ကျနော် စာအုပ်တစ်အုပ်ဖတ်ရင်း စဉ်းစားစရာတွေ အများကြီးပေါ်လာလို့ ကျနော်
တတ်နိုင်သလောက်တင်ပြချင်စိတ်လေးဖြစ်လာမိတယ် ။ အဲဒီ စာအုပ်ကတော့ မောရစ် ကောလစ် ရေးတဲ့
"Last and first of Burma" စာအုပ်ကို တက္က္ကသိုလ်နေ၀င်း ဘာသာပြန်ထားတာပါ ။
ကျနော်စဉ်းစားမိတာလေးမပြောခင်အဲဒီစာအုပ်ထဲကမောရစ်ကောလစ်ရဲ့ပြောပြတာလေးကိုအရင်ဖတ်ကြည့်ပါအုံး……………။
“ကျွန်ုပ်တို့(ဗြိတိသျှလူမျိုးများ)သည်မြန်မာနိုင်ငံအားသိမ်းပိုက်အုပ်စိုးခဲ့ခြင်းအားဖြင့်မြန်မာတိုကအားအကျိုးပြုခဲ့သည်ဟုပြောလေ့ရှိသည်။သို့သော်သီပေါမင်းအားဖမ်းဆီးနန်းချပြီးမန္တလေးမြို့တော်ကိုသိမ်းပိုက်စဉ်ကကျွန်ုပ်တို့ထိုသို့လုံးဝမပြောခဲ့ပါချေ။ထို့ပြင်ဗြိတိသျှအစိုးရအုပ်စိုးမှုကြောင့်မြန်မာနိုင်ငံအဖို့များစွာအကျိုးရှိခဲ့သည်ဟုလည်းကျွန်ုပ်တို့ပြောခဲ့ကြသေးသည်။ သို့ရာတွင်ယင်းအချက်ကိုပြန်လည်ချေပနိုင်ပေသည်။မြန်မာတို့အနေဖြင့်ကျွန်ုပ်တို
မန်မာနိုင်ငံကဲ့သို့နိုင်ငံများ၏နယ်စပ်များဆီသို့ရောက်ရှိလာပြီဖြစ်သောကြောင့်ပင်တည်း။ရာစုနှစ်များအတန်ကြာကပင်ဥရောပနိုင်ငံများသည်အာရှတိုက်ရှိနိုင်ငံများကို သိမ်းပိုက်အုပ်စိုးခဲ့ကြရာ ထိုအချိန်က
ယင်းအပြုအမူသည်ပင်လျှင် ကြီးကျယ်ထည်ဝါသော အောင်မြင်မှုဟု ယူဆခဲ့ကြသည် ။
၎င်းကိုသမိုင်းရေးရာအချက်အလက်တစ်ခုဟုမှတ်ယူရမည်သာဖြစ်သည်။ထိုနည်းတူစွာ၂၀ရာစုနှစ်ကျတော့ကျွန်ုပ်တို့၏အယူအဆပြောင်းလဲလာခဲ့ခြင်းကို သမိုင် တောင်းဆိုမှု အချက်တစ်ခုဟုလက်ခံရပေမည်။ အထူးသဖြင့် ၁၉၂၀ပြည့်လွန်နှစ်များမှစပြီးကျွန်ုပ်တို့၏ အတွေးအခေါ်အယူအတွေသိသိသာသပြောင်းလဲခဲ့ပေသည်။
အောင်ဆန်းပေါ်ပေါက်လာခဲ့ခြင်းသည်ကားခေတ်၏အမှတ်အသားလက္ခဏာတစ်ခုဖြစ်ပေသည်။ ကျွန်ုပ်တို့ (ဗြိတိသျှ)၏သဘောထားပြောင်းလဲစေခဲ့သောအချက်အလက်များ
ဗြိတိသျှတို့သည် မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးရန် အသင့်ဖြစ်လာချိန်တွင်
မည်သူက မည်သို့မည်ပုံ ပေးမည်ဟူသော ပြသနာရှိလာသည်။ မြန်မာ့လွတ်လပ်ရေးကို
ရယူပေးမည့်သူအဖြစ် မည်သူက သူရဲကောင်း လုပ်မည်နည်း။ ဘုရင်ခံဒေါ်မန်စမစ် သည်
ယင်းနေရာ ရလိုရငြား နှစ်ရှည်လများ ကြံစည်ကြိုးစားသည်။ မောင့်ဘက်တန်ကလည်း
စိတ်ဝင်စားခဲ့သည်။ ဗြိတိသျှ ၀န်ကြီးချုပ် အက်တလီနှင့် သူ၏ လေဘာ
အစိုးရအဖွဲ့ ကလည်းမြန်မာလွတ်လပ်ရေးပေးသူအြ
ဆင်ခြင်သုံးသက်မိသည်။
မြန်မာ့တို့ဘက်တွင်လည်းလွတ်လပ်ေ
သူရဲကောင်းတို့သည်အချိန်အခါအခြေအနေတိကျမှန်ကန်တော့မှပေါ်ထွက်လာစမြဲဖြစ်သည်။မြန်မာ့လွတ်လပ်ရေးကိုရယူဆောင်ကြဉ်းပေးမည့်အဓိကပုဂ္ဂိုလ်အဖြစ်သမိုင်း၏တောင်းဆိုချက်အရ ပေါ်ထွက်လာသူကား “အောင်ဆန်း”ပင်ဖြစ်သတည်း။
ဒါလေးကိုဖတ်ပြီးအခုကျနော်တို့နိုင်ငံမှာဖြစ်ပျက်နေတာလေးတွေနဲ့ယှဉ်ပြီးတွေးကြည့်မိတယ် ။2010 ဆိုတာ ဘာမှန်းမသိပေမယ်ဆာပေါ်ထွန်းတို့လို၊ဂဠုန်ဦးစောတို့လိုအခွင့်ကောင်းယူချင်တဲ့သူတွေ အများကြီးထွက်လာ တယ်ဆိုတာပါပဲ။ဒါပေမယ့်သူတို့ဟာ သမိုင်း ကတောင်းဆို ထားတဲ့ သူတွေမဟုတ်ဘူး ။ သမိုင်းရဲ့
လိုအပ်ချက်ကြောင့်ပေါ်လာတဲ့သူတွေလည်းမဟုတ်ဘူး။ကျနော့် အထင်တော့ အချောင် နှိုက်ချင်တဲ့ သူတွေ သာဖြစ်မယ်ထင်ပါတယ်။ကျနော်တို့ နိုင်ငံအတွက် တကယ့် သမိုင်းက တောင်းဆိုထားတဲ့ ၊ သမိုင်းရဲ့
လိုအပ်ချက်ကြောင့် ဒါမှမဟုတ် ဒီနေ့ ပြဿနာ အားလုံးကို ပြေလည်စေမယ့်
သူကတော့ ဒေါ်အောင်ဆန်းစုကြည့်မှ လွဲ ၍ မည်သူမှ ဖြစ်နိုင်မည် မဟုတ်ဘူးဆိုတာ
ရဲရဲကြီးပြောချင်ပါတယ်ဗျာ….။
Writtenbyခေတ်သစ်(7.3.2010 , 4:49pm)မှီငြမ်း။ ။ တက္ကသိုလ်နေ၀င်း ၏ အမှတ်တရဗိုလ်ချုပ်အောင်ဆန်း
No comments:
Post a Comment