Wednesday, March 6, 2013

လူငယ်နှင့် ဒီမိုကရေစီ နား၊ မျက်စိနဲ့ ပါးစပ်တွေကို ဖွင့်ကြရမယ့်ခေတ်ကိုရောက်ပြီဆိုတဲ့ မင်းကိုနိုင်နှင့်တွေ့ဆုံခြင်း

အခုလက်ရှိ မြန်မာနိုင်ငံရဲ့အနေအထားကို အကောင်းမြင်တဲ့သူတွေ ကလည်း “ဟာ ကောင်းလာပြီ၊ အများကြီးပြောင်းလဲလာပြီ”လို့ပြောတယ်။ အဆိုးမြင်တဲ့သူတွေကလည်း “တကယ့်တကယ် ပြောပလောက်အောင် ဘာမှရသေးတာ မဟုတ်ဘူး”ဆိုပြီးပြောတယ်။ အစ်ကို့အမြင်ကို သိပါရစေ။
ကျွန်တော် ဒီစကားကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကျော်လောက် က ပြောပြီးသားပါ။ ကျွန်တော် ထောင်ကထွက်လာလာချင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ဖန်ခွက်ထဲမှာ ရေတစ်ဝက်ရှိတဲ့ကိစ္စကို တစ် ၀က်ကြီးများတောင်လို့ ပြောစေချင်တဲ့သူကလည်း အတင်းပြောခိုင်းပါတယ်။ ဒီလောက်ကောင်းနေတာလို့ ပြောပါတယ်။ တချို့တွေကတော့ အဲလိုမဟုတ်ဘူး။ တစ်ဝက်တည်းရှိတာ၊ နည်းတယ်လို့ပြောလိုက်လို့ တိုက်တွန်းတာလည်း ရှိပါတယ်။ ကျွန်တော်တို့ကတော့ ရှင်းပါတယ်။ အကောင်းမြင်၊ အဆိုးမြင်တွေမဖြစ်အောင်လို့ အမြဲဂရုစိုက်တယ်။ ပကတိ အတိုင်းပဲမြင်တယ်။ ဖန်ခွက်ထဲတွင် ရေတစ်ဝက်ရှိသည်ပဲမြင်တယ်။ ဒါပေမဲ့ ကျွန်တော်ဆက်ပြောရမှာက ကျွန်တော်တို့က ငါးလိုသတ္တ၀ါတွေ၊ ကျွန်တော်တို့အတွက်က ရေများဖို့တော့လိုတယ်။ ငါးဟာ ရေမှာအသက် ရှင်ကြရတာ၊ ကူးခပ်ကြရတာ။ အဲဒီတော့ ဒါဟာ ကျွန်တော်တို့အတွက် တစ်ဝက်ကိစ္စမဟုတ်ဘူး။ အသက်ကိစ္စ။ အဲဒီတော့ ရေကို ကျွန်တော် တို့ရသင့်တဲ့အထိ အပြည့်အ၀ရအောင်တော့ ကျွန်တော်တို့ အားထုတ်ရလိမ့် မယ်။ အဲဒီတော့ အဆိုးအကောင်းကိုပြောလို့ရှိရင် တိုင်းတာတဲ့ပေတံက အမျိုးမျိုးရှိတယ်။ ဒီကနေ့ ရောက်နေတဲ့အနေအထားကိုက ကျွန်တော်တို့ သူများပေးသနားလို့ ရောက်နေတာမဟုတ်ဘူး။ ကိုယ်ကိုယ်တိုင် ရုန်းကန်ပြီးတော့ မီဒီယာသမားက မီဒီယာသမားတာဝန်ကျေလို့၊ ပြည်သူ က ပြည်သူ့တာဝန်ကျေလို့၊ ရဟန်းက ရဟန်းတာဝန်ကျေလို့၊ တက်ကြွ လှုပ်ရှားတဲ့သူတွေကလည်း ကိုယ့်အလုပ်ကို တာဝန်ကျေကျေလုပ်လို့ ဒီအနေအထားရောက်လာတာ။ ငြင်းပယ်လို့မရတဲ့အရွေ့။ အဲဒီအပေါ်မှာ ကျွန်တော်တို့က နောက်ထပ်နောက်ထပ်ကိုလည်း သူများက ဘယ်လောက်ပေးရင်တော့ ငါတို့ဘယ်လောက်ရမယ်ဆိုတဲ့ အတွေးမျိုး ထက်စာရင် ရောက်တဲ့နေရာကနေ ထပ်ပြီးတော့ ရှေ့ကိုတိုးအောင်၊ တိုး တဲ့အခါမှာလည်း ခြေလှမ်းသွက်အောင်၊ ကျွန်တော်တို့လုပ်ကြရမှာ။ အား လုံးလက်တွဲကြရမှာပါ။
ကိုထွန်းဝေ စာမျက်နှာကူးယူဖော်ပြပါသည်။https://www.facebook.com/tun.wai.10

No comments:

Post a Comment