၁၉၆၀ ပြည့်နှစ်ကာလ။ ယင်း ကာလသည် စစ်အေးတိုက်ပွဲကာလ အလယ်ပိုင်းဖြစ်သည်။ ကနေဒါ နိုင်ငံထုတ် ရီးဒါးဒိုင်ဂျက်စ်မဂ္ဂဇင်း အယ်ဒီတာချုပ် ရောဘတ်ဂိုယက်တီ ၏ ဦးလေးဖြစ်သူမှာ ကနေဒါနိုင်ငံ ရှိ စစ်တပ်တွင် စစ်သားများအား လစာငွေပေးရသည့် တာဝန်ထမ်းဆောင်နေရာမှ အနောက်ဂျာမနီနိုင်ငံ သို့ပြောင်းရွှေ့စစ်မှုထမ်းရန်အမိန့် ကျလာသည်။ နေတိုးတပ်ဖွဲ့ဝင်များ အခြေစိုက်ရာဌာနချုပ်မှ အနောက်ဂျာမနီနိုင်ငံတွင် ဖြစ်ပြီး ဂိုယက်တီ၏ ဦးလေးသည် အနောက်ဂျာမနီတွင် သုံးနှစ်ကြာမျ တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။
ဂိုယက်တီ၏ ဦးလေးသည် အနောက်ဂျာမနီနိုင်ငံသို့ မပြောင်းရွှေ့မီအချိန်မှာပဲ သူ့အစ်ကိုဖြစ်သူဂိုယက်တီ၏တို့သည် ပုံစံတူတိပ်ရီကော်ဒါ အသံဖမ်းစက်နှစ်လုံးဝယ်ယူရန် တိုင်ပင်ခဲ့ကြသည်။ တိပ်ရီကော်ဒါအသံ ဖမ်းစက်သည် တိပ်သားပေါ်တွင် အသံသွားယူရပြီး နာရီပေါင်းများစွာ အသုံးပြုနိုင်သည်။ သူတို့ညီအစ်ကို နှစ်ယောက်သည် အသံဖမ်းစက်ကို အသုံးပြုကာ အတ္တလန္တိတ်သမုဒ္ဒရာ တစ်ဖက်ခြမ်းမှ သတင်းများနှင့် သဘောတရားများကို သွင်းယူခြင်း၊ နားထောင်ခြင်းများ ပြုလုပ်ကြ မည်ဖြစ်သည်။ မိမိတို့သွင်းယူထား သည့် သတင်းနှင့်အယူအဆများကို တစ်ယောက်နှင့်တစ်ယောက်ဖလှယ် ပြီး နားထောင်ရန်ရည်ရွယ်ကြခြင်း ဖြစ်သည်။ ထိုအသံသွင်းခြင်းတိပ်ခွေတွေကို စာတိုက်မှပေးပို့ဖလှယ် ကြရန် ကတိပြုထားကြသည်။
ဤကဲ့သို့ တိပ်ခွေများအပြန်လှန်ပေးပို့ခြင်းဖြင့် သတင်းကွက်လပ် ကွာဟမှုကို ပေါင်းကူးတံတားထိုးနိုင်မည်။ ညီအစ်ကိုနှစ်ဦးကြားတွင် ထို ကွက်လပ်ကြီးသည် ပျောက်ကွယ် သွားလေပြီ။
မိမိဖခင်ဖြစ်သူသည် ညဘက်၌ မိုက်ကရိုဖုန်းမှ တစ်ဆင့်ကနေဒါ နိုင်ငံတွင် ဖြစ်ပျက်နေသည့် နိုင်ငံ ရေးဖြစ်စဉ်များကို သွင်းယူနေတာ ကို ရောဘတ်ဂိုယက်တီတစ်ယောက် တွေ့မြင်နေရသည်။ ထိုမျသာမက မိသားစုဘ၀၏ ဖြစ်ရပ်များကို လည်း သွင်းယူနေတာကြားနေရ သည်။ ဖခင်ဖြစ်သူက သူ့အသံသွင်း နေရတာကို အားမရနိုင်သေး။ ဂို ယက်တီ၏ အစ်ကို၊ အမေနှင့် သူ့အား နိုင်ငံရပ်ခြားတွင်နေသည့် ဆွေ မျိုး များထံနှုတ်ခွန်းဆက်စကားပြော ကြားရန်ပြောလာသည်။ ထိုစဉ်က ရောဘတ်ဂိုယက်၏အသက်မှာ ၁၀ နှစ်သားမျသာရှိထားသည်။
ငယ်ရွယ်သည့် ကလေးတစ်ဦး ပီပီဂိုယက်တီက''ဟဲလို၊သိပ်သတိရတယ်။ နေကောင်းပါစေ''ဆိုသည့် ပဋိသန္ဓာရစကားလောက်ပဲ ပြောနိုင်ခဲ့ သည်။
တစ်နှစ်လျင် တစ်ကြိမ် နိုဝင်ဘာလရောက်သည်နှင့် နာတာလူးပွဲတော်ဂီတ သီချင်းအသံသွင်းကြ သည်။ သူတို့ အသံသွင်းထားသည် များကို ဦးလေးမိသားစုသည် အားလပ်ရက်တွင် နားသောတဆင်နိုင်ပေလိမ့်မည်။ တစ်နိုင်ငံမှ တစ်နိုင်ငံ စာတိုက်မှတစ်ဆင့် အသံသွင်းတိပ်ခွေများ တင်ပို့ရသည်မှာ တစ်လလောက် ကြာတတ်သည်။ ထိုကာလသည်တစ်ကမ္ဘာလောက် ကြာသည်ပင်ထင်ရသည်။ သူဦးလေး၏ မိသားစုသည် တခြားစကြ၀ဠာမှာ နေထိုင်သည်ဟု ပင် ထင်မှတ်ရသည်။
ဂိုယက်တီ၏ မိဘနှစ်ပါးသည် ထိုယာဉ်ပျံကို လုံးဝမစီးဖူးကြပါ။ နောက်ဆုံးမှာတော့ ဂျာမနီနိုင်ငံရှိ ဦးလေးထံသွားဖို့ ဆုံးဖြတ်လိုက်ကြ သည်။ သူတို့ ဥရောပတိုက်မှာ တစ်လတာနေထိုင်ခဲ့ကြသည်။ နောက်တစ်နှစ်တွင် ရောဘတ်ဂိုယက်တီ၏ အဘိုးအဘွားတွေပါ ဥရောပတိုက်သွားပြီး မိသားစုတွေ့ဆုံကြသည်။
၂၀၀၅ ခုနှစ်ရောက်ခဲ့ချေပြီ။ အချိန်တွေလည်း အကုန်မြန်လွန်းလှသည်။ ရောဘတ်ဂိုယက်တီ အိမ်ထောင်ကျပြီးပြီ။ သူ့သားအကြီးဆုံး သည် ပေကျင်းတွင်နေထိုင်လျက်ရှိ သည်။ ဂိုယက်တီ၏ ဇနီးက ပေ ကျင်းမြို့ရှိ ကနေဒါနိုင်ငံသံရုံးတွင် အမှုထမ်းနေသဖြင့် သူလည်း လိုက်ပါသွားခြင်းဖြစ်သည်။သူက တရုတ် ဘာသာစကားသင်ယူရန် သာမက ဥရောပတိုက်နှင့် မတူခြားနားသော ယဉ်ကျေးမှုကိုလည်း ရှာဖွေစူးစမ်း ရန် စိတ်ကူးရရှိသူဖြစ်သည်။
ဂိုယက်တီသည် ၁၉၆၀ ပြည့် နှစ်ကာလက သူ့ညီအစ်ကိုဝမ်းကွဲများ အကြောင်းကို ပြန်ပြောင်းစဉ်းစားကြည့် သည်။ သြော် သူတို့တစ်တွေသည် မိမိနှင့်အလွန်ဝေးကွာသည့် အရပ်ဒေ သကိုရောက်ရှိနေကြသည်။ ဆက်သွယ် ရေးကလည်း အလွန်ခက်ခဲလှသည်။
ယနေ့ကတော့ အားလုံးပြောင်း လဲခဲ့ပြီ။ ကမ္ဘာတစ်ဝန်းလုံးမှာ ဖြစ်ပျက်နေသည့် သတင်းတွေကို ကြားနေရသည်။ အင်တာနက်ဖြင့် ကမ္ဘာ တစ်ဝန်းကို ချိတ်ဆက်ထားသည်။ ဂိုယက်တီကို သူ့သားက အွန်လိုင်း ချက်တင်ဝင်နည်း သင်ကြားပေးသည်။ ကွန်ပျူတာဖန်သားပြင်ထက်မှာ ရုပ်သွင်မြင်ရသည်။ အခကြေးငွေမပေးရဘဲ သားအဖနှစ်ယောက်စကားပြော ကြရသည်။ ကွန်ပျူတာ ဖန်သားပြင်ထက်မှနေ၍ စွန့်စားခန်းများကို သားဖြစ်သူက ပြောပြသဖြင့် ဂိုယက်တီက သိခွင့်ရသည်။
ဤသည်မှာ မော်ဒန်နည်းပညာရပ်၏ ကျေးဇူးပါပဲ။ ဒေသအကွာအဝေးသည် ဘာမျအရေးမပါတော့။ ကမ္ဘာကြီးက ကျဉ်းမြောင်းသွားပြီ။
၂၀၀၉ ခုနှစ် မက္ကဆီကို။ ယူတန်တန်အမျိုးသားဥယျာဉ်။ မက္ကဆီ ကိုအစိုးရက မြေဧကပေါင်း၇၀၀၀၀၀ ခန့်မှာ မြေပြင်နှင့် ပင်လယ်ကမ်းရိုး တန်းပုံစံ ဥယျာဉ်တစ်ခုဖန်တီးထား သည်။ ဒေါ်လဖင်၊ ပင်လယ်လိပ် စသည်များ တွေ့မြင်နိုင်သည်။ သန္တာ ကျောက်တန်းတွေကို ရေငုတ်ပြီး ကြည့်နိုင်သည်။
အတ္တလန်တိတ်ပင်လယ်ကမ်း ခြေတွင် လူသူကင်းမဲ့နေသည်။ ထို လူရှင်းနေသည့် ကမ်းခြေတွင်လမ်းလျောက်နေချိန်၌ ရေလှိုင်းများရိုက် ခတ်ထားသဖြင့် ကမ်းခြေတွင်စုပုံနေ သော အမှိုက်ကို တွေ့မြင်ရသည်။ ပလတ်စတစ်ဘူးတွေ၊ အိတ်တွေစ သည်ဖြင့်။ ဂိုယက်တီက ဧည့်ကြို မလေးကို စွန့်ပစ်ပစ္စည်းအကြောင်း မေးသည်။ ဧည့်ကြို ခရစ္စတင်းက တော့ လေးစားစွာဖြင့် ရှင်းပြသည်။ သူမရှင်းပြသော သူထဲမှာ ပစိဖိတ်သမုဒ္ဒရာထဲရှိ ရေပြင်ထက်မှ ငါး တွေ သဘာဝအန္တရာယ် ကျရောက်နေတာလည်းပါသည်။
မက္ကဆီကိုနိုင်ငံရှိ ဇီဝဗေဒ ပညာရှင်များက အမှိုက်တွေမည်သည့် အရပ်ကလာတာလဲ လေ့လာနေကြောင်း ခရစ္စတင်းက ရှင်းပြ သည်။ အံ့သြစရာကောင်းသည်က ထိုစွန့်ပစ်ပစ္စည်းများပေါ်မှာ အာရပ် အမှတ်အသားတွေ ပါရှိနေသည်။ အတ္တလန္တိတ်မှနေသည် မောရိုကိုအထိ ခြေရာခံလိုက်ရမည့်အနေအထား။
ဂိုယက်တီ စိတ်ကူးတစ်ခုရ လိုက်သည်။ အားလုံးသည်ဆက်နွှယ် နေကြသည်။ အာရှတိုက်မှာနေသည် ဖြစ်စေ၊ အမေရိကားတိုက်မှာနေ သည်ဖြစ်စေ၊ အာဖရိကတိုက်မှာနေ သည်ဖြစ်စေ . . .တစ်ဦးနှင့် တစ် ဦး အမှီသဟဲပြုနေကြရသည်။ ပြင်သစ်စကားပုံတစ်ခုရှိသည်။ တရုတ်နိုင်ငံမှ လိပ်ပြာတောင်ပံခတ်သံသည် အမေရိကန်နိုင်ငံတွင် မုန်တိုင်းဖြစ် ပေါ်စေသည်တဲ့။
ကမ္ဘာကြီးသည် အမှန်ပဲကျုံ့ ၀င်သွားသည်။ သေးငယ်သွားသည်။ ဂလိုဘယ်လက်ဇေးရှင်းကတော့ အဆုံးအစမရှိကျယ်ပြန့်နေဆဲ။
No comments:
Post a Comment