မြန်မာနိုင်ငံကို လည်ပတ်ဖို့အတွက် အိန္ဒိယ နိုင်ငံသားတွေဟာ
ကာလကတ္တားမြို့မှာ့ ပြည်ဝင်ခွင့်ဗီဇာ ယူစရာ မလိုတော့ပဲ နယ်စပ်နဲ့ နီးတဲ့
အိန္ဒိယ ဘက်ခြမ်းက မိုလေးမြို့နဲ့ မြန်မာဘက်ခြမ်းမှာဆိုရင် တမူးမြို့မှာပဲ
ပြည်ဝင်ခွင့်ဗီဇာ ယူနိုင်တော့မယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံ
အင်ဖားလ်မြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အိန္ဒိယ - မြန်မာ
ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ R.K. Shivachandra က အခုလို အတည်ပြု ပြောခဲ့တာပါ။
အရင်တုန်းကဆိုရင် အိန္ဒိယနိုင်ငံသားတွေဟာ မြန်မာပြည်ကို ပြည်ဝင်ခွင့်ဗီဇာ
မလိုပဲ မဏိပူရ ဖက်ကနေ ဝင်ရောက် လည်ပတ်လို့ ရပါတယ်။ ဒါပေမဲ့ ၂ဝဝ၅
ခုနှစ်မှာ အဲဒီလို လည်ပတ်တာကို တားမြစ်ခဲ့တဲ့ အတွက်ကြောင့် အိန္ဒိယ
နိုင်ငံသားတွေ အနေနဲ့ မြန်မာပြည်ကို လည်ပတ်ဖို့အတွက် ပြည်ဝင်ခွင့်ဗီဇာ
ရဖို့ အခက်အခဲ ရှိတယ်လို့ ဖော်ပြထားပါတယ်။
လာမဲ့ မတ်လမှာ အိန္ဒိယ နိုင်ငံ မဏိပူရ ပြည်နယ်က ခရီးသွားအုပ်စုဟာ
မြန်မာပြည်ကို စပြီး လည်ပတ်မယ်လို့လည်း သူက ပြောပါတယ်။
ဒီလို နှစ်နိုင်ငံအကြား အလွယ်တကူ ကူးသန်းသွားနိုင်တဲ့ အတွက်ကြောင့် တရုတ်
၊ ထိုင်း၊ နဲ့ ကမ္ဘေဒီယားနိုင်ငံတို့က ကုန်ပစ္စည်းတွေ မြန်မာပြည်ကို
ဖြတ်ပြီး အိန္ဒိယ နိုင်ငံကို တင်သွင်းနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး ချို့တဲ့
တဲ့အတွက် မြန်မာနိုင်ငံသားတွေ အနေနဲ့လည်း အိန္ဒိယ ဘက်ခြမ်းမှာ ဆေးဝါးကုသမှု
ခံယူနိုင်မှာ ဖြစ်ပြီး မဏိပူရဒေသကို လည်ပတ်နိုင်မှာ ဖြစ်တယ်လို့ဖော်ပြ
ထားပါတယ်။
ဒီလို နှစ်နိုင်ငံ ကူးသန်းသွားလာရေး လွယ်ကူစေဖို့အတွက် အိန္ဒိယ-
မြန်မာလမ်းကို ဖောက်လုပ်ဖို့လည်း အစပျိုးနေကြောင်း သယ်ယူပို့ဆောင်ရေး
ဝန်ကြီးကလည်း ပြောကြားသွားပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment