ဧရာဝတီမြစ်ကမ်းနံဘေးက တစ်မျော်တစ်ခေါ်ရှည်လျားကျယ် ပြောသော ကျွန်းပေါ်သို့ ကျွန်တော် ရောက်နေသည်။ သဲသောင်ပြင်ပေါ် ပြေးပြီးပြီ။ ဧရာဝတီမြစ်ထဲတွင် ရေဆင်းကူးပြီးပြီ။ ယခုတော့ စိမ်းလန်းသော ကျွန်းပေါ်မှာ ကျွန်တော်လမ်း လျောက်နေသည်။ အသည်းထဲအထိ အေးစိမ့်သွားသည်။ အသည်းထဲအထိ နွေးထွေးလှိုက်လဲသွားသည်။ ယာတောသူလေးတစ်ဦးက ယာတဲ အမိုးပေါ်သို့ ခုန်ကူးတော့မည့် ဗူး ညွှန့် ဗူးနွယ်ကလေးကို ကိုင်ကြည့်နေသည်။ ပြီးတော့ သီချင်းဆိုလိုက်သည်။ ယာတောသူလေးသည် ဗူးနွယ်လေးကိုသီချင်းဆိုပြနေတာလား။
Highgrave ကျေးလက်စံအိမ် မှာ ကိုယ်ပိုင်ယာခင်းထဲ ချယ်ရီတုတ် သားလေးနှင့် လမ်းလျောက်နေသော ဝေလမင်းသားချားလ်စ်ကို ကျွန်တော် သတိရမိသွားသည်။
ချားလ်စ်မင်းသားသည် သူပိုင် ကျေးလက်ယာတောထဲမှာ မုယော စပါး(barley)၊ သကြားမုန်လာ၊ မုန်လာဥနီ၊ ရွက်စားမုန်လာ၊ မုန်ညင်း (mustard)၊ ဂျုံသီးနှံအစုံစိုက်သည်။ ဓာတုဆေးဝါးအကူအညီ မသုံးသဘာဝမြေသြဇာဖြင့် သဘာဝအတိုင်း စိုက်ပျိုးရှင်သန်စေသည်။ သီးနှံတွေက ဓာတုဆေးဝါးမသုံးသဖြင့် အရမ်း အယ်ကားအောင် မကြီးထွား။ စား လို့တော့အလွန်ကောင်းသည်။ ဘေး အန္တရာယ်လည်း မဖြစ်နိုင်။ ဒါကို ချားလ်စ်မင်းသားက ''virtuous circle" ဟု ခေါ်သည်။ သဘာဝအတိုင်း ဂေဟစနစ်ဖြင့်သန်စွမ်းဆက် နွယ်နေတော့ အကောင်းစားစက်ဝိုင်း ထဲမှာ ဟင်းသီးဟင်းရွက်နှင့်သီးနှံ များ လှပလတ်ဆတ်နေသည်။
Catherine Mayer အမည်ရှိ အက်ဆေးဆရာကTime မဂ္ဂဇင်းမှာ ရေးထားသည်မှာ ချားလ်စ်မင်းသား သည် ကျေးလက်ယာခင်းထဲက သူ့သစ်ပင်လေးတွေကို အကြီးထွားမြန် အောင် stimulate လုပ်သတဲ့။ သစ်ပင်လေးတွေကို ချားလ်စ်မင်းသားက စကားလုံးတွေနှင့် ချော့မြူနှိုးဆွပေး ပါလိမ့်မည်။ အစဦးက ချားလ်စ်မင်း သားကို သစ်ပင်တွေကိုstimulate လုပ်တာ ခပ်ကြောင်ကြောင်ပဲဟု လူ တွေက ရယ်မောလှောင်ပြောင်ကြ သည်။ သို့သော် ချားလ်စ်၏ ယာ တောမှာ အောင်မြင်ခဲ့သည်။ သစ်ပင်တွေကို ချော့မြူတာမှန်ခဲ့သည်။ Plants really do respond to sound ဟု တောင်ကိုရီးယားသိပ္ပံပညာရှင် များက အခိုင်အမာပြောဆို အတည် ပြုခဲ့ကြသည်။ သစ်ပင်များသည် အသံကိုတုံ့ပြန်နိုင်စွမ်း အမှန်တကယ် ရှိသည်။
အခုလည်း ဧရာဝတီမြစ်ကမ်း ဘေးကျွန်းတစ်ကျွန်းပေါ်မှယာတောသူလေးသည် ဗူးနွယ်လေးကိုသီချင်း ဆိုပြနေသည်။ ဗူးညွန့်ဗူးနွယ်ဗူးရွက် ကလေးတွေ စိမ်းနေသည်။ အပွင့်ဖြူ ဖြူလေးတွေ ပွင့်လိမ့်မည်။ ဗူးသီး ကြီးကြီးတွေ ညွတ်နေအောင်သီး လိမ့်မည်။
( ၂ )
ကြက်သွန်ခင်း၊ မြေပဲခင်း၊ သ ခွားခင်း၊ ပန်းနှမ်းခင်း၊ ဖရုံခင်း၊ ခ၀ဲ ခင်း၊ ဖရဲသီးခင်း၊ ပြောင်းဖူးခင်း၊ ခရမ်းချဉ်ခင်း၊ ပဲမျိုးစုံခင်း၊ ချဉ်ပေါင် ခင်း . . .အခင်းများစွာနံဘေးက လမ်းကျဉ်းကျဉ်းလေးပေါ်မှာ ကျွန်တော်နေသည်။ နေကြာပွင့်တွေ ပွင့်ဟာနေသည်။ ပန်းနှမ်းခင်းတွေ စိမ်းဝါနေသည်။ ပြောင်းဖူးပင်များ သည် အောက်ပိုင်းမှာပြောင်းဖူးတွေ ဖူးနေပြီး ခေါင်းပေါ်မှာ ပြောင်းပန်း တွေဖူးပွင့်နေကြသည်။ ငှက်ကလေး တွေက ပြောင်းပန်းပွင့်တွေပေါ်နား နေသည်။ ဗျိုင်းဖြူဖြူများ၊ ကျီးကန်း မည်းမည်းများ၊ ရွှေဟင်္သာရွှေဝါ ရောင်များက ပြောင်းပင်တွေပေါ် ပျံဝဲ သွားကြသည်။ စာဝါငှက်ကလေး တွေ၊ ဇရက်တွေ အစာ စားရင်း သီချင်းဆိုနေသည်။ ချိုးငှက်ကလေး တွေ ကူနေသည်။ ကြက်တူရွေးလေး တွေက အစိမ်းရောင် အ၀ါရောင်၊ ခရမ်းရောင် . .။
ယာတဲလေးတစ်တဲဆီသို့ ကျွန် တော်ဝင်ကြည့်လိုက်၏။ ယာတဲပိုင် ရှင်ဇနီးမောင်နှံက ရေနွေးကြမ်းကို မြေကရားအိုးလေးနှင့် တည်ခင်း၏။ သခွားသီး မှည့်မှည့်ဝင်းဝင်းကို ခွဲ ကျွေးသည်။ ချိုမွှေးပြီး အေးနေ၏။
''စား. . . ၀အောင်စား၊ ကျွန်မ တို့က အစိမ်းအကျက်မရွေးဘူး။ ဧည့်သည်ဝင်လာရင် သခွားသီးမှည့် အ၀ကျွေးရမှ''
''အပြန်မှာ သခွားသီးမှည့်တွေ ကြိုက်သလောက်ယူသွားပါ'' နှစ်ဦး စလုံးက ဧည့်ဝတ်ပြုကြသည်။
''ဓာတ်မြေသြဇာသုံးလား၊ ပိုး သတ်ဆေးသုံးလား''
''ဧရာဝတီမြစ်ရေကျတာနဲ့ ကျွန်းပေါ်တာနဲ့ စိုက်တာ မြေနုကျွန်းဆို တော့ မြေဆီသြဇာက သဘာဝအတိုင်း ပြည့်ဝနေတာ။ ဓာတ်မြေသြ ဇာမလိုဘူး။ ပိုးသတ်ဆေးကိုတော့ လိုအပ်မှ သုံးတာ''
၂၀၀၉ ခုနှစ်ထဲမှာ Heroes of The Environment ထဲမှ တစ်ဦးအပါအ၀င်ဖြစ်သူ ရုရှားအမျိုးသမီး၊ သိပံ္ပပညာရှင် Olga Speranskaya ကို ကျွန်တော်သတိရသွားသည်။ ထိုအမျိုးသမီးက ရုရှားနိုင်ငံ၏ စိုက်ခင်းတွေမှာ ဓာတုဆေးဝါးများ မသုံးစွဲရန် တက်တက်ကြွကြွလှုံ့ဆော်သည်။ မော်စကိုမှ Chemical Safety Program ကို ဦးဆောင်လှုပ်ရှားရင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း သည်။ ကျေးရွက်စိုက်ခင်းများထိ ဆင်းကာ ဟင်းသီးဟင်းရွက်များကို သဘာဝအတိုင်း စိုက်ပျိုးအသုံးပြုပါ က ရောဂါဘယကင်းဝေးပြီး လူ့သက်တမ်းပိုရှည်စေနိုင်ကြောင်း သတင်းဖြန့်ဖြူးသည်။ ဤ Information Bridge ကို လှလှပပခိုင်ခိုင်မာမာ တည်ဆောက်ဆက်သွယ်ပေး သည်။ အရက်ချက်စက်ရုံမှ စွန့်ပစ် ရေများသည် စိုက်ခင်းများအောက်မှ၊ နံဘေးမှ မဖြတ်သန်းရန်၊ မြစ်များဆီ သို့ မစီးဆင်းစေရန်လည်း ထိုအမျိုး သမီးက အင်အားရှိရှိ အသံကောင်း ကောင်း အော်ဟစ်ခဲ့သည်။
ယခုကျွန်တော် မြိန်ရေယှက် ရေစားနေသော သခွားသီးမှည့်မှာ လည်း ဓာတုဆေးဝါးကင်းစင်တော့ ပိုအရ သာရှိသည်။ စားရတာ ပိုပြီးရဲ တင်းတက်ကြွမိ၏။
'' ကျွန်မတို့ကျွန်းတွေကထွက် တဲ့ ဟင်းသီးဟင်းရွက်တွေကို မန္တလေး ကတစ်ဆင့် အခြားမြို့တွေကို ပို့ရ တယ်''
ယာတဲပိုင်ရှင်အမျိုးသမီးက ပြောသည်။
ငါးဖမ်းသမားများက ဧရာဝတီ မြစ်ထဲမှ ဖမ်းလာသော ငါးကြီးကြီး တစ်ကောင်ကို ယာတဲရှင်ဇနီး မောင် နှံထံလာပေးသည်။ ယာတဲရှင်တို့က သခွားသီးတွေ၊ ပြောင်းဖူးတွေပြန် ပေးလိုက်သည်။
ကျွန်တော်သည် ယာတဲရှင် ဇနီးမောင်နှံကို နှုတ်ဆက်ပြီး ရှေ့ ဆက်လျောက်လာ၏။
( ၃ )
If words were food, nobody would go hungry.
ကျွန်တော်တို့ စကားလုံးတွေ နှင့် တော်ကီတွေလွှတ်ကြသည်။ အ ချို့က စင်မြင့်ပေါ်တက်ပြီးစကားလုံး တွေနှင့် ဟောပြောကြသည်။ အချို့ ကစကားလုံးတွေနှင့် ပစ်ပေါက်ကြ သည်။ ကျွန်တော်တို့၏ Game မှာ စကားလုံးတွေနဲ့လား။ အကယ်၍ စကားလုံးတွေသာ အစားအစာဆိုလျင် မည်သူတစ်ဦးတစ်ယောက်မျ ဆာလောင်မည်မဟုတ်ပါ။
ကျွန်းပေါ်မှာတော့ လက်တွေ နှင့်စိုက်ပျိုးကြသည်။ လက်တွေနှင့် တူးဆွကြသည်။ လက်တွေနှင့်မြေ ဆွေးထည့်ကြသည်။ လက်တွေနှင့် ရေလောင်းကြသည်။ လက်တွေနှင့် ပေါင်းရှင်းကြသည်။ သီးပွင်လာမှု ကို လက်တွေနှင့် ခူးဆွတ်ကြသည်။ လက်တွေနှင့် လှည်းပေါ်တင်သည်။ ထော်လာဂျီပေါ်တင်သည်။ ထိုမှဈေး ကွက်ဆီသို့ ပို့ဆောင်ကြ၏။ သူတို့ ပါးစပ်ကသီချင်းဆိုလျင်လည်း သစ်ပင်လေးတွေ ဖွံ့ဖြိုးဖို့အတွက် သီဆို သည်။ ဤကျွန်းပေါ်မှာ သူတို့၏ အရိုးသားဆုံးဘ၀တွေကို တည်ဆောက် ထူထောင်ထားကြသည်။ သူတို့၏ ဘ၀ရထားကို ဤကျွန်းတွေပေါ်မှာပဲ ခုတ်မောင်းသွားကြသည်။ မြို့ကြီး များမှ လူသားတွေစားသုံးဖို့ သူတို့သည် ဤကျွန်းပေါ်မှာ မိုးလင်းမိုးချုပ် ပျော်ရွှင်စွာစိုက်ပျိုးကြသည်။ မြို့ ကြီးများပေါ်မှ လူသားတွေအဟာရ ဖြစ်ဖို့၊ လူသားတွေ ရှင်သန်ဖို့ ဤ ကျွန်းပေါ်မှာ သူတို့တွေထွန်ယက် စိုက်ပျိုးကြသည်။ ရိတ်သိမ်းခူးဆွတ် ကြသည်။ သူတို့ကြောင့် ကျွန်တော်တို့တတွေ အစားအစာလုံခြုံလောက် ငှနေသည်။ သူတို့ကြောင့် စိုစိုစိမ်းစိမ်း လတ်လတ်ဆတ်ဆတ် ချိုချိုချဉ် ချဉ်ဖွယ်ဖွယ်ရာရာ စားနိုင်ကြသည်။ ကျွန်တော်တို့သည် " Food Security" ဟူသော စကားလုံးကို သူတို့ကြောင့် ထိထိရှရှခံစားနားလည်မိသည်။
( ၄ )
ယာတဲ့တစ်တဲရှေ့တွင် နွားစာ ကျွေးနေသောအဘိုးအိုကိုတွေ့သည်။ ကျွန်တော်သွားနှုတ်ဆက်ပြီး သူနှင့် ကျွန်းနှင့်ဆက်စပ်ပုံကိုမေးကြည့်၏။
''ဒုတိယကမ္ဘာစစ်တုန်းက ကျုပ်က ဒီကျွန်းပေါ်မှာ လူပျိုပေါက် စလေးပေါ့။ ကောင်းကင်ပေါ်စစ်လေ ယာဉ်တွေ ၀ဲပျံသွားတာ ဒီကျွန်းပေါ် ကပဲ ကျုပ်မော့ကြည့်ခဲ့ရတာပေါ့။ တို့ဗမာအစည်းအရုံးထဲ ကျုပ်ဝင်ခဲ့ တယ်။ မြန်မာ့လွတ်လပ်ရေးတပ်ထဲ လည်း ကျုပ်ပါဝင်ခဲ့တယ်။ ကျုပ်တို့အဖွဲ့က ကျုပ်တဲမှာလာပြီးလက် နက်တွေ ၀ှက်ခဲ့တာပေါ့။ ဖက်ဆစ် တော်လှန်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး အတွက် ဒီကျွန်းက ခေတ္တခွာခဲ့သေး တယ်။ လွတ်လပ်ရေးရတော့ ကျုပ် ရဲ့ကျွန်းပေါ် ကျုပ်ပြန်ရောက်ပြီး ကျုပ်စိုက်ပျိုးရေးပဲ ကျုပ်ပြန်လုပ်ခဲ့ တာပေါ့။ ရေတိုးချိန်ဆို အိမ်ပြန်နေ တယ်။ ရေကျတာနဲ့ ကျွန်းပေါ်ပြန် ရောက်တယ်။ ငါးရာကျွန်း၊ ရှမ်း ကလေးကျွန်း၊ အဲလိုအခေါ်ရှိတယ်။ ကျွန်းပိုင်နက်ကို ကိုယ့်သင်္ကေတနဲ့ ကိုယ်မှတ်ကြတာပဲ။ တစ်ယောက် ဘာမှ ပြဿနာမရှိပါဘူး။ လူတွေက ရိုးသားကြတယ်။ ဟိုးခေတ်ကတော့ ဆေးရွက်ကြီးနဲ့ မြန်မာကြက်သွန်နီ ဥကြီးတွေ စိုက်တယ်။ ဒီဘက်ခေတ် မှာတော့ နေ့စဉ်ငွေပေါ်တဲ့ ဟင်းသီး ဟင်းရွက်တွေကို အဓိက စိုက်တယ်။ ကျွန်းတွေ ဘယ်လောက်ရှိတယ်။ သီးနှံတွေဘယ်လောက် ထွက်တယ် ဆိုတာ သုတေသနလုပ်ထားသင့် တယ်။ မှတ်တမ်းမှတ်ရာနဲ့ ရှိသင့် တယ်လို့ ကျုပ်တော့ယူဆတယ်''
ထိုအဘိုးအို၏အမည်မှာ ဦးကျော်ဘင်ဟု သိခဲ့ရသည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့် သခင်စိုးကို ပဲခူးက အိမ်တစ်အိမ်မှာ သုံးရက်တိတိ အနီးကပ်မြင်ဖူးခဲ့သည်ဟု သူကဆို၏။ထို သုံးရက်မှာ သူက လက်တိုလက် တောင်း၊ဝေယျာဝစ္စဆောင်ရွက်ပေးခဲ့ ရသော လူငယ်တစ်ဦးဘ၀နှင့်ဟု ဆိုသည်။ '' သခင်စိုးက မှတ်ဥာဏ်သိပ် ကောင်းတာ။ စာအုပ်တွေဖတ်ပြီးရင် လည်း အကုန်လုံးစေ့ပတ်စေ့မှတ်မိ တယ်''ဟု ဆက်ပြောနေသေးသော၊ အတိတ်ကားချပ် စိမ်းစိုဆဲဖြစ်သော အသက်ရှစ်ဆယ်ကျော် ဦးကျော်ဘင် ကို စိမ်းစိုသော ကျွန်းပေါ်မှာ ကျွန် တော်လက်ဆွဲနှုတ်ဆက်ခဲ့သည်။
( ၅ )
နောက်ထပ်ယာတဲတစ်တဲသို့ ၀င်သည်။ မ၀င်းအေးနှင့်နို့စို့ကလေး ငယ်ကို တွေ့ရ၏။ ဟိုး''လ၀ါခဲ''က လာရသည်။ ခင်ပွန်းက စိုက်ပျိုးပြီး ကတည်းက ရွာမှာပြန်ပြီး ရွာအလုပ် လုပ်သည်။ မ၀င်းအေးကကျွန်းပေါ် မှာ သီးနှံတွေခူးဆွတ်ပြီး နေ့စဉ်ပွဲစားွေကို အထုတ်လိုက်ရောင်းသည်။
''ညနေစောင်းရင် ဟင်းသီး ဟင်းရွက်တွေကို အထုပ်ကြီးတွေ၊ တောင်းကြီးတွေနဲ့ ပွဲစားကိုရောင်း လိုက်တာပဲ။ မိန်းမသားတစ်ယောက် တည်းပေမယ့် ကျွန်းပေါ်မှာ သူခိုး ဓားပြမရှိတော့ မကြောက်ရဘူး။ တဲ အချင်းချင်းကလည်း ရိုင်းပင်းတယ်၊ စောင့်ရှောက်တယ်။ ကျွှန်းပေါ်မှာ တဲ အားလုံးက မိသားစုတွေပဲ ငါး ဖမ်း သမားမိသားစုတွေကလည်း ကျွန်မတို့ကို ကူညီစောင့်ရှောက် တယ်။ ဒီမှာ အလုပ်လုပ်စားရတာ သိပ်ပြီးအေးငြိမ်းတယ်။ ဘာမှ ကြောက်စရာ၊ လန့်စရာမရှိဘူး။ ကိုယ့်သစ်ပင်နဲ့၊ ကိုယ့်ကလေးနဲ့ ကိုယ့်နွားနဲ့ ကိုယ့်လှည်းနဲ့ ကိုယ့် အလုပ်နဲ့ဟုမ၀င်းအေးကပြောသည်။
နောက်ထပ် ယာတဲတစ်တဲဆီ ကျွန်တော်ဝင်သွားသည်။ ကိုခင်မောင်ညွန့်နှင့် မရွင်ပြုံးကြည်ဇနီး မောင်နှံ။ ငန်းဇွန်အနီးက 'ရွှေပြည့် ရှင်' ကျွန်းကို ဧရာဝတီတိုက်စား သွားကတည်းက ဤကျွန်းပေါ်သို့ ပြောင်းလာကြသည်။ ကိုးနှစ်ရှိပြီ။ သူတို့ဆီမှာဟို ဘက်ကမ်းဝါးချက် ရွာက အေးမိစံတို့က အမေအိုကြီးနှင့် လာအလုပ်လုပ် နေကြသည်။
ကလေးငယ်တစ်ယောက်က တဲထဲမှာအကျအနထိုင်ပြီး ဖရဲသီး စိတ်ကို ခုံခုံမင်မင်စားနေသည်။ က လေးငယ်အနီးမှာ နိုင်ငံခြားမျိုးစပ် နွားငယ်ငယ်၀၀ဖီးဖီးလေးက တောင်း ထဲမှ အစာကို ခေါင်းမဖော်ဘဲ စား နေ၏။ ကျွန်တော့်ကိုဖရဲသီတစ်လုံး ခွဲကျွေးသည်။ ထို့နောက်သူလှည်း နှင့် ဖရဲခင်းဆီခေါ်သွားသည်။ ဖရဲသီးခူးနေကြသော တစ်ဦးနှင့်တစ်ဦး လက်ဆင့်ကမ်း၍ဖရဲသီးသယ်ကြသည်။
''ဖရဲကုန်သည် တရုတ်ကလေး လာတယ်လေ။ လူလည်ထက်မူဆယ် ကိုပိုကြောက်ရလို့ မူဆယ်ကိုသွားမရောင်းတော့ဘူး။ ကျွန်းပေါ်လာဝယ် တဲ့ ကုန်သည်ကိုပဲ တစ်လုံးရှစ်ရာနဲ့ ရောင်းတယ်။ ကျွန်တော့အခင်းက ဒီနေ့အလုံးတစ်ထောင်ခူးမယ်။ ကုန် သည်က ဒီကျွန်းပေါ်မှာပဲ အခင်းပေါင်း စုံကဖရဲသီးအလုံး သုံးသောင်းလောက် ၀ယ်ဝယ်သွားတယ်။ သုံးရက်တစ်ခါ လာဝယ်တယ်''ဟု ဖရဲခင်းပိုင်ရှင် တစ်ဦးကပြော၏။
ကိုယ်တိုင်အစာရေစာ လုံလောက်သည်။ Food Self Sufficiency ဖြစ်သည်။ ကမ္ဘာကိုကျွေးမွေးရန် စိတ်စေတနာ အပြည့်အ၀ရှိသည်။ အကြောင့်အမျိုးမျိုးကြောင့်ခွင့်မတောင်ပဲပေါ်ပြတာကိုနားလယ်ပေးပါရန် ........
A Brief Interlude in The Tragedy of Burma
3 years ago
No comments:
Post a Comment