Tuesday, June 18, 2013

ပြဒါးတစ်လမ်းသံတစ်လမ်းလူ့အခွင့်အရေးကြေညာစာတမ်းနှင့် ကိုရ်အာန်ကျမ်း


ပြဒါးတစ်လမ်းသံတစ်လမ်းလူ့အခွင့်အရေးကြေညာစာတမ်းနှင့် ကိုရ်အာန်ကျမ်း
ဗမာပြည်ဖွားညီနောင်များတို့ဦးဇင်းကဗုဒ္ဓဘာသာရဟန်းတစ်ပါးဖြစ်ပါတယ်။ အခုတလောထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာဥပဒေနဲ့ပတ်သက်လို့ ဒကာဒကာမတို့အစာမကြေဖြစ်နေတာသို့မဟုတ် အိမ်ထောင်မူဘာမှ အတွေ့အကြုံမရှိတဲ့ဘုန်းတော်ကြီးအချို့ ပါဝင်ပတ်သက်နေမူကိုမလိုလားတာသို့မဟုတ် အခြားသောဘာသာတွေကဗုဒ္ဓဘာသာကိုအထင်အမြင်သေးမှာစတဲ့ စတဲ့ စိုးရိမ်မူတွေကြောင့် ဒကာဒကာမတို့အနေနဲ့ ရေးသားကန့်ကွက်နေတာဆိုရင်တော့ဘယ်သူတစ်ဦးတစ်ယောက်ကမျှ ဒကာဒကာမတို့ရဲ့ရေးသားချက်ကိုအပြစ်မတင်ထိုက်ဘူးလို့ ထင်မိပါတယ်။
ဘာလို့လဲဆိုတောကမ္ဘာ့သာသနာပြု ဆရာတော်ကြီးဦးသေဋ္ဌိလ က“Marriage in Burma in a religious ceremony and it is conducted by a professional layman, not by a monk.အိမ်ထောင်ပြု သားမွေးဆိုတာသာမန် ဒကာဒကာမတွေရဲ့အလုပ်ဖြစ်ပြီး၊ ရဟန်းတော်များရဲ့အလုပ်မဟုတ်ဘူးလို့ ဆိုပါတယ်။”သို့သော် “The monk advises the bride and bridegroom how to be a good wife and a good husband in accordance with Buddhist teachings.” ဆိုသလိုဦးဇင်းတို့ရဟန်းတော်များ၏တာဝန်သည် ဗုဒ္ဓတရားတော်နဲ့အညီအိမ်ထောင်ရှင်အမျိုးသားကောင်းအမျိုးသ္မီးကောင်းပီသအောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာသွန်သင်ဆုံးမရုံပါပဲလေ။ဒါကဗုဒ္ဓဘာသာဝင် အိမ်ထောင်ရှင်တွေအတွက်ပေါ့နော်။
The Buddha did not introduce his teachings as commandments or religious laws but as advices. မြတ်ဗုဒ္ဓ ဟာသူ့ရဲ့တရားတော်တွေကိုပညတ်တော်များအနေနဲ့ သို့တည်းမဟုတ် ဘာသာရေးဥပဒေများအနေနဲ့သင်ကြားဟောကြားပေးခဲ့တာမရှိပါဘူး။ မိမိဘဝမှာလိုက်နာကျင့်သုံးနိုင်ရန် အကြံဥာဏ်ကောင်းများပေးထားခြင်းမျှသာဖြစ်ပါတယ်။ (တုမှေဟိကိစ္စမာတပ္ပံ၊ အက္ခာတာရောတထာဂတာ) လို့ ဓမ္မပဒပါဠိတော်တော်မှာအတိအလင်းဆိုထားပါတယ်။အဓိပ္ပါယ်ကဗုဒ္ဓမြတ်စွာဘုရားရှင်သည် ဟောပြောသင်ကြားဆုံးမပေးရုံသာလုပ်နိုင်ပြီးကျင့်ရန်မှာမိမိတို့၏တာဝန်ဖြစ်ပါတယ်။
ဒါကြောင့် ဦးဇင်းတို့ အနေနဲ့“ဘယ်သူနဲ့မှ လက်ထပ်ပါ၊ဘယ်သူနဲ့တောဖြင့် လက်မထပ်ပါနဲ့” ဆိုပြီးပြောပိုင်ခွင့်၊ တားမြစ်ပိုင်ခွင့် မရှိပါဘူး။လုပ်လဲမလုပ်သင့်ပါဘူး။ ဝိနည်းတော်နဲ့လည်းမညီပါဘူး။ ပြီးတော့ (အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်း) နဲ့လဲမကိုက်ညီပါဘူးလေ။ ဘာလို့လဲဆိုတော (အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်း) မှာ-
* အပိုဒ် ၁၆

(၁)အရွယ်ရောက် ပြီးသော ယောက်ျား နှင့် မိန်းမတို့တွင် လူမျိုးကိုသော်လည်းကောင်း၊ နိုင်ငံသားအဖြစ်ကိုသော်လည်းကောင်း ကိုးကွယ်သည့် ဘာသာကိုသော်လည်းကောင်း၊ အကြောင်းပြု၍ ချုပ်ချယ် ကန့်သတ်ခြင်း မရှိဘဲ၊ ထိမ်းမြားနိုင်ခွင့် နှင့် မိသားစု ထူထောင်နိုင်ခွင့်ရှိသည်။ အဆိုပါ ယောက်ျားနှင့် မိန်းမ တို့သည် လင်မယားအဖြစ် ပေါင်းသင်းနေစဉ် အချိန် အတွင်း၌ သော်လည်းကောင်း၊ အိမ်ထောင်ကို ဖျက်သိမ်း၍ ကွာရှင်းကြသည့် အခါ၌လည်းကောင်း၊ လက်ထပ် ပေါင်းသင်း အိမ်ထောင် ပြုခြင်းနှင့် စပ်လျဉ်းသော တူညီသည့် အခွင့်အရေးများကို ရရှိထိုက်သည်။
* Article (16.1)
Men and wonen of full age, without any limitation due to race, nationality or religion, have the right to marry and to found a family. They are entitled to equal rights as to marriage and at its dissolution.
အဲဒီလိုဆိုထားပါတယ်။ဒကာမတို့ ဒကာလေးတို့ လွတ်လပ်စွာအိမ်ထောင်ကိုထူထောင်ပိုင့်ခွင့် ရှိရပါမယ်။ ဘယ်သူကမှ မတားမြစ်သင့်ပါဘူး။ အဲဒီစည်းမျဉ်းစည်းကမ်းကိုလူတိုင်းလိုက်နာသင့်ပါတယ်။
အဲဒီစည်းမျဉ်းစည်းကမ်းဘောင်ကိုကျော်လွန်တဲ့ဘယ်လိုဥပဒေ ၊ ဘယ်လိုဘာသာရေးအဆုံးအမ၊ ကန့်သပ်ချက်မှ မရှိသင့်ပါဘူး။ ဘာလို့လဲဆိုတော့ ဒါ အင်မတန်မှ လူတိုင်းအတွက် တရားမျှတလို့ပါပဲ။
သို့သော် အစ္စလာမ်ကျမ်းစာဖြစ်တဲ့ကိုရ်အာန် ကျမ်းစာကအဲဒီ (အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်း) နဲ့ပြောင်းပြန်ဆန့်ကျင်ဘက် ဆိုထားပါတယ်။ကိုရ်အာန်ကျမ်းစာရဲ့အခမ်းကြီး ၂၊ အပိုဒ်၂၂၁ မှာ
(အို-”အီမာန်” ယုံကြည်ခြင်းသဒ္ဒါတရားထားရှိကြသော “မုအ်မင်န်” အပေါင်းတို့)
အလ္လာဟ်အရှင်မြတ်နှင့်ယှဉ်တွဲရွေ့ အခြားအရာကိုကိုးကွယ်သောမိန်းမများသည် “အီမာန်” ယုံကြည်ခြင်း သဒ္ဒါတရားမထားရှိကြသမျှ ကာလပတ်လုံး ထိုမိန်းမများနှင့် အသင်တို့သည်ထိမ်းမြားမင်္ဂလာမပြုကြကုန်လင့်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်နှင့်ယှဉ်တွဲရွေ့ အခြားအရာကိုကိုးကွယ်သောမိန်းမတစ်ဦးသည် အသင်တို့အဖို့အကယ်ရွေ့ နှစ်သက်စရာဖြစ်ငြားသော်လည်း “အီမာန်” ယုံကြည်ခြင်းသဒ္ဒါတရားထားရှိသော ကျွန်မိန်းမတစ်ဦးသည် (အလ္လာဟ်အရှင်မြတ်နှင့် ယှဉ်တွဲရွေ့ အခြားအရာကို ကိုးကွယ်သော) ထိုမိန်းမထက် မုချသာရွေ့ကောင်း၏။
ထိုနည်းတူစွာ အလ္လာဟ်အရှင်မြတ်နှင့်ယှဉ်တွဲရွေ့ အခြားအရာကိုကိုးကွယ်သောယောက်ျားသည် “အီမာန်” ယုံကြည်ခြင်းသဒ္ဒါတရားမထားရှိကြသမျှကာလပတ်လုံး ထိုသူများနှင့် (မွတ်စ်လင်မ်အမျိုးသမီးများကို) ထိမ်းမြားရွေ့ မပေးကြကုန်လင့်။ အမှန်သော်ကားအလ္လာဟ်အရှင်မြတ်နှင့်ယှဉ်တွဲရွေ့ အခြားအရာကိုကိုးကွယ်သူတစ်ဦးသည် အသင်တို့အဘို့ အကယ်ရွေ့နှစ်သက်စရာဖြစ်ငြားသော်လည်း အီမာန် ယုံကြည်ခြင်းသဒ္ဒါတရားထားရှိသော ကျွန်ယောက်ျားတစ်ဦးသည် (အလ္လ်ာအရှင်မြတ်နှင့် ယှဉ်တွဲရွေ့ အခြားအရာကို ကိုးကွယ်သော) ထိုယောက်ျားထက် မုချသာရွေ့ကောင်း၏။ (အလ္လာဟ်အရှင်မြတ်နှင့် ယှဉ်တွဲ၍အခြားအရာကို ကိုးကွယ်သောသူတို့သည် အသင်တို့အား) ငရဲမီးသို့ခေါ်ဆောင်ကြကုန်၏။ အလ္လာဟ်အရှင်မြတ်မှာမူ မိမိ၏ဆန္ဒတော်ဖြင့် (အသင်တို့အား) ဂျန္နတ်အမတသုခဘုံသို့၎င်း၊ အပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော် မူခြင်းသို့၎င်း၊ ခေါ်ဆောင်လျက်ရှိတော်မူ၏။ ထို့ပြင်တဝ ထိုအရှင်မြတ်သည် လူသားတို့ သတိတရား ရစိမ့်သောငှာ မိမိ၏ တရားဒေသနာတော်များကို ထင်ရှားစေတော်မူ၏။ (ကုရ်အာန် ၂ : ၂၂၁)
221. Do not marry unbelieving women [idolaters], until they believe: A slave woman who believes is better than an unbelieving woman, even though she allures you. Nor marry [your girls] to unbelievers until they believe: A man slave who believes is better than an unbeliever, even though he allures you. Unbelievers do [but] beckon you to the Fire. But Allah beckons by His Grace to the Garden [of bliss] and forgiveness, and makes His Signs clear to mankind: That they may celebrate His praise.

(အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးကြေငြာစာတမ်းနဲ့ အစ္စလာမ်ကျမ်းစာ)အဲဒီနှစ်ခုကိုယှဉ်ပြီးတော့သေချာဖတ်ကြည့်ရင် တောင်နဲ့ မြောက် လို၊ သို့မဟုတ် ၃နှင့် ၄ လိုတခြားစီလုံဝဆန့်ကျင်နေတာကိုတွေ့ရပါလိမ့်မယ်။

လူ့အခွင့်ရေးကဘယ်ဘာသာဝင်ဘဲဖြစ်ဖြစ် လွတ်လွတ်လပ်လပ် တရားမျှတစွာနဲ့လက်ထပ်ပေါင်းသင်းဖို့ ပြောထားပေမဲ့၊ အစ္စလာမ်ကျမ်းစာထဲမှာတော့အစ္စလာမ်ကိုမယုံကြည်တဲ့သူနဲ့လက်မထပ်ဖို့၊ အစ္စလာမ်ကိုမယုံကြည်တဲ့အထက်တန်းကျတဲ့မိန်းကလေးဟာဘယ်လောက်ပဲချောနေပါစေ၊ ဘယ်လောက်ပဲချစ်စရာကောင်းပါစေ၊အဲဒီအစ္စလာမ်ကိုမယုံကြည်တဲ့ မိန်းကလေးထက်အစ္စလာမ်ကိုယုံကြည်တဲ့ကျွန်မ (slave) က ပိုပြီးတော့မြင့်မြတ်တယ်လို့ဆိုထားတာပါတယ်။အဲဒီတော့ တစ်ခုကလွတ်လပ်တယ်၊ အစ္စလာမ်ကျမ်းစာကခွဲခြားဆက်ဆံတယ်၊ဗိုလ်လိုပြောရင်တောအစ္စလာမ်က(Racist)ဖြစ်တယ်။ (Discrimination )လုပ်တယ်ပေါ့။
           
ဒါကြောင့် အစ္စလာမ်ဘာသာဝင်တွေနဲ့လက်ထပ်ချင်ရင် သူတို့ကျမ်းစာအရသူတို့ဘာသာထဲအရင်ဝင်ရပါတယ်။ ကိုယ့်ရဲ့ ဘာသာဟောင်းကိုစွန့်လွတ်ရပါတယ်။ကိုယ့်ရဲ့ဘာသာဟောင်းနဲ့အဆက်ဖြတ်ရပါတယ်။အစ္စလာမ် ကျမ်းစာကိုလိုက်နာသောအားဖြင့်ပေါ့။

One of the causes of greatest concern for Islamic religions is the problem of conversion before marriage. While Buddhists and Hindus never demand that a couple must belong to the same religion before a marriage can be solemnized, many others tend to take advantage of this tolerance.

အဲဒီတော့ အဓိကအစ္စလာမ်ဘာသာဝင်များရဲ့ပြဿနာကြီးကတော့လက်မထပ်ခင် (မိမိ၏ မူလယုံကြည်ချက်ကိုစွန့်လွတ်၍) အစ္စလာမ်ဘာသာထဲသို့ကူးပြောင်းရခြင်းဆိုတဲ့ပြဿနာကြီးပါပဲ။ (ဘာသာချင်းမတူသူကိုလက်ထပ်ရင် မူစလင်တွေအတွက် အစ္စလာမ်ကျမ်းစာဖြစ်တဲ့ကိုရ်အာန်နဲ့ဆန့်ကျင်ပါတယ်။) ဗုဒ္ဓဘာသာဝင်များနှင့် ဟိန္ဒူဘာသာဝင်များဟာအိမ်ထောင်ပြုဘို့အတွက် ယုံကြည်တဲ့ဘာသာတူရမယ်လို့ ဘယ်တုံးကမှ မဟောကြားမတောင်းဆိုခဲ့တဲ့ အဲဒီခွင့်လွှတ်မူကိုသို့တည်းမဟုတ် အဲဒီသည်းခံမူကိုအစ္စလာမ်ဘာသာဝင်တွေကအခွင့်ကောင်းယူကြပါတော့တယ်။
           
အစ္စလာမ်ကျမ်းစာဖြစ်တဲ့ကိုရ်အာန်ကျမ်းစာဟာအပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးကြေငြာစာတမ်းနဲ့ ပြဒါးတလမ်းသံတလမ်းကွာချင်းတိုင်းကွာနေတာတော့ ထင်ရှားလောက်ပါပြီ။ အဲဒီတော့အချက် ၃ ချက်ကိုစဉ်းစားဖို့ လိုမယ် ထင်ပါတယ်….။

၁၊ အစ္စလာမ်ကျမ်းစာဖြစ်တဲ့ကိုရအာန်ကျမ်းစာအရအစ္စလာမ်ဘာသာဝင်များနဲ့လက်ထပ်သူတိုင်းဟာအစ္စလာမ်ထဲဝင်ရမယ်ဆိုတဲ့အတိုင်းတရားဝင်ဖြစ်ဘို့အတွက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးကြေငြာစာတမ်းကိုပြုပြင်ရမယ် သို့မဟုတ် အပုဒ် ၁၆၊ ၁ ကိုဖျက်သိမ်းပြစ်ရမယ်။

၂။ အများလက်ခံထားတဲ့အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးကြေငြာစာတမ်းနဲ့ကိုက်ညီအောင်သို့တည်းမဟုတ် အဲဒီလူ့အခွင့်ရေးကြေငြာစာတမ်းကိုကာကွယ်စောင့်ရှောက်သောအားဖြင့်အစ္စလာမ်ကျမ်းဖြစ်တဲ့ကိုရ်အာန်ကျမ်းကိုပြုပြင်မလားသို့တည်းမဟုတ် ဖျက်သိမ်းမလား။

၃။ အစ္စလာမ်ကျမ်းစာဖြစ်တဲ့ကိုရ်အာန် ကျမ်းစာကိုကာကွယ်ဖို့ တနည်းအိုးရွဲ့ ကိုစလောင်းရွဲ့ နဲ့ဖုံးဘို့  ဥပဒေသစ် ပြဌာန်းကြမလား။

အမှားတွေပယ်ဖျောက် အမှန်သို့ရောက်နိုင်ကြပါစေ။

ဘုန်းဘုန်း ဦးကောဝိဒ

No comments:

Post a Comment