Monday, February 15, 2010

ခံစားချက်အတူတူရှိနေမဲ့သူငယ်ချင်းများအတွက်ပါ

အချိန်တန်ပြီဆိုတော့
ပြန်ရပါတော့မယ်
နွေဦးရဲ့မနက်သစ်တွေက
ကျောရိုးဘက်မှာ
လင်းလက်ခွင့်ရှိနေသမျှ
အနီးအဝေးရဲ့ပြဿနာတွေ
ငါတို့  ထပ်ပြီးမသယ်ဆောင်တော့ဘူး ။ ။

လောင်မြိုက်ခံလင်းလက်တဲ့
ဖယောင်းတိုင်လို အဆုံးသတ်မှုမျိုး
ပြီးဆုံးပါတော့မယ်
အခန်းကျဉ်းထဲက့ 
အမှန်တရားရဲ့ထွက်ပေါက်မဲ့ရှိုက်သံ
အလေးအနက်ခံစားနိုင်ဖို့
ရုန်းကန်လှုပ်ရှားမှုတွေ
ငါတို့ 
ငြိမ်သက်လိုက်ကြရအောင် ။ ။

အချိန်တန်ပြီဆိုတော့
ပြန်ရပါတော့မယ်
ခွင့်လွတ်ခြင်းအပြုံးရဲရဲလေးလောက်တော့
ငါ့အလောင်းပေါ့့်  ဖုံးအုပ်ပေးပါ ။ ။


အတ္တဆန်ဆန်
ခံစားချက်အမှုံအမွှားလောက်တော့
ငါမြေပေါ်မှာ
မျိုးမကြဲပါနဲ့
ရှင်သန်ထမြောက်ခြင်းကို
ငါတို့ အသိုက်အမြုံအတွက့့် 
ရေစက်ချပေးပါ
ဒါဟာ့ 
နောက်ဆုံးတောင့်တချက်လေးပါ
အမျှဝေသံတွေ
နံရံတစ်ချပ်အကွယ်ကနေ
ငါတို့ 
သာဓုခေါ်ပါရစေ
တကယ်ကို
လွတ်လပ်ချင်လှပါပြီ ။ ။

No comments:

Post a Comment