Saturday, August 22, 2009

အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီး အကောင်အထည် ဖော်ဆောင် ရေးကော်မတီ အား ဖွဲ့စည်း


အကြောင်းအရာ။ ။ သတင်းထုတ်ချက် ပေးပို့ခြင်း
သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ၏ ဦးဆောင်မှုဖြင့်မြန်မာပြည်တွင်း တွင်
တည်ရှိသော နိုင်ငံရေးအင်အားစု(၁၄) ဖွဲ့ မှ လက်ရှိတည်ဆဲ စစ်အစိုးရအား
ထိပ်တိုက် ရင်ဆိုင်ပြီး မြန်မာတစ်ပြည်လုံး အတိုင်းအတာဖြင့်
အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီး ဖြစ်ပေါ် လာစေရေး အတွက်
အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီး အကောင်အထည် ဖော်ဆောင် ရေးကော်မတီ
အား ဖွဲ့စည်း လိုက်ကြောင်း သတင်းထုတ်ပြန်ချက်အား ပေးပို့ပါသည်။
ဒကာတို့အနေဖြင့် ယခုပေးပို့သော သတင်းအား ပြည်တွင်း/ပြည်ပ ရှိ
တိုင်းရင်းသား ပြည်သူ အများ သိရှိရန် အဆင်ပြေသလို ဒကာတို့၏ သတင်းဝပ်ဆိုဒ်
တွင် ဖော်ပြ ပေးစေ လို ပါသည်။
အရှင် ပါရမီခန္တီ
တွဲဖက်အထွေထွေအတွင်းရေးမှူး
သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ


No comments:

Post a Comment