Sunday, January 24, 2010
ရွှေဝါရောင်သံဃာ-ကျောင်းသား-လူထုပူပေါင်းလှုပ်ရှားမူအဖွဲ့
ရွှေဝါရောင်သံဃာ-ကျောင်းသား-လူထုပူပေါင်းလှုပ်ရှားမူအဖွဲ့
ကြေညာချက်-၁/၂၀၁၀နေ့စွဲ၊-၁၅၊၀၁၊၂၀၁၀
ကျွနုပ်တို့သည် မြန်မာပြည်တွင်း၌ လူထုတစ်ရပ်လုံးအတွက် ဒီမိုကရေစီ ထွန်းကားရေးကို ရှေးရှုကာ လူမျိုး၊ ဘာသာ၊ ပုဂ္ဂိုလ် မခွဲခြားဘဲ သံဃာ ၊ ကျောင်းသား ၊လူထုတစ်ရပ်လုံး မြန်မာအရေးကို လက်တွဲညီစွာ လှုပ်ရှား လုပ်ဆောင်နိုင်ရေးအတွက် (၂၀၀၇) ရွှေဝါရောင် တော်လှန်ရေးမှ မျိုးဆက်များဖြစ်သော သံဃာ၊ ကျောင်းသား ၊ လူထုများကို အခြေခံ၍ မျိုးဆက်သစ် ပြည်သူများ နှင့် အတူ (ရွှေဝါရောင်သံဃာ-ကျောင်းသား-လူထုပူးပေါင်းလှုပ်ရှားမူအဖွဲ့) ကို ( ၁၊၀၁၊၂၀၁၀) နေ့၌ (ရွှေဝါရောင်သောတုဇနဘိက္ခူ အဖွဲ့ကြီး) ကို အခြေခံကာ ထပ်ဆင့်ဖွဲ့စည်းလိုက်သည်။
(ရွှေဝါရောင်သံဃာ-ကျောင်းသား-လူထုပူးပေါင်းလှုပ်ရှားမူအဖွဲ့) သည် မြန်မာပြည်တွင်းရှိ ရွှေဝါရောင်မျိုးဆက်သစ်များကို အခြေခံကာ ဖွဲ့စည်းထားဖြစ်သောကြောင့် ပြည်တွင်းလှုပ်ရှားမူများကို ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်သည်။ ကျွနုပ်တို့သည် မြန်မာနိင်ငံပြုပြင်ပြောင်းလဲရေးကို ငြိမ်းချမ်းသောနည်းလမ်းများကိုသာ ရွှေးချယ်အသုံးပြု သွားမည်ဖြစ်သောကြောင့် ပြည်သူလူထုတစ်ရပ်လုံးနှင့်တကွ ရဲဘော်၊ စစ်သားများပါမကျန် ကျွနုပ်တို့နှင့် ပူးပေါင်းပါဝင်နိင်ရန် နှိုးဆော်တိုက်တွန်းလိုက်သည်။
၁။ ဇန်န၀ါရီ(၁၅) ရက်နေ့မှစတင်ကာ မနက်(၆)နာရီတိတိအချိန်၌ မိမိတို့အိပ်ယာမှထကာ ဖေဖေါ်ဝါရီလ ( ၁၂ ) နေ့ ပြည်ထောင်စုနေ့အထိ တစ်တိုင်းပြည်လုံး တစ်ပြိုင်နက် မေတ္တာပို့ ဆုတောင်းကြရန်။
၂။ စစ်အစိုးရ၏ ပစ်ခတ်နှိုမ်နှင်းမူများမှ လွတ်ကင်းစေရန် မိမိနေအိမ် ၊ ဘုရားကျောင်းများ၌ မိမိတို့ဘာသာအလိုက်ဘုရားရှစ်ခိုးဝတ်ပြုဆုတောင်းကြရန်။
၃။ မေတ္တာပို့ဆုတောင်းရာတွင် တစ်ပြိုင်နက်ဖြစ်စေရန် အချိန်အတိအကျ အိပ်ယာထကာ ဆုတောင်းကြရန်နှင့် ဒေါသစိတ်ကိုအနည်းငယ်မျှမဖြစ်စေဘဲ ဆုတောင်းကြရန်။
၎။ မေတ္တာပို့သဆုတောင်းမူများကို ကမ္ဘာအရပ်ရပ်ရှိ မြန်မာနိုင်ငံသားများ ၊ပြည်တွင်းရှိ စစ်သား၊ ရဲဘော်များပါမကျန် မိသားစုဝင်အားလုံး ဖြူစင်စွာ မေတ္တာပို့သကြရန်။
အထက်ပါမေတ္တာပို့သမှု အစီအစဉ်များကို ထိရောက်စွာလုပ်ဆောင်နိင်ပါက မကြာမီ မြန်မာပြည်၌ နိင်ငံရေးပြောင်းလဲမှုကြီးဖြစ်ပေါ်ကာ ပြည်သူပြည်သား၊ ရဲဘော်၊စစ်သား တို့၏ မိသားစုဝင်များပါမကျန် ၀မ်းမြှောက်ပျော်ရွှင်ရမည်ဖြစ်ကြောင်း ကျွနုပ်တို့(ရွှေဝါရောင်သံဃာ-ကျောင်းသား-လူထုပူးပေါင်းလှုပ်ရှားမူအဖွဲ့) မှကြေညာချက်ထုတ် တိုက်တွန်းနိုးဆော်လိုက်ပါသည်။
ရွှေဝါရောင်သံဃာ-ကျောင်းသား-လူထုပူးပေါင်းလှုပ်ရှားမူအဖွဲ့
ရွှေဝါရောင် သံဃာ-ကျောင်းသား-လူထု ပူပေါင်းလှုပ်ရှားမှု့ အဖွဲ့ (Saffron Monks-Students-People Alliance)(SMSPA)
ရွှေဝါရောင်သောတုဇနဘိက္ခူ သံဃာ့အဖွဲ့ ကြီး (Saffron Young Monks Organization) (SYMO) လွတ်လပ်သောစာပေနှင့်အနုပညာအဖွဲ့ (Free Literature and Art Organization) (FLAO) တို့  ပူပေါင်းဖြန့် ဝေသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment