Thursday, August 1, 2013

“မသူတော်-၃”-ကိုမျိုး(မြန်မာစာ)

 
ဆန္ဒပြပရိသတ်ရှေ့ မှောက်တင်ဆက်
အစွမ်းပြလိုက်ခြင်းနဲ့အတူစစ်ရုံးအတွင်းမှ
တရားပွဲချက်ချင်းရပ်ဖို့ မရပ်ရင်ပစ်မယ်လို့ နောက်ဆုံး
သတိပေးကြေညာသံ၊သေနတ်မောင်းတင်သံ၊ပြေးသံလွှားသံ၊
ဟစ်အော်ရန်တွေ့ သံ၊ဆဲသံဆိုသံတွေဆူညံပွတ်လောရိုက်
သွားခိုက်စောစောကကျွန်တော်ဆိုခဲ့တဲ့“လုပ်ရက်ကြလေခြင်း”
ဆိုတဲ့အကြည့်နဲ့ ကျွန်တော်တို့ ကိုကြည့်သွားတဲ့မိခင်တစ်ဦးရဲ့ 
အကြည့်ကထိုကမ္ဘာပျက်ခမန်းအသံတွေကိုမကြားမိတော့
အောင်ရှိစေခဲ့ပါတယ်။
ကိုမျိုး(မြန်မာစာ)
----------------------------------------------------
“မိခင်စိတ်ထား..စေတနာစကား..နားခါးခဲ့ပေမဲ့”
              

 သမိုင်းကိုမအအောင်သင်ချင်ပါသော်လည်းသမိုင်းကိုမအအအောင်သင်စေခဲ့သောကိုယ်သိစေသင်စေချင်သမျှသာကိုယ့်သမိုင်းကိုယ်ရေးလို့ သင်ပေးခဲ့တဲ့မဆလအစိုးရနဲ့ အမွေခံတို့ အစိုးရအဆက်ဆက်ကြောင့်ကျွန်တော်လည်း ကိုယ့်သမိုင်းကိုယ်ရေးပြောလိုက်ချင်လာမိခြင်းပါလို့ ဆိုပေမဲ့သူများမကောင်းကြောင်း၊ကိုယ်ကောင်းကြောင်းကိုယ့်သမိုင်းကိုယ်ရေးနေကြတာတွေဟာသမိုင်းပြဋ္ဌာန်းစာအုပ်ထဲရောက်လာခဲ့ပေါင်းများလာတဲ့အခါတိုင်းပြည်မှာအမှတ်မှားအသိမှားနဲ့သမိုင်းမှားရဲ့ ကျိန်စာကိုအလူးအလဲခံစားခြင်းဝိပါက၀ဋ်ကမလွတ်ကင်းနိုင်တာမို့ ကျွန်တော်တို့ တစ်တွေဆိုရေးရှိသမျှဆိုကြဖို့ မှာမသူတော်ဇာတ်ခင်းကိုယ့်ကောင်းသတင်းကိုယ်ဖေါ်ခြင်းကိုရွံရှာတက်ဖို့အထူးလိုလာပါတယ်။
              
   မသူတော်တွေအကြောင်းပြောရင်ကိုယ်လည်းသူများမကောင်းကြောင်း၊ကိုယ်ကောင်းကြောင်းပြောတဲ့သူတွေလိုထူးမခြားနားဖြစ်မှာမို့ မသူတော်(၂)မှာမချိတင်ကဲဖြစ်ခဲ့ရတဲ့မြင်ကွင်းကိုရေးဖြစ်တာတော့ခွင့်လွတ်ကြပါဆိုချင်ရဲ့ ။ညီမလေးဝင်းမော်ဦးလိုအညတရသူရဲကောင်းတွေထဲကတစ်ယောက်ဖြစ်တဲ့ကိုစိုးနိုင်(ကိုဖုန်းမော်နဲ့ အတူကျည်သင့်ခဲ့သူ)ရဲ့ မိခင်ကိုပုသိမ်သားတွေကဒီနှစ်မှာဂုဏ်ပြုကြမယ်ဆိုတဲ့သတင်းကတော့ကြည်နူးစရာ။ပညာတော်တဲ့သားကောင်းဇာနည်ကိုစိုးနိုင်အတွက်၂၅နှစ်အကြာမှာပေါ်ပေါ်ထင်ထင်ဝံ့ဝံ့ကြွားကြွားဂုဏ်ယူနိုင်မှာလားအဟောင်းတွေအသစ်ဖြစ်ကာယူကြုံးမရကြေကွဲရမှာလား၂၅နှစ်အကြာထိခံစားရရှိနေမယ့်မိခင်တစ်ယောက်ရဲရင်ကိုဝင်ကြည့်ရင်းတွေးဆမိသမျှဟာလည်းနာကျင်ခံစားရစေပါရဲ့ ။
ကိုယ်မကောင်းတာကိုယ်သာအသိဆုံးလို့ ဆိုကြတဲ့အမှန်တရားမှာကျွန်တော်ကိုယ်တိုင်လည်းအမေ့ရင်နာကျင်အောင်ဘယ်နှကြိမ်ပြုခဲ့မိလဲမတွေးရဲအောင်ပါပဲ။၈၈ကာလမှာအမေ့လိုမိခင်စကားနဲ့ ဆိုခဲ့သူကိုပင်ကျွန်တော်အမြင်မကြည်မလင်ရှိခဲ့ဖူးသေးရဲ့ မဟုတ်လား။
                ခေါင်းဖြတ်တာမကြိုက်သလိုကြားဖြတ်တာလည်းမကြိုက်တဲ့၊နိုင်ငံရေးမှာကျောင်းသားလူငယ်တွေအစတေးမခံရစေလိုတဲ့လူထုခေါင်းဆောင်တစ်ဦးဟာတပ်မတော်ခေါင်းဆောင်ဟောင်းကြီးတွေအခြံအရံပြုလို့ မြန်မာ့နိုင်ငံရေးထဲသမိုင်းပေးတာဝန်အရ၀င်လာရပေမဲ့သူယုံကြည်ရာကိုယုံကြည်သလိုမကြောက်မရွံ့ ဆိုခဲ့တာအဲ့ဒီ၈၈ကာလကတည်းကဆိုတာသတိမူကြည့်သူတိုင်းသိနိုင်တဲ့သမိုင်းဖြစ်ရပ်မှန်ပါ။သမိုင်းရေစီးကိုလှိုင်းကြီးစေခဲ့လေထန်စေခဲ့သူတွေထဲမှာအရိုးခံမိခင်စိတ်ထားရှင်အဖြစ်နဲ့ “ကျောင်းသားသူငယ်လေးတွေကိုရှေ့ ထွက်ဖို့ နောက်ကနေမြှောက်ပင့်နေသူတွေကိုနိုင်ငံရေး
မှာကျောင်းသားလူငယ်တွေကိုအသုံးမချဖို့ ပြောလိုကြောင်းအဲ့ဒီလိုလုပ်နေသူတွေကိုကိုရှုတ်ချကြောင်း”လမ်းမတော်ဆေးတက္ကသိုလ်ကသတင်းစာရှင်းလင်းပွဲမှာထုတ်ဖေါ်ပြောဆိုခဲ့တဲ့ထိုခေါင်းဆောင်ရဲ့ စကားကိုထိုအခါကအဖြူအစိမ်းဝတ်ကျောင်းသားလူငယ်တစ်ဦးအနေနဲ့ ရှေ့ ကနေချီဖို့ သာအာသာပြင်းပြင်းရှိနေခဲ့၊ဘယ်သူ့ တိုက်
တွန်းမြောက်ပင့်မူမှမပါကိုယ့်ဆန္ဒနဲ့ကိုယ်သာဒီအရေးတော်ပုံမှာပါခဲ့တာလို့ ယုံကြည်နေတဲ့ကျွန်တော့်အတွက်တော့မွေးသမိခင်အရင်းအချာရဲ့ စကားနဲ့ မခြားထပ်တူကျနေတဲ့စကားဖြစ်တဲ့တိုင်အောင်နားခါးခဲ့ပါတယ်။ကျွန်တော်တို့ နားဝင်ချိုတဲ့စကားကိုပြောရုံမက“သူရဲကောင်းလေးများ”လို့ ပင်ဆိုပြခဲ့တဲ့သူလည်းတပ်မတော်အစိုးရတက်စကတည်းကနေအရပ်ဝတ်လဲခါနီးထိသမိုင်းတစ်ခေတ်ဆန်းသစ်လာပြီလို့ သီဆိုပေးသွားခဲ့ရရှာတာကတော့သူ့ အကြောင်းနဲ့ သူ၊သူ့ သမိုင်းနဲ့သူရှိမှာပါ။
             
မေမေကိုကျွန်တော်ဘယ်နှကြိမ်ဘယ်နှခါလောက်သောကရောက်အောင်ပြုခဲ့လေသလဲဆိုတာကျွန်တော်မတွက်ဆနိုင်ပေမဲ့ တစ်သက်တာလုံးကအကြိမ်အရေအတွက်ထက် ၈၈ကာလရက်ပေါင်းတရာကျော်မျှကပိုခဲ့မှာကတော့အသေအ
ချာပါ။ကျွန်တော့်မိခင်ကိုသာမကတစ်ခြားမိခင်တွေကိုပါကျွန်တော်သောကပေးမိတာမျိုးလည်းရှိကောင်းရှိရဲ့ ။ကျွန်တော်
တို့ လက်ဖျောက်တီးအချက်ပေးခေါ်ထုတ်မှာစိုးရိမ်လို့ သားတွေကိုနယ်ကအမျိုးတွေဆီပို့ လွှတ်တဲ့မိခင်တွေ၊ကျွန်တော်တို့ ကိုလူရိပ်လူယောင်မြင်တာနဲ့ မင်းသူငယ်ချင်းနေမကောင်းလို့ ဆေးတိုက်ပြီးအိပ်ခိုင်းထားတယ်ဆီးကြိုပြောလွတ်တဲ့မိခင်တွေနဲ့ မိခင်များစွာရဲ့ စိုရိမ်သောကတွေကိုအကြိမ်ပေါင်းများစွာတွေ့ ကြုံဖူးပေမဲ့စကား
တခွန်းမျှမဆိုပဲလုပ်ရက်လေခြင်းဆိုတဲ့အကြည့်နဲ့ ကျွန်တော်တို့ ကိုကြည့်သွားတဲ့မိခင်တစ်ဦးရဲ့ အကြည့်ကိုတော့ဒီကနေ့ တိုင်ကျွန်တော်မေ့မရအောင်ရှိနေခဲ့ရပါသေးတယ်။
             
သမိုင်းမ၀င်ပေမဲ့သမိုင်းစဉ်မှာယှဉ်တွဲပါခဲ့တဲ့တပ်မတော်မှအာဏာမသိမ်းမီနှစ်ရက်အလိုကရန်ကုန်မြို့ 
တိရစ္ဆာန်ရုံ အနီးကစံပြဖဆပလရပ်ကွက်(စစ်ရုံးရှေ့ )ကဆန္ဒပြတရားပွဲမှာမြန်မာစာပြကျူရှင်ဆရာကြီးဂုဏ်ထူး
ဦးသိန်းနိုင်ဟောပြောစဉ်စစ်ရုံးမှတားမြစ်လို့ ဖြစ်ပွားတဲ့ပဋိပက္ခလို့ နိုင်ငံနဲ့ တစ်ဝှမ်းဟိုးဟိုးကျော်ထင်ရှားတဲ့
ပြဿနာရဲ့ နောက်ကွယ်တရားဟောစင်မြင့်အောက်မှအဖြစ်အပျက်လေးတစ်ရပ်ကိုကျွန်တော်ဘယ်အခါမှမေ့မရ။
မကြာသေးမီကဇိဝိတဒါနဆေးရုံမှာဘ၀နတ်ထံပျံ လွန်တော်မူခဲ့တဲ့သံဃာတော်တစ်ဖြစ်လဲစွယ်စုံရအနုပညာ
ရှင်ကြီးချန်ပီယံတင်ညွန့် ကလွန်ခဲ့သော၂၅နှစ်ကကျွန်တော်နဲ့ သူငယ်ချင်းတစ်သိုက်ထံအပူကပ်ပြီးသူ့ ရဲ့ ပြောင်မြောက်တဲ့
ပါဖောမန့် တစ်ရပ်ကိုအနယ်နယ်အရပ်ရပ်ကဆန္ဒပြပရိသတ်ရှေ့ မှောက်တင်ဆက်အစွမ်းပြလိုက်ခြင်းနဲ့အတူစစ်ရုံးအတွင်းမှ
တရားပွဲချက်ချင်းရပ်ဖို့ မရပ်ရင်ပစ်မယ်လို့ နောက်ဆုံးသတိပေးကြေညာသံ၊သေနတ်မောင်းတင်သံ၊ပြေးသံလွှားသံ၊
ဟစ်အော်ရန်တွေ့ သံ၊ဆဲသံဆိုသံတွေဆူညံပွတ်လောရိုက်သွားခိုက်စောစောကကျွန်တော်ဆိုခဲ့တဲ့“လုပ်ရက်ကြလေခြင်း”
ဆိုတဲ့အကြည့်နဲ့ ကျွန်တော်တို့ ကိုကြည့်သွားတဲ့မိခင်တစ်ဦးရဲ့ အကြည့်ကထိုကမ္ဘာပျက်ခမန်းအသံတွေကိုမကြားမိတော့
အောင်ရှိစေခဲ့ပါတယ်။
                တရာဟောစင်မြင့်ပေါ်မှာအထူးအစွမ်းပြမယ့်ချန်ပီယံဦးတင်ညွန့် ရဲ့ ပါဖောမန့်အကွက်ဆန်းအတွက်လိုအပ်တဲ့အဓိကဇာတ်ဆောင်ကလေးငယ်တစ်ဦးရရှိနိုင်ဖို့ အရေး ကျွန်တော်တို့ အဖွဲ့ သားထဲမှတစ်ဦးက ကျွန်တော်နဲ့ တစ်ရပ်ကွက်တည်းသာမကတစ်လမ်းတည်း၊အိမ်ချင်းလည်းအလွန်နီးစွာလိုလွန်စွာချစ်ခင်ရင်းချာခဲ့တဲ့
မိသားစုရဲ့သားငယ်လူမယ်ကလေးငယ်လေးကိုမျက်စေ့ကျကာကလေးမိဘနှစ်ပါးကိုနိုင်ငံကျော်အနုပညာရှင်ကြီးချန်ပီယံဦးတင်ညွန်နာမည်ပြောပြနားချစည်းရုံးလို့ ခွင့်ပြုချက်ရတာနဲ့ ကလေးကိုတိုက်ပုံနဲ့ မောင့်ကျက်သရေခေါင်းပေါင်းအကျအန၀တ်ဆင်ပေးပြီးချန်ပီယံဦးတင်ညွန့် လက်အပ်ကာစင်တင်ပေးလိုက်တဲ့အခါ“ပါတီနာယကကြီးကတိုင်းပြည်ကိုအမှာစကားပြောကြားပါတော့မယ်”ဆိုတဲ့ကျွန်တော်တို့ အားလုံးမမျှော်လင်ထားတဲ့ချန်ပီယံဦးတင်ညွန့် ရဲ့ စကားသံနောက်မှာကလေးငယ်လေးရဲ့ မပီကလာပီကလာစကားသံနဲ့ “အားလုံးကိုရီးပ”ဲ ရီး( -ီး)ပဲ ဆိုတဲ့စကားကြောင့်တ၀ါးဝါး
တဟားဟားမပြုံးဘဲဝါးလုံးကွဲရယ်သံတွေနောက်မှာတော့ဆိုခဲ့တဲ့“တရားပွဲချက်ချင်းရပ်၊မရပ်ရင်ပစ်ရပါမယ်”ဆိုတဲ့စစ်ရုံးအတွင်းကသတိပေးကြေညာသံ၊သေနတ်မောင်းတင်သံ၊ပြေးသံလွှားသံ၊ဟစ်အော်ရန်တွေ့ သံ၊ဆဲသံဆိုသံတွေဆူညံပွတ်လောရိုက်သွားသလိုဘယ်အချိန်စင်ပေါ်ပြေးတက်ပြီးသားငယ်လေးကိုစိုးရိမ်တကြီးပွေ့ ခေါ်ချီမသွားမှန်းမသိလိုက်ရတဲ့ကလေးမိဘနှစ်ပါးကိုဖရိုဖရဲလူအုပ်ကြားလှမ်းတွေ့ လိုက်ပြီးစကားစမြည်ပြုဖို့ ဟန်ပြင်ခိုက်ကျွန်တော်မြင်
လိုက်ရတာက“လုပ်ရက်ကြလေခြင်း”လို့ အဓိပ္ပါယ်ရှိနိုင်မယ့်မျက်နာရိပ်မျက်နာကဲအကြည့်တစ်စုံပါ။ငယ်ရွယ်လွန်းတဲ့ကလေးနဲ့ အသုံးချပြီးမကြံအပ်မစည်ရာပြုရက်ကြလေခြင်းပေါ့...။ဒီလူတွေကိုယုံလိုက်မိခဲ့တာသားလေးခမျာမသေးကောင်း မပျောက်ကောင်းပေါ့။
            ကိုမျိုး(မြန်မာစာ)

No comments:

Post a Comment