Thursday, March 14, 2013

မသွဲ့သွဲ့ဝင်းနှင့်မအေးနက် သိစေရန်

မသွဲ့သွဲ့ဝင်းနှင့်မအေးနက် သိစေရန်

စာမရေးဖြစ်တာ အတော့ကိုကြာပါပြီ။ အခုတော့ အသဲနာလို့ရေးပါရစေ။ ဒီလိုပြဿာနာမျိုးကို သူရဲဘောကြောင်သူတွေ မဖြေရှင်းရဲကြပါဘူး။ ဒါမျိုးက တိုင်းပြည်တိုင်း စပ်ကူးမတ်ကူးမှာ မလွဲမသွေရင်ဆိုင်ရမဲ့ ပြဿာနာမျိုးပါ။ ဘေးကထိုင် ဘုပြောတာလွယ်ပါတယ်။လက်တွေ့ရင်ဆိုင်ရဖို့ခက်တယ်။
ပြဿာနာကိုရိုးရှင်းစွာနဲ့ဖြစ်နိုင်ခြေတွေထဲက ဖြေရှင်းသွားတာပါပဲ။နိုင်ငံကို ဦးဆောင်မယ်ဆိုရင် ခေါင်းခံရဲတဲ့ သတ္တိလိုတယ်။
ခေါင်းမခံရဲလို့ ရှောင်နေသူတွေနဲ့နှိုင်းစာရင်အမေစုရဲ့လုပ်ရပ်မှန်သည်ဖြစ်စေ-မှားသည်ဖြစ်စေတာဝန်ခံတာကိုချီးကျူးဂုဏ်ပြုပါ တယ်။
တစ်ချို့သောကိစ္စတွေကို မျက်ကွယ်ပြုထားလို့ရပေမဲ့ တိုင်းပြည်နဲ့ပြည်သူအကျိုးဆိုရင်တော့ ဘယ်လိုမှ မျက်ကွယ်ပြုမဲ့ လူမျိုးမဟုတ်တဲ့ အမေစုလို ပုဂ္ဂိုလ်မျိုးက ပြည်သူကို သစ္စာဖောက်ဖို့ဆိုတာ တွေးစရာတောင်မလိုဘူး။အခုဖြစ်နေတဲ့ အခြေနေက ခေါင်းဆောင်ကောင်းပီသစွာ လမ်းမပေါ်မှာ ပြည်သူနဲ့တသားထဲရှိတယ်ဆိုတာကို သက်သေပြလိုက်တာပါပဲ။တော်လှန်ရေးလုပ်တယ် ဆိုတာ ကိုယ်အကျိုးစီးပွားအတွက်လုပ်တာ မဟုတ်ဘူးဆိုတာ လူတိုင်းသိပါတယ်။အသိခေါက်ခက် အ၀င်နက်ဆိုတဲ့အတိုင်း ဒေါင်းယောင်ဆောင်သော ကျီးမိုက်တွေကြောင့် မလိုလားအပ်တဲ့ ပြသာနာတွေဖြစ်မှာကို စိတ်ပူနေတဲ့ အမေ့မျက်လုံးတွေက သက်သေပြနေပါတယ်။
ဥာဏ်နည်းသူတွေကတော့ ဒီကိစ္စတွေဖြစ်တာ ဦးပိုင်ကို လက်ညှိုးထိုးကောင်းတုန်း...... တကယ်တန်းက တစ်ခြားကိစ္စတွေမှာပါ ဦးပိုင်နဲ့ မပါတ်သတ်ပေမယ့်လည်း ပြဿနာတွေ ရှိနေတာ၊ ပြဿနာတွေ ထပ်ထွက်လာတာတွေကို သတိထားကြည့်ရင် မြင်ရမှာပဲ...... ဘာလို့လည်းဆိုတော့ နောက်ကွယ်က လက်သည်က ဆန္ဒပြမှုတွေ တစ်ခုပြီးတစ်ခုဖြစ်ဖို့ကို ရည်ရွယ်နေလို့ပဲ.......
စာရေးသူကတော့ အရှိတရားကို လက်ခံတယ်။ဟိုအရင်က အမေပြောခဲ့တာလေးကို သတိရမိပါတယ်။တိုင်းပြည်အတွက်ဆိုရင် ပြည်သူကပေးသမျှအပြစ်တွေခံပါ့မယ်တဲ့။ဒါကြောင့်လည်း သူကမ္ဘာကျော်နေတာပေါ့။သူလို့သူမျိုးကို ကမ္ဘာကလိုချင်နေကြတာ သူအတွက် နေရာဆိုတာမလိုဘူး။ ရေးလိုက်ကြတဲ့ ကဗျာ၊စာတွေ မကုန်ဘူး ဘယ်အရာနဲ့မှာတုနိုင်းယဉ်လို့ကိုမရဘူး။သူဂုဏ်သိက္ခာကြီးမားနေတယ်။ဒီနေ့ကျောင်းက သူငယ်ချင်းကပြောတယ် မင်းတို့လူမျိုးတွေ သိမ်ရိုင်းတာပဲတဲ့ တစ်ကမ္ဘာလုံးက လေးစားအားကျ စံထားရတဲ့ သူရဲကောင်းအာဇာနည်းအမျိုးသမီးကြီးကို ရန်တွေ့သလိုပြောနေတာ အံ့စရာပါပဲတဲ့ မြန်မာလူမျိုးဆိုတာ ခင်ပွန်းကြီး၁၀ပါးကို သိတတ်တဲ့လူမျိုး ကမ္ဘာမှာအယဉ်ကျေးဆုံးလူမျိုးစသည့်ဖြင့် ပြောဆိုနေကြတာ အခုတော့လွှဲမှားနေသလားကွာတဲ့ သူပြောတာလဲ မှန်နေတော့ ဘာပြန်ပြောရမှန်းမသိလောက်အောင် ပါးစပ်လေးဟပြီး ငြိမ်ခံလိုက်ရပါတယ်။
ကမ္ဘာကျော် အမျိုးသမီးကြီးဟာ တတိုင်းပြည်လုံးရဲ့ အခက်အခဲကို တတ်နိုင်သလောက် တဦးထဲ ဒိုင်ခံဖြေရှင်းပေးနေတာ တချက်ကလေးမှ မတုန်လှုပ် မတွေဝေသလို ဘယ်သူမှလည်း ကြောက်မနေခဲ့ပါဘူး။သူလိုသတ္တိမျိုးနဲ့တွေ့ချင်ခဲ့တာပါ လက်ပံတောင်းသူ မအေးနက်တို့ မသွဲ့သွဲ့ဝင်းတို့ရေ အခုတော့ လမ်းဘေးက ဈေးသည်လောက်အဆင့်ပဲဖြစ်နေပါလား။
အစိုးရ၊ စစ်တပ်၊ နိုင်ငံရပ်ခြားက ကုမ္ပဏီ၊ ဒေသခံလူထု အစုစု အဖွဲ့၊ အသင်းအပင်းတို့ရဲ့ ယုံကြည်ရာ အားကိုးရာ ဖြစ်ခဲ့ပါတယ်။ အမျိုးသမီးပါဝါ အထူးသဖြင့် မြန်မာ့အမျိုးသမီးတွေရဲ့အားကို တဦးထဲ ထင်ပေါ်စွာ နမူနာထုတ် သက်သေခံပြချက်ကတော့ ကြောက်စရာပါ၊ လန့်စရာ၊ ထိတ်စရာပါ။ ဘယ်သူ တဦးတယောက်ကမှ သူ့ကို မယှဉ်နိုင်ပါ။ သူလိုစိတ်ဓါတ်မျိုးနဲ့လုပ်မယ်ဆိုရင် နေရာကောင်းလေးတစ်ခု အဖြစ် ကျန်နေမှာသေချာပါတယ်။ သံမဏိမယ်ဆိုတဲ့ မယ်ဘွဲ့ကို ကမ္ဘာသတင်းဌာနကြီးက မသွဲ့သွဲ့ဝင်းကို ရွေးချယ်ခဲ့တာစဉ်စားစရာပဲ တကယ်ဖြစ်လာတော့ မိုးထဲရေထဲ တို့အမေ တစ်ကိုယ်တော်ကြဲရတာပဲ.... ပြောချင်တာတွေ အများကြီးရှိပေမယ့် ထောက်ရမယ့် အခွက်တွေကြောင့် မပြောတော့တာ.... အမေ့ကိုလဲ သနားတယ်... ပြည်သူတွေအတွက်လဲ ကိုယ်ချင်းစာတယ်.... သေရာပါ မချိမဆန့် ခံစားခဲ့ရတဲ့ သံဃာတော် ၉၉ပါးကြောင့်လဲ စိတ်မချမ်းမသာ ဖြစ်ရတယ်... ဒီစီမံကိန်းကို သဲတစ်ရှပ်ရှပ် ဝက်သားတုံးကြီးလို့ပဲ မြင်မိတာကတော့ အမှန်ပါ......
သွဲ့သွဲ့ဝင်းအမေစုကိုဖက်ပြီးကျတဲ့မျက်ရည်တွေမယုံဘူး
ခင်ဗျားတို့တိုင်းပြည်ကိုတကယ်မချစ်ကြဘူး
ကိုယ်လိုက်မမှီတိုင်းဘူးခံငြင်းတတ်တာဖြေးရှင်းချက်လို့ခင်ဗျားတို့ကိုဘယ်သူပြောလဲ
အမေစုအိပ်မပျော်လောက်သေးပါဘူး
သူ့စိတ်မကောင်းဟန်တခါမှမတွေ့ဖူးဘူး
ခင်ဗျားတို့ဗျာ . . . လုပ်ရက်ကြတယ်
အခုတော့ သနားစရာကနေ့ တရားခံဖြစ်နေကြပြီးဆိုတာ မသိကြတဲ့ ခင်ဗျားတို့လို လူကြောင့် အာဏာရှင် စစ်နစ်သက်ဆိုးရှည်နေတယ်ဆိုတာ ယုံတော့တယ်ဗျာ...ကိုယ်နဲ့ထိုက်တဲ့ အစိုးရပဲရတယ် ဆိုတာ အခုလုပ်ရက်တွေက သက်သေခံနေပြီဗျာ.....တစ်ကယ်ခင်ဗျားတို့လုပ်ရမှာက အမေစုမဟုတ်ဘူး ဦးသိန်းစိန်းအစိုးရကို ပြောရမှာ အမေစုက ပြည်သူကိုချစ်တယ်ဆိုတာ အခုသက်သေပြလိုက်တာပဲ ခင်ဗျားတို့လည်း ခေါင်းဆောင်ကောင်းမဖြစ်ထိုက်တဲ့ ခေါင်းရှောင်းတွေပဲအမေစုကကိုယ်အလုပ်တဲ့အလုပ်ကိုတာဝန်းယူရဲတယ်ဆိုတာကိုသက်သေပြလိုက်တာခင်ဗျားတို့အမေအရွယ်လောက်ရှိတဲ့ မိန်းမတစ်ယောက်ကို အခုလိုဆက်ဆံလိုက်တာဟာ ခင်ဗျာတို့ အဆင့်အတန်းကိုဖော်ပြလိုက်တာပဲဆိုတာ ပြောစရာကိုမလိုတော့ဘူးဗျာ။
ခင်ဗျားတို့ဖတ်ဖို့ ကိုဝလုံးစာလေးနဲ့ပဲအဆုံးသတ်လိုက်ပါတယ်။
ငါတို့ အမေ စိတ်မပျက်ဘူး .....
ငါတို့ အမေ လိပ်ပြာလုံတယ် ...
ငါတို့ အမေ မကြောက်တတ်ဘူး..
ငါတို့ အမေ မတုန်လှုပ်ဘူး...
ငါတို့ အမေ မတွန့်ဆုပ်ဘူး ..
ငါတို့ အမေ ရဲရင်တယ် ...
ငါတို့ အမေ ရင်ဆိုင်ဝံ့တယ် ..
ငါတို့ အမေ တာဝန်ယူရဲတယ် ..
ငါတို့ အမေ ရိုးသားတယ် ..
အာဏာရူးတွေကြောင့်
တိုင်းပြည်မွဲခဲ့ရတယ်
ပြည်သူနဲ့အမေ့ကို ခွဲဖို့ မင်းတို့ အကြိမ်ကြိမ် ခြောက်တွန်းခဲ့တာ
မင်းတို့ထောင်ခြောက်ဆင်ခဲ့တာ တွေ
မင်းတို့ ရဲ့ခြေလှမ်းတွေ
ပြည်သူတွေ အသိကွ
ဘယ်တော့မှ မင်းတို့ ခြောက်လှန့်လို့မရဘူး
ဘယ်တော့မှ မင်းတို့ အနိုင်ယူလို့မရဘူး
ဘယ်တော့မှ မင်းတို့ အစဖျောက်လို့မရဘူး
သမိုင်းကသက်သေပဲ ။ ။စာသား ကိုဝလုံး
ကျမကိုမချစ်တော့လည်းရပါတယ်. ..နိုင်ငံရေးဆိုတာ အချစ်ခံဖို့မှမဟုတ်ပဲ. . . . အချစ်ခံချင်ရင် ကျမ ဇာတ်ကမှာပေါ့ . ........ နိုင်ငံတိုးတက်ဖို့လုပ်လို့ကျမကို အသုံးချလည်းခံနိုင်ပါတယ်... မုန်းသွားလည်းခံနိုင်ပါတယ်ဒေါ်အောင်ဆန်းစုကြည်
စာရေးသူ
၂၀၀၇ မျိုးဆက်
စက်တင်ဘာထာဝရ
ဆဲချင်းသပဆိုရင်ဖုန်းခေါ်ဆဲလိုရပါတယ်။
0047 45554784
အီမေလ်ပို့လဲပြောနိုင်ပါတယ်။uthavara@gamil.com

No comments:

Post a Comment