
ယနေ့ ဂျပန်နိုင်ငံတိုကျိုမြို့ Ikebukuro အရပ်၌ အပြည်ပြည်ဆိုင်ရာ သံဃာရုံးခန်း ဂျပန်ဋ္ဌာနခွဲ(ISO)မှ တာဝန်ခံဆရာတော် အရှင်ဓမ္မဇောတိနှင့် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများမှ ကို ပြုလုပ်ခဲ့ကြပါတယ်။ အခမ်းအနားမှာ ဆရာတော်အရှင်ဓမ္မဇောတိမှ မေတ္တာတရားတော်များ ချီးမြှင့်ပြီး မြန်မာနိုင်ငံသားများအတွက် ဆုတောင်းမေတ္တာပို့သကာ.. အမျှပေးဝေခဲ့ကြပါတယ်။ အခမ်းအနားသို့ အင်္ဂလန်နိုင်ငံသား ဗုဒ္ဓဘာသာဝင် စာရေးဆရာနှင့် ဓာတ်ပုံပညာရှင် ဘလော့ဂါတစ်ဦးဖြစ်တဲ့ မြန်မာအရေးထောက်ခံအားပေးသူ မစ္စတာEL-Braden မှလည်းလာရောက်ပူးပေါင်း ဆုတောင်း မေတ္တာပို့သပေးခဲ့ပါတယ်။ မြန်မာနိုင်ငံသို့ အကြိမ်ကြိမ်သွားရောက်ခဲ့ပြီး ယခုအခါ ဗီဇာပိတ်ပင်ခြင်းခံထားရတဲ့ မစ္စတာEL-Braden မှမြန်မာပြည်တွင်းမှ သူရဲ့အတွေ့အကြုံများကို ရှင်းလင်းပြောပြခဲ့ပြီး အခမ်းအနားကို တို့မေတ္တာစွမ်းကမ္ဘာလွှမ်းငြိမ်းချမ်းကြပါစေ ရွတ်ဆိုပြီး ရုပ်သိမ်းလိုက်ပါတယ်။
မြန်မာ့အရေးထောက်ခံတဲ့ မစ္စတာEL-Braden ဘလော့တွေကတော့
မစ္စတာEL-Braden နဲ့ The Mystic Traveller ဘလော့တို့ဖြစ်ပါတယ်။

အစ်ကို ဒီမိုးဝေယံအားကျေှးဇူးတင်ပါသည်.........
No comments:
Post a Comment