ချိုတူးဇော်သိစေရန်ဘင်္ဂလီတို့၏နယ်မြေလုပွဲ။
ကိုယ့်ထက်သီလသမာဓိနဲ့ ပြည့်စုံတဲ့ ရဟန်းကို ပြစ်မှားမိရင် ခင်ဗျားတော့
အဝီစိငရဲမှာ မကျွတ်တမ်းဘဲ ဒါကာ ချိုတူးဇော် ။ ဘာသာရေးမဖြစ်စလောက်လုပ်ဖူးတာနဲ့ ကိုယ့်ကိုယ်ကို
ဟုတ်လှပြီလို့ မထင်သင့်ပါ။ သောတာပန်။ သကဒါဂါမ် တို့ပါခဲ့ရင်
ဒါကာချိုတူးဇော်ဘယ်လိုသိနိုင်မှာတုန်း။
ကိုယ်ကျင့်သီလစင်ကြယ်သယောင်ကိုယ့်စိတ်ထဲထင်တဲ့ ပုဂ္ဂိုလ်ကို ကိုးကွယ်မယ်။
မစော်ကားဘူးလို့တော့ မပြောပါနဲ့။ ကိုယ်တိုင်မသိသေးတဲ့သဘောတရားတစ်ခုနဲ့ ဒီပုဂ္ဂိုလ်ကဖြင့်
မြင့်မြတ်တယ်။ ဒီပုဂ္ဂိုလ်ကဖြင့် ယုတ်ညံ့တယ် လို့ ဘယ်လိုလုပ်ဆုံးဖြတ်နိုင်မှာလဲ။
ရတနာသုံးပါးကို မစော်ကားမိပါစေနဲ့။
နှစ်မျိုးမှာ ကိုယ်က ဘယ်ထဲမှာ ပါနေသလဲဆိုတာ ပြန်စီစစ်ကြည့်ရမှာပါ။ နိမ့်ရာကပဲ ပါနေသလား၊ မြင့်ရာကပဲ ပါနေသလား၊ ဘယ်ထဲမှာပဲပါပါ နှစ်မျိုးလုံးကတော့ တစ်ခုမှ မကောင်းပါဘူး။ ဒီနှောင်ဖွဲ့ခြင်းတွေကြောင့်ပဲ တစ်ပတ် ဆယ်ရက်တောင် တရားစခန်းဝင်ဖို့ ခက်နေတော့တာပါ။ တကယ်သေချာစဉ်းစားရင် ကိုယ်သေသွားရင်တောင် သူဟာနဲ့သူ ဖြစ်နေမှာပဲ။သေလည်းသေရဦးမှာပါ။နောက်တစ်ခုကလူတစ်ဦးတစ်ယောက်ကိုရိုးရိုးအားမကိုးဘဲနှောင်ဖွဲ့ပြီးအားကိုးတာပါ။အားကိုးတာကတော့အားကိုးရမှာပါပဲ။ဒါပေမယ့်နှောင်ဖွဲ့မှုမပါဖို့ပါ။
တကယ်တော့ အားကိုးပြီး တရားရအောင် အားထုတ်ရမှာပါ။ ဒါမှလည်း အားကိုးရတာ တန်တာပါ။ အားကိုးခံရသူလည်း တန်တာပါ။ နှောင်ဖွဲ့မှုပါနေရင် နှစ်ဦးနှစ်ဖက် အကျိုးမရှိပါဘူး။ သူလည်းတရားနဲ့ဝေး၊ ကိုယ်လည်း တရားနဲ့ ဝေးရတဲ့ဘဝပါ။ ကိုယ့်ဝန်းကျင်မှာ တရားတွေ ရှိနေပါလျက် နဲ့ တရားတွေနဲ့ ဝေးနေရတာတော့ အဓိပ္ပါယ်မရှိလှပါဘူး။ ကိုယ့်ဝန်းကျင်မှာ တရားတွေမရှိလို့တရားနဲ့ဝေးရတာဆိုတစ်မျိုးပါ။
တချို့ကျတော့ တရားအတွက်ဆိုပြီး စွန့်ချ ပစ်လိုက်ကြပါတယ်။ တကယ်တမ်း တရား နယ်ပယ်ထဲ ရောက်သွားရော အဆင်မပြေဖြစ်ပြီး မူရင်းဌာနေကိုပဲ ပြန်ရောက်လာသူ တွေလည်း ရှိပါတယ်။ ဒါက အတိတ်က ဖြည့်ခဲ့တဲ့ ပါရမီတွေနဲ့ လည်းဆိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပါရမီခြင်း မတူပါဘူး။ ပါရမီရှင်တွေလို ယတိပြတ်မစွန့်နိုင်ပေမယ့် နည်းနည်းခြင်းတော့စွန့်သွားရမှာပါ။
ဦးဇင်း အနေနဲ့ပြောဆိုရတာကိုက မကောင်းဘူးဆိုတာ နားလည်ပါတယ်။လောကကြီးအတွက် အမှားတွေများလာရင် အမှန်တရားတွေဟာပျောက်ကုန်တတ်တယ်ဆိုတာကို ဒါကာလက်ခံမယ်လိုယူဆပါတယ်။အဲဒီ ရခိုင်ဒေသမှာဖြစ်နေတာကို အသေချာလေ့လာပြီးမှာ စာရေးမယ်ဆိုရင်ပို၍ကောင်းပါတယ်။အပိုင်းလိုက်ထောက်ပြဖို့ဆိုတာကလည်း ဖြစ်သင့်ပါတယ်။အခုကိစ္စမှာက အချိန်ကာလအပေါ်မှုတည်ပြီး ရေးသာခဲ့ခြင်းသာဖြစ်ပါတယ်။တစ်ယောက်မကောင်းတာနဲ့ သာသနာတစ်ခုလုံးကိုစော်ကားမိမှာဆိုးပါတယ်။
ဥပမာအားဖြင့် ဒါကာချိုတူးဇော် အဖြေကိုရှာလျှင် မေတ္တာတရားကိုတွေ့ရပေသည်။ဦးဇင်းတို့ ဗုဒ္ဓတရားတော်၏ အနှစ်သာရဖြစ်သော မေတ္တာတရားကို လက်ကိုင်ထား၍ ပြဿနာ၏အရင်း အမြစ်ကစ၍ ဒါကာချိုတူးဇော်တို့သုံးသပ်ပြီး အဖြေရှာနိုင်ခြင်းကပင် အောင်မြင်သည့် အချက်ကြီးတစ်ချက်သည်ဟု ဆိုနိုင်ပေမဟုတ်ပါလား။
တနည်းဆိုရင်လျှင် မေတ္တာရားကို အရင်းခံသော ဦးဇင်းတို့ဗုဒ္ဓ၏ အဆုံးအမတရားဓမ္မတို့ကို အမြဲမပြတ် နှလုံးသွင်း၍ ဆင်ခြင်သုံးသပ်ခြင်းသည် အရာအရာ အောင်မြင်စေကြောင်း လမ်းကောင်းတစ်ခုပင်ဖြစ်သည်ကို ကမ္ဘာမှာမြန်မာသံဃာတွေက ၂၀၀၇ခုနှစ်ကသက်သေပြခဲ့ပေသည်။
သစ္စာတရားကို တန်ဖိုးထားတယ်ဆိုလို သာသနာအတွင်းက ရဟန်းဖြစ်တဲ့ ဦးဇင်းက သာဓုအကြိမ်အကြိမ်ခေါ်ပါတယ်။ကိုယ်တန်ဖိုးထားတဲ့ အရာကိုတော့ အသေခံပြီး သီလမပြတ်အောင်ကျင့်ပါလို တိုက်တွန်းပါရစေ။လောကမှာ မကောင်းတာတွေများလာရင် အကောင်းတွေက ပျောက်ပျက်ပေးရတာ တန်ဖိုးတော့လိုပါတယ်။့ ပြောချင်တာကတော့ အခုဆွေးနွေးဆိုတာလည် သာသနာတော်တစ်ခုလုံးနဲ့ဆိုင်တဲ့ကိစ္စရပ်တွေမှာ သံဃာဖြစ်တဲ့ ဦးဇင်းတို့က ပြောစရာရှိတာကိုတော့ အကောင်းအဆိုးအကြောင်းအကျိုးနဲ့ပြောရပါစေ။ကိုယ်လုပ်ချင်တာ လုပ်လိုရတာကိုပဲ ဒီမိုကရေစီဆိုတာမျိုးတော့ မဖြစ်သင့်ဘူး။အခုအချိန်မှာ ဦးဇင်းတို့တိုင်းပြည်မှာ ဥပဒေအပိုင်းက နေရာတိုင်းမှာ အားနည်းနေတာတွေရှိပါတယ်။အဲဒါတွေကို ဒါကာချိုတူးဇော်တို့ရောက်နေတဲ့ နိုင်ငံရဲ့ စံတွေနဲ့ထောက်ပြပြီး တိုင်းပြည်အတွက်လုပ်ရင်ကောင်းမယ်၊အခုကိစ္စဟာ ဘင်္ဂလီတွေက နယ်မြေလုတဲ့ကိစ္စပါ သာမန်ကိစ္စမဟုတ်ဘူး။အမျိုးသားရေးနဲ့ပြန်ကြည့်ပါ၊။
ဦးဇင်းက ဘင်္ဂလာဒေ့ရှ်မှာ တစ်နှစ်နည်းပါးနေထိုင်ခဲ့ပါတယ်။မြန်မာနာမည်ပန်းဝါတို့ဖလောင်းချိပ်တို့လိုနေရာမျိုးတွေမှာ မြန်မာစာပေ မြန်မာစကားတွေကို သင်ကြားပေးပြီး UNHCRကနေ့ လူပွဲစားလုပ်၍ ဘင်္ဂလာဒေ့ရှ်ပညာတက်တွေကို နိုင်ငံတကာပိုပြီး မြန်မာဗုဒ္ဓဘာသာတွေက အကြမ်းဖက်လိုပါဆိုပြီး တံဆိပ်ကပ် လူအခွင့်အရေးအကြောင်းပြပြီး မြန်မာနိုင်ငံကို နယ်မြေလုနေတာ အခုမှာမဟုတ်ပါဘူး။၁၉၄၂နှစ်ခုနှစ်လောက်ထဲက ဖြစ်နေတဲ့ကိစ္စပါ။အခုလိုပွင့်လင်းမြင်သာမှုရှိလာ အချိန်မှာ အခွင့်အကောင်းယူပြီး ဘူးသီးတောင်၊မောင်းတောကို ဘင်္ဂလီနယ်မြေ အဖြစ်သိမ်းပိုက်ဖို့လုပ်ခဲ့တာဆိုတာ သက်သေတွေ အထောက်ထားတွေခိုင်လုံစွာရရှိတွေ့ရှိနေရပါတယ်။
ဖြစ်နေပေါ်သော ဘင်္ဂလီနှင့်ဌာနေတိုင်းသား ရခိုင်အရေးဟာ မြန်မာတစ်မျိုးသားလုံးရဲ့ အချုပ်အခြာ အာဏာကိုထိပါးလာတဲ့ ကိစ္စပါ။လူသားဖြစ်ခွင့်နဲ့မဆိုင်ဘူး။ဒါကာချိုးတူးဇော် စဉ်စားကြည်ပါ ၁၉၈၂ခုနှစ် နိုင်ငံသားအခွင့်ရေးကို ပြင်ဆင်ဖို့တောင်းဆိုတာ လွတ်တော်အမတ်မင်းက ဘင်္ဂလီကိုလွတ်တော် အတွင်းမှာ တရားဝင်ဖြစ်အောင် ပုံပေါ်နေတာတွေကသာမညဟုတ်ပါဘူး။
ဘင်္ဂလီနှင့်ရခိုင်အမျိုးသားတို့၏ အရေးအခင်းများအတွက် ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် အဲဒီနယ်မှာရှိတဲ့နေတဲ့ NGOအဖွဲ့စည်းများကို ခေတ္တ အဲဒီနယ်မြေက ထွက်ခွာပေးဖို့အမိန့်ထုတ်ပြန်သင့်ပါတယ်ဆိုတာမျိုးကို အကြံပေးသင်ပါတယ်။ဒါကာချိုတူးဇော်တို့ အမှန်တကယ် တိုင်းပြည်ကိုချစ်တယ်ဆိုရင် ယခုတိုက်ခိုက်နေကြသော ဘင်္ဂလီမျိုးအနွယ်ဝင်များနှင့်ရခိုင်အမျိုးသားများ၏ နှစ်ဖက်အကျိုးယုတ်စေသည့်တိုက်ပွဲကို ချက်ချင်းရပ်စဲကြရန် သက်ဆိုင်သူများကိုကြိုးစားကြစေလိုသည်။တိုက်တွန်းသည့်စာပေများကိုသာဦးစားပေးရေးသားဖို့ကောင်းပါတယ်။သာသနာအတွင်းကသံဃာတွေကိုခုတုန်းလုပ်ပြီးတိုင်းပြည်ဖြတ်ဖို့လုပ်နေသူတွေကိုအားပေးနေတာက ဒါကာချိုတူးဇော် ကိုယ်ကိုတိုင်က အကြမ်းဖတ်မှုကိုအားပေးအားမြှောက်လုပ်နေတယ်ဆိုတာသက်သေပါပဲ။
ယခုလိုအချိန်တွင် နှစ်ဖက်ပြန်အလှန်စာရေးဖြေရှင်းနေခြင်းဟာ အေးချမ်းရာအဖြေရှာရေး အတွက် အထောက်အကူမဖြစ်ဘဲ ပို၍ပင်ရှုပ်ထွေးခက်ခဲစေပါသည်။ထိုအပြင်အခုအချိန်မှာဦးဇင်းနဲ့ဒါကာချိုတူးဇော်တို့အင်တာနက်အငြင်းပွားမှုနှင့်ပုတ်ခတ်ပြောဆိုမှုများကို ၀င်ရောက်ဆောင်ရွက်ခြင်းဖြင့် ပြဿနာမှာ လုံးဝပြီးဆုံးပြေလည်သွားသည်မဟုတ်မဟုတ်ပါ။ဒီအတွက် ဘာတွေကအကောင်းဆုံးဖြစ်မယ်ဆိုတာမျိုးကို ဦးစားပေးသော စာပေများကိုသာ အကြံပြုရေးသားစေလိုပါသည်။
ဖျာပုံ နဒီ

No comments:
Post a Comment