အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် သခင်စိုးမြင့် (၈၇ နှစ်) သည် လူကြီးရောဂါဖြင့် ယနေ့ နေ့လည်ပိုင်း ၁ နာရီခွဲတွင် ရန်ကုန်ရှိ နေအိမ်၌ ကွယ်လွန်သွားပြီးဖြစ်ပါသည်.
ရန်ကုန်တိုင်း အန်အယ်ဒီ စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ သခင်စိုးမြင့်သည် တောင်ဥက္ကလာပမြို့နယ်ရှိ နေအိမ်တွင် ဆုံးပါးသွားခြင်း ဖြစ်တယ်လို့သိရပါတယ်.....
''တနာရီခွဲမှာ အိမ်မှာ ရိုးရိုးတန်းတန်း အိပ်နေရင်းကနေ ဆုံးသွားတာ။ နှလုံးကြောင့်မို့တော့ ထင်ပါတယ်။ အိမ်နားက ဆရာဝန်ကတော့ လာပြီးတော့ သေဆုံးကြောင်း အတည်ပြုပါတယ်။ သူ့မှာ ရင်ကျပ်တဲ့ ရောဂါတော့ ရှိတယ်။ နှလုံး အားနည်းတာလည်း ရှိတယ်။ ခဏခဏ မူးလဲတတ်ပါတယ်။ အခုဟာက သက်တောင့်သက်သာပဲ ဆုံးသွားတာပါ'' ဟု မြေးတဦးဖြစ်သူ မခိုင်ဝင့်ရည်က ပြောတယ်။
သေဆုံးချိန်တွင် သားသမီး ၅ ဦးနှင့် မြေး ၁၁ ဦး ကျန်ရစ်ခဲ့သည်။
သခင်စိုးမြင့် ဘဘ ဦးစိုးမြင့် သည် ၂၀-၅-၂၀၁၀ နေ့ ခင်း တစ်နာရီတွင် ဘ၀တစ်ပါးသို့ ပြောင်းသွားသည်ဟုကြားသိရသည့်
အတွက် အဖွဲ့ ချုပ် အဖွဲ့ ဝင်များနှင့် ထပ်တူ မိသားစုနှင့် ထပ်တူကြေကွဲဝမ်းနည်းရပါကြောင်း
စက်တင်ဘာထာဝရ
Thursday, May 20, 2010
Subscribe to:
Post Comments (Atom)





No comments:
Post a Comment