ပြည်သူတွေရဲ့အာဏာကို မတရားရယူပြီး အုပ်ချုပ်နေတဲ့ န အ ဖ
စစ်အာဏာရှင်သက်တမ်းတစ်လျှောက်လုံးမှာ ပြည်သူတွေအတွက် စားဝတ်နေရေး
လုံခြုံရေးစတဲ့ ပြည်သူတို့ရဲ့အရေးကိစ္စတွှေမှာ ဘာတစ်ခုမှ
အာမခံချက်မရှိပါဘူး။
အခုလည်းကြည့်လေ အလုပ်နဲ့ လုပ်ခလစာကို မျှတအောင်မပေးပဲ
အာဏာပိုင်တွေနဲ့ပေါင်းကာ အလုပ်သမားတွေပေါ် မတရားခေါင်းပုံဖြတ်နေတဲ့
လှိုင်သာယာမြို့နယ် စက်မှုဇုံက စက်ရုံတွေထပ်ပြီးပိတ်လိုက်ရပြန်ဆိုတဲ့
သတင်းတွေက ကြား၇ပြန်ပါပြီ။ ၄င်းတို့ရဲ့ တရားမမျှတမှုတွေကို အလုပ်သမားများက
မကျေနပ်လို့ ဆန္ဒပြတောင်းဆိုမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်ပေါ့။
နောက်ဆက်တွဲအဖြစ် အဆိုပါစက်ရုံက အလုပ်သမား ထောင်ပေါင်းများစွာ
အလုပ်လက်မဲ့ဘ၀ဖြစ်ကြရအုံးမှာကတော့ စဉ်းစားစရာမလိုအောင်ပါပဲ။
စစ်အာဏာရှင်သက်တမ်းတစ်လျှောက်လုံးမှာ ပြည်သူတွေအတွက် စားဝတ်နေရေး
လုံခြုံရေးစတဲ့ ပြည်သူတို့ရဲ့အရေးကိစ္စတွှေမှာ ဘာတစ်ခုမှ
အာမခံချက်မရှိပါဘူး။
အခုလည်းကြည့်လေ အလုပ်နဲ့ လုပ်ခလစာကို မျှတအောင်မပေးပဲ
အာဏာပိုင်တွေနဲ့ပေါင်းကာ အလုပ်သမားတွေပေါ် မတရားခေါင်းပုံဖြတ်နေတဲ့
လှိုင်သာယာမြို့နယ် စက်မှုဇုံက စက်ရုံတွေထပ်ပြီးပိတ်လိုက်ရပြန်ဆိုတဲ့
သတင်းတွေက ကြား၇ပြန်ပါပြီ။ ၄င်းတို့ရဲ့ တရားမမျှတမှုတွေကို အလုပ်သမားများက
မကျေနပ်လို့ ဆန္ဒပြတောင်းဆိုမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်ပေါ့။
နောက်ဆက်တွဲအဖြစ် အဆိုပါစက်ရုံက အလုပ်သမား ထောင်ပေါင်းများစွာ
အလုပ်လက်မဲ့ဘ၀ဖြစ်ကြရအုံးမှာကတော့ စဉ်းစားစရာမလိုအောင်ပါပဲ။
နောက်သတင်းတစ်ခုကတော့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်
လေးထောင့်ကန်လမ်းမပေါ်မှာရှိတဲ့ သင်္ဃန်းကျွန်းဈေးကြီးမှာ ၂၀၁၀ ပြည့်နှစ်
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ည ၇ နာရီ မိနစ် ၃၀ ၀န်းကျင် အချိန်က
မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီအတွက်
ဆုံးရှုံးမှုပေါင်းစွာရှိခဲ့ကြရသလို မိသားစုရာပေါင်းများစွာတို့မှာလည်း
အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကြရပါတယ်။
ီ
မီးလောင်မှုရဲ့ အကြောင်းအရင်းကို အတိအကျမပြောနိုင်ပေမယ့် ပေါ့ဆမီးဆိုတာထက်
တစ်ချိန်က ရရှိထားတဲ့ ဘဏ္ဍာငွေတွေကို သက်ဆိုင်ရာအာဏာပိုင်အချို့က
မတရားသုံးစွဲခဲ့ကြပြီး နောက်အစိုးရသစ်မပြောင်းခင်မှာ ကြိုတင်ပြီး
စာရင်းဖြောက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
အခုဆိုရင် ပြည်သူဘဏ္ဍာတွေကို အုပ်ချုပ်သူ အာဏာပိုင်များကိုယ်တိုင်က
၎င်းတို့နဲ့နီးစပ်တဲ့ စားဖေါ်စားဖက် စီးပွါးရေးသမားများ
ဆွေမျိုးတွေလက်ထဲကို ရောင်းချနေကြပြန်ပါပြီ။ တကယ်တော့လည်း
စစ်အာဏာရှင်တို့မည်သည်မှာ တိုင်းပြည်နဲ့လူမျိုးအကျိုး တိုင်ြ့ပည်နဲ့
လူမျိုးတို့ရဲ့ ရိုးရာအမွေအနှစ်ဆိုတာတွေကို
တန်းဖိုးထားရမှန်းမသိတတ်ကြတာကြောင့် ဘယ်သူသေသေ ငတေမပါရင် ပြီးရော
ဆိုတဲ့စကားဟာ အာဏာရှင်နဲ့ ၄င်းတို့နောက်လိုက်တွေရဲ့ လက်သုံးစကားများ
ဖြစ်နေရော့သလားလို့ပါ။ ပြည်သူတွေကိုတော့ ရေမီးမှန်အောင်မပေးပဲ
သဘာဝဓာတ်ငွေက ရောင်းလို့ရရှိတဲ့ ငွေတွေကို
စစ်အာဏာရှင်သက်ဆိုးရှည်ရေးအတွက်လုပ်ဆောင်နေကြပါတယ်။
သာမန်ပြည်သူတွေခဗျာ စားစရာမရှိ နေစရာမရှိလို့ လမ်းဘေးဝဲယာတွေမှာ
တောင်းရမ်းစားသောက်ရင်း အိပ်နေရချိန်မှာ ငွေကြး မြောက်များစွာ
ကုန်ကြခံပြီး ကြပ်ပြေးဆိုတဲ့ မြို့တော်ကြီးကို တည်ဆောက်လိုက်တာကလည်း
စစ်အာဏာရှင်တွေရဲ့ ပြည်သူတွေအပေါ်မှာ ထားတဲ့ စိတ်ရင်းစေတနာကို
ပြသလိုက်တာပါပဲ။
နအဖ စစ်အစိုးရရဲ့ လက်ထက်မှာ သဘာဝ တောတောင်ဆိုတာတွေကလည်း
ကုန်လုနီးပါးဖြစ်လို့နေပါပြီ။ အကျိုးဆက်အဖြစ်
ရာသီဥတုတွေဖောက်ပြန်လာတွေနဲ့ ပြည်သူအများ ရင်ဆိုင်ကြုံတွေ့လို့
နေကြရပါတယ်။ အခုနောက်ပိုင်းမှာ ဧရာဝတီ မြစ်ကြီးပင် တိမ်ကောလာနေတယ်ဆိုတဲ့
ဝမ်းနည်းစရာသတင်းဆိုးပါပဲ..။
ဧရာဝတီမြစ်
“အခု ကျွန်မတို့မှာ ရေမချိုးရဲ မသုံးရဲဖြစ်နေပြီ။ ခုမှ ကျွန်မတို့
ဒုဌ၀တီဟာ ဒုက္ခ၀တီ ဖြစ်နေပါပြီ” လို့ စဥ့်ကိုင်မြို့နယ်
မီးသွေးပုတ်ကျေးရွာမှ အမျိုးသမီးတစ်ဦးက သူ့ရဲ့ ခံစားချက်ကိုဖွင့်ဟ
ပြောကြားပါတယ်။
ဒုဌ၀တီမြစ်
ဘုရားကအောက် မျောက်က အထက်ဆိုသလို ပညာရှင်တွေကို နှိပ်ကွပ်ထားပြီး
ဘာမှမသိမတတ်တဲ့ စစ်အာဏာရှင်တွေက အမိန့်ပေးအာဏာစနစ်နဲ့ မဆင်မခြင်
ထင်ရာစိုင်းနေပါတယ်။ စစ်အာဏာရှင် လက်အောက်မှာ နေထိုင်နေရတဲ့ အသိပညာရှင်
အတတ်ပညာရှင်တွေဟာ မိမိတို့ရဲ့ တိုင်းပြည်ကိုချစ်ပင်ချစ်သော်ငြားလည်း
လူမိုက်တွေရဲ့အုပ်ချုပ်မှုအောက်မှာ မနေလိုကြတာကြောင့် တိုင်းပြည်ကို
စွန့်ခွာနေကြပါပြီ...နောက်ဆက်တွဲ ပြသနာကတော့ တိုင်းပြည်က အတတ်ပညာရှင်တွေ
လျော့ပါးလာပြီး Brain drain ဖြစ်ပေါ်လာနေပါပြီ။ ထို့အတူ ကာယလုပ်သားတွေလည်း
အိမ်နီးချင်း နိုင်ငံတွေကို လုပ်အားစီးဆင်းမှုတွေ ကြုံနေရပါပြီ...
ကချင်မြစ်ဆုံ ရေလှောင်တမံ စီမံကိန်းအတွက် အနီးဝန်းကျင်ရှိ ကျေးရွာပေါင်း
၆၀ ကျော်ကို မေလတွင် ပြောင်းရွှေ့ရန် အာဏာပိုင်များက ပြင်ဆင်နေကြောင်း
ဒေသခံများက ပြောပါတယ်။ ရေအားလျှပ်စစ် စက်ရုံကထွက်မယ့် လျှပ်စစ်ဓာတ်အား
တွေကို တရုတ်ပြည်ကို ရောင်းစားဖို့ စီစဉ်နေတာပါ.. ရရှိလာမယ့်
အကျိုးအမြတ်တွေက ကချင်ပြည်သူလူထုအတွက် မဟုတ်ပါဘူး...
န အ ဖ ပြောတဲ့ ခေတ်မှီတိုးတက်တဲ့ ပရောဂျက် စီမံကိန်းကြီးဟာ တကယ်တော့
ပြည်သူတွေအတွက်ခေတ်မှီတိုးတက်ပြီး ချမ်းသာဖို့မဟုတ်ပါပဲ ပြည်သူများကို
အကြီးအကျယ်ဒုက္ခပေးဖို့သာဖြစ်တယ်ဆိုတာကို ပြည်သူလူထုကြီးအနေနဲ့
အထူးသတိထားကြရန် လိုအပ်ပါတယ်။ ယနေ့အချိန်မှာ န အ ဖ စစ်အာဏာရှင်ကြီးတွေကို
(၅၅)သန်းကျော်သော ပြည်သူလူထုကြီးက တက်ညီလက်ညီနဲ့ အမြစ်ပါ
မကျန်တော်လှန်ကြဖို့ အချိန်တန်နေပါပြီ၊
အကယ်၍ ပြည်သူလူထုကြီးအနေနဲ့ ရှိတာလေးနဲ့ကျေနပ် ရတာလေးနဲ့ရောင့်
ရဲတင်းတိမ်ပြီး ကိုယ့်တိုင်းပြည်ရဲ့ အရေးကို ကိုယ်နဲ့မဆိုင်သယောင်
လက်ပိုက်ကြည့်နေကြမယ်ဆိုရင်တော့ စစ်ကျွန်ဖြစ်ဖို့
လက်တကမ်းပဲလိုပါတော့တယ်။
၎င်းကျွန်မျိုးဆက်က မိမိတို့ရဲ့ သက်တမ်းတစ်ခုနဲ့သာရပ်တန့်ပြီး
နေမှာမဟုတ်ပဲ
ခင်ဗျားတို့ ကျနော်တို့ရဲ့သားစဉ်မြေးတွေတစ်လျှောက်လုံး ဆက်ခံကြရမှာပါ။
ယနေ့ ပြည်သူတွေဟာ မိမိတို့ရဲ့ မနက်ဖြန်ဆိုတဲ့ အနာဂတ်ကိုတိုင်
မစဉ်းစားဝံ့ရဲလောက်အောင်ပင် အကြပ်တည်း၊ အခက်အခဲ ပေါင်းများစွာက
ဖီးစီးလို့သာနေပါတယ်၊
No comments:
Post a Comment