ကျနော့်အမျိုးသမီးမသိအောင်ဆန္ဒခိုးပြရတဲ့အကြောင်းအရင်းကတော့
လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်လောက်က သူနဲ့ကျနော် သမီးရည်းစားဖြစ်ခါစအချိန်လောက်ကပေါ့သူက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်က Don Bosco Computer Institute မှာကျောင်းတတ်နေချိန်ကျောင်းဆင်းကျောင်းတတ်ကျနော်အမြဲအကြိုအပို့လုပ်ပေးရပါတယ်။
(သူကလုပ်ခိုင်းတာမဟုတ်ဘူး
စိတ်မချလို့) သူအဆောင်ကနေ ကျောင်းကို ဘတ်(စ်) ၂ နာရီလောက်စီးရပါတယ်။တရက်ပေါ့
နယူးဒေလီက မြန်မာသံရုံးကိုဆန္ဒပြဖို့ကျနော်တို့ကျောင်းသားတွေစလုပ်တယ်။အကြောင်းအရာကတော့ဒေါ်အောင်ဆန်းစုကြည်ကို
ယပ်တော့ကိစ္စနဲ့နေအိမ်အကျယ်ချုပ်၁၈လပြန်ချလို့တော်တော်လေးဒေါသချောင်းချောင်းထွက်နေတဲ့အချိန်ပေါ့။
ချစ်သူဆီက ခွင့်ပြုမိန့်တောင်းတယ်။ သူကမသွားစေချင်ဘူး… ဒါက မြန်မာပြည်မဟုတ်ဘူးဘာမှမဖြစ်ဘူး…
ဆန္ဒပြပြီးထွက်ပြေးရင်လွတ်တယ်.. မြန်မာသံရုံးမှာ ပထမဆုံးပြတာမဟုတ်ဘူး ခဏခဏပြဘူးတယ်။ ဘာမှစိတ်မပူနဲ့ဆိုပြီး အမျိုးမျိုးစည်းရုံးရတာပေါ့။ ညနေကျောင်းကိုလာကြိုမယ်စောင့်နေလို့ပြောတော့မှ မတတ်သာလို့ ခွင့်ပြုလိုက်တယ်။
ဒီကငနဲ့သားတွေကလည်း ထွက်နေ့တဲ့ဒေါသတွေကို သံရုံးမှာ အမုန်းပေါက်ကွဲလိုက်ကြတာပေါ့။
သံရုံးမျက်နှာစာတခုလုံးစုတ်ပျက်သက်သွားတာပဲ။ သံရုံးရှေ့က Myanmar Embassy ဆိုတာတောင် ချမ်းသာမပေးဘူး။
နယူးဒေလီက သံရုံးဧရိယာက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့နေရာပါ။
ကျနော်တို့တွေအကုန်အဖမ်းခံရတယ်။ ညနေကျောင်းဆင်းချိန် ချစ်သူမောင်ကြီးလာအကြိုစောင့်နေရှာတဲ့ သူ့ခမျာ… သောကတွေရောက်လို့ပေါ့… အဖမ်းခံရတယ်လို့သိတော့ တော်တော်စိတ်ပူပြီး ဒေါသတွေကျနော်ကို ထွက်နေပါတော့တယ်။ သူအတန်တန်တားတဲ့ အထဲက သူစကားနားမထောင်လို့ အခုလိုဖြစ်တာ.. ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး ဖုန်းနဲ့ ဆူပါတယ်။ အချုပ်ခန်းထဲမှာ ဖုန်းခိုးဆက်နေတဲ့အချိန်ဆိုတော့ လွယ်လွယ်နဲ့ ကတိပေးလိုက်ပါတယ် နောက်ဆန္ဒမပြတော့ပါဘူး…( စိတ်ထဲကတော့ မြန်မာသံရုံးမှာပေါ့ )။
နောက်ဆုံးတော့ အိန္ဒိယတရားရုံးမှာ ကျနော်တို့ရှေ့နေ အလျောက်ကောင်းပါတယ်။ မြန်မာအစိုးရဘယ်လို ယုတ်မာတာ သူတို့ရဲ့ခေါင်းဆောင်ကို မတရားလုပ်လို့ သူတို့သံရုံးမှာ လူငယ်တွေပီပီ စိတ်လွတ်သွားကြတာပါ။ သူတို့တွေဟာ အိန္ဒိယရဲ့ ဥပဒေကို ချိုးဖေါက်ဖို့ လုပ်ခဲ့တာမဟုတ်ဘူး.. စသဖြင့်ပေါ့… နယူးဒေလီကတရားရုံးမှာ အင်္ဂလိပ်လို့ပြောတာဗျာ… ရှေ့နေတွေရော တရားသူကြီးတွေရော သတင်းထောက်တွေရော မိုက်သလားမမေးနဲ့…. နားထောင်လို့ကောင်းပါ့။
ကျနော်တို့အတွက်ရှေ့နေကို မဇ္ဈိမက ကိုစိုးမြင့်ကရှာပေးတယ်။ အာမခံနဲ့သက်သေကတော့ NCGUB က ဝန်ကြီးဒေါက်တာတင့်ဆွေပေါ့. သူလည်း တရားသူကြီးကို အင်္ဂလိပ်လိုပဲ မြန်မာအကြောင်းရှင်းပြခဲ့တာပေါ့။ ဆန္ဒပြတဲ့ ၂၅ ယောက်ကို တယောက်ကို ရူပီး (၂၀၀၀) စီဒဏ်ရိုက်ပြီးပြန်လွှတ်လိုက်တယ်။
အဲဒိတုန်းက အချုပ်ခန်းထဲမှာ အမှတ်တရပေါ့…
ပျင်းလို့ဖဲရိုက်ဖို့ ဖဲထုတ်မှာလိုက်တော့ အခု အော်စီမှာရောက်နေတဲ့ ကိုမြင့်မောင်က တကူတကယူလာပြီး အချုပ်ခန်းစောင့်တဲ့ရဲကို အပ်လိုက်သတဲ့….. ရဲကိုပေးခိုင်းတော့ ရဲကသိမ်းတာပေါ့။
DVB က အသံဖမ်းအင်ဂျင်နီယာ ကိုရန်ပိုင် (အခု US မှာ) သူကတော့ ဆေးလိပ်နဲ့ ကွမ်းယာခိုးပေးပါတယ်။ အချုပ်သားတွေထမင်းကို သူနဲ့ ကိုမြင့်မောင်လာပို့ပေးတာပါ။
နောက်တယောက်က အခုနော်ဝေမှာရောက်နေတဲ့ ဦးဇင်းအရှင်ထာဝရပေါ့.. ကျနော်ဘေးမှာအိပ်တာ… မနက်မိုးလင်းတော့ သူက သင်္ဃန်းမရှိတော့ပဲ ကျနော်က သင်္ဃန်းဝတ်လျှက်သားနဲ့ပါ။
မှတ်မှတ်ရရ အခုမန္တလေးမှာနေတဲ့ မောင်ပါသဲ အဖမ်းခံချင်လွန်းလွန်းအဖမ်းခံတာတောင် ကလေးဆိုပြီး ရဲက အကြိမ်ကြိမ်အဖယ်ခံရလို့ဒေါသထွက်ခဲ့ရသူပါ။
ဘာပဲဖြစ်ဖြစ် ကျာနော်အမျိုးသမီးကို ကျနော်ကတိပေးခဲ့တာ ဘယ်တော့မှ ဆန္ဒမပြဘူးလို့ပေးခဲ့တာမဟုတ်ပါဘူး။ မြန်မာသံရုံးမှာ ဘယ်တော့မှမပြတော့ဘူးလို့ပဲပြောခဲ့တာပါ။ အခုလည်း မြန်မာပြည်မှာသူကို အသိပေးခဲ့ရင် သေချာပေါက်ခွင့်ပြုမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ခွင့်ပြုမိန့်မတောင်းခံပဲ ခိုးပြလိုက်တာပါ။ နောက်ဆိုရင် ခွင့်ပြုမိန့်ကျိုတင်တော့မည်ဖြစ်ကြောင်းကတိပြုခဲ့ရပါတယ်။
အခုတော့ တချို့လည်း မြန်မာပြည်ပြန်ရောက်နေပါပြီဒ(ကြည်လင်း(ရန်ကုန်)၊ ဝင်းယုထွန်း(လိုင်ဇာ)၊ ဇေယျာထွန်း(ရန်ကုန်))
အတူတူအဖမ်းခံရတုန်းကရဲဘော်တွေအကုန်သတိရလျှက်
ဆလိုင်းကောင်းမြတ်မင်း
No comments:
Post a Comment