မြန်မာလူငယ်တွေ
ဘာကြောင့် ပြည်ပနိုင်ငံတွေကို
ထွက်ခွာဖို့ အပူတပြင်းကြိုးစားနေကြပါသလဲ
။ .....??????
ပျော်လို့လား
။မြန်မာပြည်ကကွ ဆိုပြီး
ရင်ကော့ ခေါင်းမော့ လို့
အမောက်ထောင်ပြချင်ကြလို့လား
။တက်မြေက်ကျွမ်းကျင်ထားတဲ့
ပညာရပ်တွေကို ပြည်ပမှာ ကြွားဝါ
ပြသချင်လို့များလား ။ကျနော်
ရဲ့ဝေ့နေတဲ့ မေးခွန်းရဲ့
အဖြေကို သိနှင့် နေကြမှာပါ
။အကြောင်းအရာများစွာရှိသည့်အနက်
အခြေခံကျသည့်အများစုမှာ
အလုပ်လက်မဲ့ ၁၀၉/၁၁၀
ဘ၀မှ ရုန်းထွက်လိုမှု ၊
အလုပ်ရှိသော်လည်း ကိုယ်ခြေထောက်ပေါ်
ကိုယ်ရပ်တည်နေလို့မရတဲ့
ဝင်ငွေအဆင့်အတန်း
နိမ့်ကျဆုတ်ယုတ်နေမှ၊ု
လစာနည်းပါးသည့် လုပ်ငန်းဌာန
များတွင် အလုပ်ဟု ဆိုသော်လည်း
တာဝန်ကျေပွန်စွာ မှန်မှန်ကန်ကန်
လုပ်ဆောင်နေရရုံ သက်သက်
မဟုတ်ပဲ
ငွေမည်း(သို့)လုပ်ပိုင်ခွင့်ရရာနေရာ၌လုယက်တိုက်ခိုက်နေရာလုခြင်းများမှ
လွတ်မြေက်ရုန်းထွက်လိုမှု
၊စသည့် ရှိရှိသမျှ
ဒုက္ခ၊ဆင်းရဲခြင်းအပေါင်းက
လွတ်မြောက်ရုန်းထွက်လိုတဲ့
ဆန္ဒများနှင့် ပြည်ပနိုင်ငံများသို့
ကြုံရာ ရရာ အလုပ်လုပ်ကြရင်း
မိသားစု စားဝတ်နေရေး (သို့)ဘ၀တစ်ခု
ထူထောင်လွတ်မြောက်ရေးအတွက်
ရုန်းကန်ကြိုးစားရပါတယ်
။ဘာသာစကားနဲ့ ယဉ်ကျေးမှု ၊
ဓလေ့ထုံးတမ်း အစဉ်အလာ၊ လူနေမှု
အကျင့်စရိုက်တွေ မတူကွဲပြားတဲ့
ရေခြားမြေခြား တိုင်းတပါးမှာ
နှစ်နဲ့ချီ အနေကြာလာမှ
အသားကျမဲ့ အခြေအနေမှာ
စိတ်ဖိစီးမှု မျိုးစုံကို
ခါးစီးကြိတ်ခံရင်း
အဆင်ပြေဆုံးဖြစ်အောင်
ကြိုးစားရုန်းကန်နေကြပါတယ်။ဘ၀မျိုးစုံ
၊ အခြေအနေမျိုးစုံက
ကိုယ့်အကြောင်းနဲ့ ကိုယ်
ရုန်းကန်နေကြရပါတယ်။
ပြည်တွင်းမှာ အလုပ်အကိုင်
ရှားပါးတာ ၊ လုပ်ခလစာနဲ့
အဆင်မပြေနိုင်တာ ဘာလို့လဲ
ဒါတွေဟာ ဘယ်သူ့ကြောင့်လဲ။
တရားခံက ရှင်းရှင်းလေးပါ ။ဒီပြဿနာတွေ ကြီးထွားလာစေတာ ပြေလည်အောင်ဘယ်လိုဖြေရှင်းမှု မှမရှိပဲ ၊တိုင်းပြည်အပေါ်စေတနာတရားထားပြီး အမှန်အတိုင်းဖြေရှင်းမှု မရှိပဲ ကိုယ်ကျိုးကြည့် ဖိနှိပ်ရက်စက်စွာ အုပ်ချုပ်နေတဲ့ စစ်အစိုးရ ခေါ် ပြည်သူ့အာဏာလုတဲ့ အစိုးရကြောင့်ပါ ။
တရားခံက ရှင်းရှင်းလေးပါ ။ဒီပြဿနာတွေ ကြီးထွားလာစေတာ ပြေလည်အောင်ဘယ်လိုဖြေရှင်းမှု မှမရှိပဲ ၊တိုင်းပြည်အပေါ်စေတနာတရားထားပြီး အမှန်အတိုင်းဖြေရှင်းမှု မရှိပဲ ကိုယ်ကျိုးကြည့် ဖိနှိပ်ရက်စက်စွာ အုပ်ချုပ်နေတဲ့ စစ်အစိုးရ ခေါ် ပြည်သူ့အာဏာလုတဲ့ အစိုးရကြောင့်ပါ ။
No comments:
Post a Comment