိုင်ငံရပ်ခြားတွေမှာ နေထိုင်နေကြပါတယ်။
ဒီလိုနေထိုင်မှုပုံစံအသီးသီး ကိုယ်တိုင်းပြည်အတွက် ကောင်းစားရေးဟူသောယုံကြည်ချက်တွေနဲ့ ရှင်သန်နေထိုင်ကြတဲ့သူတွေ အမျိုးမျိုးထဲမှာ ကျွန်တော်ရဲ့ အမှတ်မထင် အင်တာနက်ကနေ သိခွင့်ရင်းနှီးခွင့် ရတဲ့ မြန်မာပြည်က သံဃာတော်တစ်ပါး ရှိခဲ့ပါတယ်။
သူဟာ အသက်အရွယ်အရ ငယ်ရွယ်သလောက် ရည်မှန်းချက် ကြီးမားသူပါ။ သူဟာ ၂၀၀၇ စက်တင်ဘာအရေးအခင်းကနေ မွေးဖွားလာတဲ့ အညတရသူရဲကောင်းရဟန်းတစ်ပါးပါ။ဦးဇင်းဘွဲ့ နာမည်တော်က ဦးဇင်းထာဝရတဲ့။ ကျွန်တော်နဲ့ ရင်းနှီးခွင့်ရတဲ့ သံဃာတော်တစ်ပါးပေါ့။
ဦးဇင်းက စက်တင်ဘာအရေးအခင်း(ရွှေဝါရောင်တော်လှန်ရေး)မှာ ဦးဆောင်ခဲ့တဲ့ သံဃာတော်တစ် ပါးဆိုတာ သက်သေပြနိုင်ပါတယ်။ဦးဇင်းရဲ့ ထင်ရှားတဲ့ပုံရိပ်တွေကတော့ ရွှေတိဂုံဘုရားပေါ်မှာ သံဃာတော် တွေကို မေတ္တာပို့ ဆန္ဒဖော်ထုတ်ပွဲကို သွားမယ်လမ်းခရီးကို အများသူတကာ သိအောင် လိုက်လံပြောကြား ပေးခြင်းတွေနဲ့ အများရှေ့ကနေ ဦးဆောင်တက်ကြွစွာ ပါဝင်မှုတွေပါ။
ဒီလိုနဲ့ ဦးဇင်းဟာ စစ်အစိုးရ ခေါ် သန်းရွှေ ခေါ် နအဖ အုပ်ချုပ်ရေးအောက်ကနေ တိုင်းပြည်က ဒီမိုက ရေစီစနစ်ရအောင် တွန်းလှန်ခဲ့ပေမဲ့ နအဖရဲ့ရက်စက်မှုတွေကြောင့် ဒီသံဃာအရေးအခင်းဟာ ကြေမွပျက်စီးခဲ့ ပါတယ်။ ဒီလိုတွေကြောင့် ဦးဇင်းလည်း အားမတန် မာန်လျှော့ဆိုတဲ့အတိုင်း တိမ်းရှောင်နေခဲ့ရပါတယ်။ ဒီလို နဲ့ ပြည်တွင်းမှာ ပုံစံအမျိုးမျိုးနဲ့ တိမ်းရှောင်ခဲ့ရပြီး ပြည်ပနိုင်ငံတွေမှာ ခိုလှုံနေခဲ့ရပါတယ်။
ဦးဇင်းထာဝရဟာ တိုင်းပြည်ကနေ အဝေးက နိုင်ငံတွေဆီမှာ နေထိုင်ပေမဲ့တိုင်းပြည်အရေးကို အထူး အလေးထားပြီး ပြုလုပ်ခဲ့ပါတယ်။ တိုင်းပြည်အတွင်းက တက်ကြွတဲ့လူငယ်နိုင်ငံရေးသမားတွေ ဘာတွေလိုအပ် သလဲဆိုတာကို အထူးအလေးစိုက်ပြီးသူရဲ့ကိုယ်ပိုင်တရားပြဒါနကနေ ရရှိလာတဲ့ငွေကြေးတွေကနေ ထောက် ပံ့ကူညီခဲ့ပါတယ်။ ဦးဇင်းရဲ့ ထောက်ပံ့ပေးမှုတွေကနေ ထင်ရှားလာတဲ့ နိုင်ငံရေးတက်ကြွလူငယ်တွေလည်း ပေါ်ထွန်းလာခဲ့ပါတယ်။
ဦးဇင်းက ဒီလိုအများအကျိုးအတွက် ကောင်းမွန်အောင် သူဖန်တီပေးထားပေမဲ့ သူရဲ့ စိတ်ကလေးမှာ သူရဲ့မွေးဖွားရာဇာတိရပ်ကလေးဖြစ်တဲ့ ဧရာဝတီတိုင်း ဖျာပုံမြို့နယ်က နောင်တော်ကြီးကျေးရွာလေးမှာ စာကြည်တိုက်နှင့်ဆေးပေးခန်းကလေးကို ဖြည့်ဆည်းပေးချင်နေတာပါ။ ဒါပေမဲ့ သူမှာ လုံလောက်တဲ့ အင်အားကမရှိတော့ စိတ်သွားတိုင်း လူမပါခဲ့ဘူး။
ဦးဇင်းကသူနေထိုင်ရာ နော်ဝေးနိုင်ငံမှာလည်း နော်ဝေးနိုင်ငံနေ မြန်မာကလေးငယ်များကို မြန်မာ စာ နှင့် မြန်မာစကားကို ပြောတတ်အောင် လေ့ကျင့်သင်ကြားပေးသလို ထေရ၀ါဒဘာသာရေးအကြောင်း ၊ မြန်မာလူမျိုးတွေရဲ့ကိုးကွယ်ရာ ဘာသာရေးအကြောင်းတွေကို သင်ကြားပို့ချပေးနေပါတယ်။ ဒီလိုပို့ချပေးမှု ကနေ မြန်မာလူငယ်များ မြန်မာ့ကလေးငယ်များဟာ ကိုယ်နိုင်ငံ ကိုယ်ဘာသာ ကိုယ့်ယဉ်ကျေးမှုကိုပိုမို သိရှိ လာကြပါတယ်။ ဒီလိုလေး ပြုစုပျိုးထောင်ပေးရာကနေ မြန်မာလူမျိုး မြန်မာစိတ်ဓာတ်ကို အခုလို သိရှိလာခဲ့တာ ကြောင့် ဦးဇင်းရဲ့ ကြိုးစားအားထုတ်မှုကိုလည်း အလေးအနက် သတိထားမိစေခဲ့ပါတယ်။
ဒါတင်မကသေးပါဘူး။ ဦးဇင်းဟာ မိဘမဲ့ကလေးများအတွက် ကျောင်းတစ်ကျောင်းကိုလည်း အချိန် အတော်ကြာအောင် ပြုစုပျိုးထောင်နိုင်ခဲ့ပါတယ်။ အခုဆို ဦးဇင်းတို့နေထိုင်ရာ နိုင်ငံဖြစ်တဲ့နော်ဝေးနိုင်ငံမှာလည်း ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းဖြစ်ပေါ်လာရေးအတွက်လည်း အားသွန်ခွန်စိုက် ပြုလုပ်ဆောင်ရွက်နေ ပါတယ်။
ဦးဇင်းဟာ တိုင်းပြည်ရဲ့အဝေးကနေ နေထိုင်ပေမဲ့ တိုင်းပြည်တွင်းက ဘာသာရေးတိုက်ပွဲဖြစ်ပွား ခဲ့တဲ့ ရခိုင်နဲ့ ဘင်္ဂလီတိုက်ပွဲတွေကြားမှာလည်း ကိုယ်နိုင်ငံကိုးကွယ်တဲ့ဘာသာတရားဘက်ကနေကော အမှန်တရား ဘက်ကနေ ပြတ်ပြတ်သားသားတွန်းလှန် ထောက်ခံမှုပြုခဲ့ပါတယ်။ ဒီအပြင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး သံဃာတော်တွေရဲ့ သပိတ်မှောက်ဆန္ဒပြမှုတွေကိုလည်း ထောက်ခံအားပေးခဲ့ပါတယ်။ ဦးဇင်းထာဝရက မြန်မာပြည်က သံဃာအဖွဲ့အစည်းက ခေါင်းဆောင်တွေကို အမြဲတိုက်တွန်းတွန်းအားပေးလျက်ရှိပါတယ်။ ကြေးနီစီမံကိန်းနဲ့ပတ်သတ်လို့ ဒဏ်ရာတွေရခဲ့တဲ့ဦးဇင်းတွေအတွက်လည်း ထိခိုက်ကြေကွဲရပြီး မျက်ရည် ကျ ထိ ခံစားခဲ့ရပါတယ်။ ဒါတွေနဲ့လည်း ပတ်သက်ပြီး များစွာအထောက်အကူတွေ ပြုပေးခဲ့ပါတယ်။
ဦးဇင်း ဟာ အသက်အရွယ် ငယ်ရွယ်ပေမဲ့ အလုပ်ကို လုပ်ကိုင်ရာတွင်လည်း စနစ်တကျ လုပ်ကိုင် ဆောင်ရွက်ပါတယ်။ ဒါ့အပြင် အမှားကိုလည်း ၀န်ခံရဲတဲ့သတ္တိရှိပါတယ်။ အလုပ်နဲ့ပတ်သက်ရင် အားမနာ တက်သလို့ ပြတ်ပြတ်သားသား ဆောင်ရွက်ပါတယ်။
ကျွန်တော်ဟာ ဦးဇင်းနဲ့မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ရသလို့အွန်လိုင်းကနေ မကြာခဏ စကားပြောဖြစ် ရသလောက် သူ့အကြောင်းတွေ သိခွင့်ရခဲ့ပါတယ်။ သူရဲ့ကောင်းမွန်လှတဲ့စိတ်ဓာတ်အကြောင်းတွေ သတိတ ရနဲ့ ရေးသားဖော်ပြခဲ့တာပါ။ မှားတာရှိခဲ့ရင် လိုအပ်ချက်တွေလည်း ရှိနေခဲ့ရင် တောင်းပန်အပ်ပါတယ်………..
အရှင်ထာဝရ၏ ဒီနေ့ကျရောက်သော မွှေးနေ့အမှတ်တရ ၁၂-၀၁-၁၉၈၄

No comments:

Post a Comment