စစ်ကိုင်းတိုင်း ကလေးမြို့နယ် ခုံသာအုပ်စုအတွင်းရှိ ကျေးရွာများမှာ
အာဏာပိုင်များရဲ့ အတင်းအကျပ် နွေစပါးစိုက်ခိုင်းနေမှုကြောင့် ဒေသခံ
တောင်သူ လယ်သမားများ စိတ်သောကရောက်နေကြရကြောင်း သတင်းရရှိပါတယ်။
ဒေသခံ လယ်သမားတစ်ဦးရဲ့ အဆိုအရ ယခု နွေစပါးအစိုက်ခိုင်းတဲ့ မြေနေရာတွေမှာ
နေကြာ၊ မြေပဲ စတဲ့ သီးနှံများ စိုက်ပျိုးပါက တောင်သူတွေအတွက် (၁) ဧကလျှင်
အနည်းဆုံး ၀င်ငွေ (၄၀၀၀၀) ကျပ်ကနေ (၂၀၀၀၀၀) ကျပ်အထိ
ရရှိနိုင်တယ်လို့သိရပါတယ်။
ယခုလို အခြားသီးနှံတွေ စိုက်ပျိုးရမယ့် မြေနေရာမျိုးမှာ နွေစပါး
စိုက်ပျိုးခဲ့မယ်ဆိုရင်
စပါးအတွက် ရေမလုံလောက်မှုတွေနဲ့ ရင်ဆိုင်ကြရပြီး ဆုံးရှုံးမှုများစွာတွေနဲ့
ကြုံတွေ့နေရ်တယ်လို့ ဆိုပါတယ်။
နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ကတော့ ယခုလို အခြားသီးနှံတွေ
စိုက်ပျိုးရမယ့်နေရာမျိုးမှာ နွေးစပါးစိုက်လိုက်တဲ့အတွက် ကျွဲ နွား
တိရစ္ဆာန်တွေရဲ့ စားကျက်အတွက်ပါ အခက်တွေ့နေရပါတယ်လို့ပြောပါတယ်။
ရှေးအစဉ်အလာအရ ၄င်းဒေသများမှာ မိုးစပါးပြီးတာနဲ့ ကျွဲ နွားများကို
နောက်ကလိုက်ပြီး စောင့်ကြပ်တာမျိုး မလုပ်ကြပဲ လွတ်လွတ်လပ်လပ်
လွှတ်ထားကြလေ့ ရှိပါတယ်။
ဒါကြောင့် န အ ဖ အာဏာပိုင်များရဲ့ ယခုလို နွေစပါး အတင်းအကြပ်
အစိုက်ခိုင်းတဲ့ လုပ်ရပ်တွေဟာ မြန်မာနိုင်ငံ ဒေသအနှံ့အပြားမှာ
လူသားများသာမက ကျွဲ နွားစတဲ့ တိရိစ္ဆာန်တွေအထိကိုပါ အစားအစာ အခက်ခဲများနဲ့
ကြုံတွေ့နေကြပါတယ်။ ၄င်းအပြင်မှာလည်း ကျွဲ နွားများကို့ လွတ်လွတ်လပ်လပ်
လွှတ်ထားကြရမယ့် ကာလမျိုးမှာ နွေးစပါးစိုက်ပျိုးလိုက်ရတဲ့အတွက် သူတပါး
စပါးခင်းတွေအတွင်း မိမိတို့ရဲ့ ကျွဲ နွားများ ၀င်စားရာမှတစ်ဆင့်
နောက်ဆက်တွဲ လူမှုရေးပြဿနာများလည်း ဖြစ်ပေါ်လာပြီး
နွေးစပါးစိုက်ခင်းတွေထဲကိုဝင်စားတဲ့ကျွဲနွားအတွက်လျောကြေးငွေတွေလဲ
ပေးဆောင်ကြရပါတယ်။
အခုတော့ န အ ဖ လုပ်ပုံကြောင့် တောင်သူ လယ်သမားထင်မက
ကျွဲနွားတိရစ္ဆာန်တောင် အတိဒုက္ခရောက်နေပြီးပါတယ်။
တကယ်တော့ ယခုအာဏာပိုင်များ အတင်းအကြပ် နွေစပါးအစိုက်ခိုင်းတဲ့
မြေနေရာတွေမှာ အာဏာပိုင်များကိုယ်တိုင် (၂၀၀၆) ခုနှစ်က စစ်တပ်တွေချပြီး
စမ်းသပ်လုပ်ကိုင်ခဲ့ကြပြီး သူတို့ကိုယ်တိုင် အရှုံးနဲ့
ရင်ဆိုင်ခဲ့ကြရပြီးလည်း ဖြစ်ပါတယ်။ ဒေသခံ တောင်သူတစ်ဦးကတော့ ယခုလို
သူတို့ကိုယ်တိုင် အရှုံးနဲ့ ရင်ဆိုင်ခဲ့ကြရတဲ့ နေရာမျိုးမှာ တဖန်ပြန်ပြီး
တောင်သူတွေကို အတင်းအကြပ် စေခိုင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး
အာဏာပိုင်များအပေါ် နားမလည်နိုင်အောင် ဖြစ်ကြရတဲ့အပြင်
သူတို့ခိုင်းတဲ့အတိုင်း မလုပ်ခဲ့ပြန်ရင်လည်း လယ်ယာတွေ
အသိမ်းခံရမယ့်အရေးကလည်း စိုးရိမ်ကြောက်လန့်နေကြရတယ်လို့
ပြောဆိုသွားခဲ့ပါသေးတယ်။
“အခုကိစ္စကို အထက်ကလူကြိးတွေ သိ မသိတော့ ကျွန်တော်တို့လည်း မပြောတတ်ဘူး။
တကယ်တော့ ကျွန်တော်တို့ တောင်သူ လယ်သမားတွေလည်း ချမ်းသာချင်ကြတာပေါ့ဗျာ။
အဆင်ပြေနိုင်မယ့် အချိန် ရာသီဥတုကို ကြည့်ပြီး သူတိုမခိုင်းလည်း
လုပ်လို့ဖြစ်နိုင်မယ်ထင်ရင် လုပ်ကြမှာပေါ့ ။ အခုတော့ နေရာတကာမှာ
အာဏာနဲ့ကြီး အတင်းအကြပ် စေခိုင်းလုပ်ကိုင်နေတာကြောင့် မကြာခင်
ကျွန်တော်တို့ဒေသမှာ လူသာမက ကျွဲ နွား စတဲ့ တိရိစ္ဆာန်များပါ
အတိဒုက္ခရောက်နိုင်ကြပါတယ်။ အဲဒီအတွက် သက်ဆိုင်ရာ
ထိပ်ပိုင်းအာဏာပိုင်များအနေနဲ့ သိရှိနားလည်ပြီး တောင်သူလယ်သမားများကို
စာနာစေလိုပါတယ်” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။
အီမေလ်ပေးပို့လာသူ အားကျေးဇူးအထူးတင်ရှိပါကြောင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment