Wednesday, February 10, 2010

မနက်ဖြန်အတွက် ယနေ့တိုက်ပွဲ

၈ရက်နေ့တည်းက စပြီးလှိုင်သာယာ၃/၃၆ မင်းကြီးမဟာမင်းခေါင်လမ်း စက်မှု ဇုံ
( ၃ ) အမှတ် ၃မှာ ဖြစ်ပွားခဲ့တဲ့ အလုပ်သမားအခွင့်အရေး
တောင်းဆိုဆန္ဒပြပွဲအား တောင်းဆိုထားသည့် အချက် ၁၀ချက် မရပါက ဆက်လက်ပြီး
ဆန္ဒပြ တောင်းဆိုသွားကြမယ်လို့လည်း သိရပါတယ်။စစ်အာဏာပိုင်တွေ ဟာအောက်ခြေ
ပြည်သူတို့ရဲ့ ဘဝကိုပဲအဆင်ပြေအောင် လိုက်လျောပေးမလား ပလဲနံပ သင့်တဲ့
စီးပွားရေးလုပ်ငန်းရှင် နိုင်ငံခြားသားတွေဘက်က ပဲ ရပ်တည်မလားဆိုတာ
အဖြူအမဲမကြာခင် ပေါ်ပါတော့မယ်၊ အလုပ်သမားတွေ တောင်းဆိုတဲ့
အခွင့်အရေးဟာစီးပွားရေးလုပ်ငန်းရှင်တွေ၊
စစ်အာဏာပိုင်တွေအတွက်ဘာမှာပြောပလောက်တဲ့ တောင်းဆိုချက်တွေ မဟုတ်ပါဘူး။

နိုင်ငံတကာနဲ့ယှဉ်ရင် အင်မတန်မှနည်းပါးတဲ့တောင်းဆို ချက်တွေပါ၊
ဒါကို စစ်အာဏာပိုင်တွေဟာ စားဝတ်နေရေးအနေနဲ့ မကြည့်ပဲ နိုင်ငံရေးဆိုတဲ့
မျက်စိနဲ့ကြည့်ခဲ့ရင်တော့
အ ကြမ်းဖက်နှိမ်နင်းခဲ့ရင်တော့အခြေအနေတွေဟာမ လိုအပ်ပဲ
ကြီးထွားလာပါလိမ့်မယ်၊ ပြည်သူတွေ အနေနဲ့
လက်မဆိတ်မှ လက်ထိပ်နာဆိုတဲ့ စကားအတိုင်း မိမိတို့နဲ့ မဆိုင်သလိုမနေပဲ
တဘက်သတ်နိမ့်ကျနေတဲ့ မိမိတို့ရဲ့ပြည်သူပြည်သား အလုပ်သမားတွေဘက်က
ပြည်သူတွေအားလုံး တတ်နိုင်သလောက်
ဝိုင်းဝန်အားပေးကူညီပေးကြပါ။မိမိတို့ကိုယ်တိုင်ရော လူ့အခွင့်အရေးတွေ
ဆုံးရှုံးနေတယ်မဆုံးရှူံးဘူးဆိုတာ ပြန်လည်ဆန်းစစ်ပြီး လက်တွဲပါဝင်ကြဖို့
အထူးပဲ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

No comments:

Post a Comment